နာတာရှည်ကျောက်ကပ်လူနာများအတွက် အစားအစာအရေးကြီးပုံ


အစားအစာထိန်းချုပ်ခြင်းသည် CKD လူနာများအတွက် အရေးကြီးသည်။ အစားအစာထိန်းချုပ်ခြင်းဖြင့် -

  • ကျောက်ကပ်ပျက်စီးခြင်းကို နှေးကွေးစေပါသည်။
  • ကျောက်ကပ်ဆေးရသည့်အဆင့် နောက်သို့ရွှေ့ဆိုင်းနိုင်ပါသည်။
  • အညစ်အကြေးများကို ရှင်းထုတ်နေရသော ကျောက်ကပ်၏ဝန်တာများကို သက်သာစေပါသည်။
  • ကျောက်ကပ်၏တာဝန်ကို လျော့ကျစေပါသည်။
  • အစားအစာမှရသော အညစ်အကြေးများ ခန္ဓာကိုယ်တွင် စုပုံလာခြင်းကို လျော့ပါးစေပါသည်။
  • အာဟာရချို့တဲ့ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
  • လူနာ၏ ကျန်းမာရေးနှင့်ဘဝတန်ဖိုး တိုးတက်လာနိုင်ပါသည်။

ကျောက်ကပ်ရောဂါအပေါ် သက်ရောက်မှုရှိသော အာဟာရဓါတ်များ

ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်ခြင်း သို့မဟုတ် သွေးအဖြေ ပုံမှန်မဟုတ်သော ကျောက်ကပ်လူနာများအား ရှောင်သင့်၊ ထိန်းသင့်သော အစားအစာများအကြောင်းကို အသိပေးသင့်ပါမည်။ အချို့အာဟာရဓါတ်များသည် လွန်ကဲစွာစားမိပါက ခန္ဓာကိုယ်ထဲတွင် စွန့်ပစ်ပစ္စည်းများစွာ ကျန်ခဲ့စေသဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါသည်။ ကျောက်ကပ်ရောဂါအား ပုံမှန်အားဖြင့် ဆိုးကျိုးဖြစ်စေနိုင်သော အစားအစာထဲတွင်ပါဝင်သည့် အရေးကြီးသော အာဟာရဓါတ်များမှာ-

  • ဆိုဒီယမ်ဆားဓါတ် - ကျွန်တော်တို့ ခန္ဓာကိ်ုယ်သည် သွေးပေါင်ချိန်ကိုထိန်းရန် ဆိုဒီယမ်ဆားဓါတ် အနည်းငယ်လိုပါသည်။ ကျောက်ကပ်လူနာများတွင် ပိုလျှံနေသော ဆိုဒီယမ်ဓါတ်ကို ကျောက်ကပ်မှ မစွန့်ထုတ်နိုင်သဖြင့် ခန္ဓာကိုယ်တွင် အရည်များပြားလာပြီး ဖောရောင်ခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွေးတိုး၊ အဆုတ်ရေဝင်ခြင်းတို့ဖြစ်ပြီး နှလုံးထိခိုက်လာနိုင်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ဆိုဒီယမ်ဓါတ်များစွာပါဝင်သော အစားအစာများ။ ဥပမာ - ဆားသိပ်ထားသောငါး၊ ဝက်ပေါင်ခြောက်၊ ကြက်/ဝက်အူချောင်း၊ ဆားရည်စိမ်ထားသော အစားအသောက်များ၊ ဆားပါသောမုန့်များနှင့်ဒိန်ခဲ။ ထို့အပြင် မငန်သော်လည်း ဆိုဒီယမ်ပါသော အစားအသောက်များကိုလည်း ရှောင်သင့်သည်။ ဥပမာ - ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ပါသောပေါင်မုန့်များ။

  • ပိုတက်ဆီယမ်ဓါတ်သည် ကြွက်သားများနှင့်အာရုံကြောများ ကောင်းစွာအလုပ်လုပ်နိုင်စေသော သတ္တုဓါတ်တမျိုး ဖြစ်ပါသည်။ ကျောက်ကပ်စွမ်းဆောင်ရည်လျော့လာပါက ပိုတက်ဆီယမ်ဓါတ်ကို ဆီးမှတဆင့် စွန့်ထုတ်နိုင်စွမ်းနည်းကာ ခန္ဓာကိုယ်ထဲတွင် ပိုတက်ဆီယမ်ဓါတ်များ စုပုံလာသည်။ ပိုတက်စီယမ်အလွန်များပါက ကြွက်သားများ အားနည်းလာခြင်း သို့မဟုတ် ကြွက်တက်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ကို ခံစားလာနိုင်ပါသည်။ အစောပိုင်းအဆင့် ကျောက်ကပ်ရောဂါ (eGFR >90 mL/min/1.73m2)၊ အလယ်အလတ်အဆင့် ကျောက်ကပ်ရောဂါ (eGFR 30-59 mL/min/1.73m2)၊ ကျောက်ကပ်မှ အညစ်အကြေး စွန့်နိုင်သေးသောအဆင့်နှင့် သွေးတွင်းပိုတက်စီယမ်ပမာဏ အလယ်အလတ်အဆင့် သို့မဟုတ် ၃.၅ - ၅.ဝ မီလီဂရမ်/ဒက်စီလီတာရှိသော လူနာများသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စားနိုင်ပါသည်။ သို့သော် သွေးတွင်းပိုတက်စီယမ်ပမာဏ ၅.ဝ မီလီဂရမ်/ဒက်စီလီတာနီးပါး သို့မဟုတ် ထိုထက်များသော ကျောက်ကပ်လူနာများသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို ထိန်းစားရန်လိုအပ်ပါသည်။ ထိုအုပ်စုတွင် ပါဝင်သောလူနာများအနေဖြင့် ပိုတက်စီယမ်ဓါတ်နည်းသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို တစ်နေ့ ၁-၂ ကြိမ်အထိ စားနိုင်ပါသည်။ ပိုတက်စီယမ်ဓါတ်နည်းသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များတွင် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဆလပ်ရွက်၊ ပဲပင်ပေါက်၊ စပျစ်သီးနှင့် နာနတ်သီးတို့ပါဝင်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ပိုတက်ဆီယမ်ဓါတ်များသော အစားအစာများ။ ဥပမာ - အခြောက်ခံထားသောအသီးများ၊ ဒူးရင်းသီး၊ မန်းကျည်းသီး၊ သခွားသီး၊ ရဲယိုသီးဖျော်ရည်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရှိသောအရွက်များ၊ မုန်လာဥဖြူ၊ ငှက်ပျောသီး၊ လိမ္မာသီး၊ သင်္ဘောသီးနှင့် ပိန္နဲသီး။

  • ဖော့စ်ဖောရပ်စ် - ကျောက်ကပ်စွမ်းရည်ကျလာပါက ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ကယ်လ်စီယမ်ကို မစုပ်ယူနိုင်တော့ပဲ ဖော့စ်ဖောရပ်စ်ကိုလည်း မစွန့်ထုတ်နိုင်တော့ပါ။ ထို့ကြောင့် ခန္ဓာကိုယ်သည် ကယ်လ်စီယမ် အနည်းငယ်ကိုသာရရှိပြီး သွေးထဲတွင် ဖော့စ်ဖောရပ်စ်များစွာ ကျန်နေခဲ့ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ဖွဲနု၊ ဒိန်ခဲ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ နို့ဆီ၊ ငါးဥ၊ ဥအနှစ်၊ ပုဇွန်၊ ဂဏန်း၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်ပါသောအစားအစာများ၊ အခွံမာသီးများ၊ အခြောက်ခံထားသောပဲများနှင့် အနက်ရောင်ရှိသော ကိုလာကဲ့သို့ဆိုဒါရည်များ။

  • ပရိုတင်း အသားဓါတ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓါတ်တစ်မျိုး ဖြစ်ပါသည်။ ကျောက်ကပ်လူနာများဖြစ်သည့်တိုင် ပရိုတင်းပါသောအစားအစာကို စားရပါမည်။ သို့သော် ပမာဏကန့်သတ် စားရပါမည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် အစားအစာမှရသော ပရိုတင်းကို ဖြိုခွဲကာစုပ်ယူပြီး ထွက်လာသော အညစ်အကြေးများကို ကျောက်ကပ်မှတဆင့် စွန့်ထုတ်ပါသည်။ ပရိုတင်းများစွာစားထားပါက ကျောက်ကပ်အလုပ်ပိုလုပ်ရသောကြောင့် ကျောက်ကပ်လူနာအနေဖြင့် အပင် သို့မဟုတ် တိရိစ ္ဆာန်မှရသော ပရိုတင်းကြွယ်ဝသည့်အစာများကို ထိန်း၍စားသင့်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - အသားများ၊ အဆီနှင့် ကိုလက်စထရောပါသော ပရိုတင်းများ။ ဥပမာ - ဥအနှစ်၊ ကလီစာ၊ အသည်းအမြစ်များ၊ ဝက်ခေါက်၊ ကြက်ဘဲအရေခွံ၊ အဆီများသောဝက်နှင့် အမဲသားများ၊ အဆီပါသောနံရိုးများ၊ ဝက်ကင်၊ ပီကင်းဘဲ၊ ဝက်ဗိုက်ခေါက်သား၊ ဝက်ခေါက်ကင်၊ ဘဲကင်၊ အနှစ်နှင့်ပေါင်းထားသောဘဲပေါင်း၊ ငါးဥ၊ ပုစွန်ဆီ။ ထို့အပြင် အမိုင်နိုအက်ဆစ် မပါဝင်သော အစားအစာများကိုလည်း ရှောင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်နိုင်ရန် ကျောက်ကပ်ကပို၍ အလုပ်လုပ်ရသောကြောင့် ဖြစ်ပါသည်။ ထိုအုပ်စုတွင် ဝက်သား၊ အမဲသားနှင့် ကြက်သားများ၊ ငါးမန်းတောင်၊ ဘဲ/ကြက်ခြေထောက်များ၊ အရေခွံများ၊ အရိုးနုများ၊ အခွံမာသီး၊ အခြောက်ခံထားသောပဲများနှင့် အခွံမာသီးများဖြင့်စီမံထားသော အစားအသောက်များ ပါဝင်ပါသည်။

အစားအသောက် အကြံပြုချက်များ

  • အစာစားတိုင်း အစုံပါအောင် စားရပါမည်။ ထမင်း၊ အသား၊ အသီးအရွက်များအစုံပါအောင် စားရပါမည်။
  • နာတာရှည်ကျောက်ကပ်လူနာများသည် သဘာဝမဟုတ်သော အချဉ်ရည်များ၊ ဆားများ၊ ပဲငံပြာရည်၊ ငါးငံပြာရည် တို့ကို ရှောင်ကြဉ်သင့်ပါသည်။ ၎င်းတို့အစား အနံ့အရသာကောင်းစေရန် ဟင်းခတ်အမွှေးအကြိုင်များကို သုံးပါ။

                                       Cd - bumrungrad


Post a Comment

Previous Post Next Post