မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနိုင်အရှည် (၁၃၈၅ ရေမိုင်) (နက်မြစ်ဝမှ ကော့သောင်းအထိ)

(က) ရခိုင်ကမ်းရိုးတန်း။ (နတ်မြစ်ဝမှ မော်တင်စွန်းအထိ)၄၄၃ မိုင်

( ခ ) (မုတ္တမ) ဧရာဝတီကမ်းရိုးတန်း (မော်တင်စွန်းမှ ရန်ကုန်အထိ) ၂၇၂ မိုင်

(ဂ ) တနင်္သာရီကမ်းရိုးတန်း။ (ရန်ကုန်မှ ကော့သောင်းအထိ)  ၆ရဝ မိုင်

မြန်မာနိုင်ငံ၏အစွန်ဆုံးမြို့များ

(က) အရှေ့ဘက်အစွန်ဆုံးမြို့ မိုင်းယောင်းမြို့ (ရှမ်းပြည်နယ်)

(ခ) အနောက်ဘက်အစွန်ဆုံးမြို့ မောင်တောမြို့ (ရခိုင်ပြည်နယ်)

(ဂ) တောင်ဘက်အစွန်ဆုံးမြို့ ကော့သောင်းမြို့ (တနင်္သာရီတိုင်းဒေသကြီး)

(ဃ) မြောက်ဘက်အစွန်ဆုံးမြို့  ပန်းနန်းဒင်မြို့ (ကချင်ပြည်နယ်)

၅။ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံတို့ နယ်နိမိတ်ထိစပ်လျက်ရှိသောမြစ်များ

(က) ဘွိုင်နုမြစ်အိန္ဒိယနိုင်ငံ   (ခ ) မဲခေါင်မြစ်    လောနိုင်ငံ   (ဂ) နတ်မြစ်ဘင်္ဂလားဒေ့ရှ် နိုင်ငံ                  (ဃ) ပါချန်မြစ်/သောင်းရင်းမြစ် ထိုင်းနိုင်ငံ  (c) သံလွင်မြစ်/ရွှေလီမြစ်    တရုတ်နိုင်ငံ

၆။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သွားသောလမ်းများ

(က) တာပိန်လမ်း (ခ) ရွှေလီလမ်း (ဂ) နမ်တင့်လမ်း  (ဃ) တရုတ်-မြန်မာလမ်းမကြီး

ရ။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားသောလမ်းများ

(က) တာချီလိတ်လမ်း (ဃ) ကော့ကရိတ်လမ်း။ ( ခ ) ဘုရားသုံးဆူလမ်း (င) မြဝတီလမ်း (စ) အများတောင်ကြားလမ်း (ဆ) မောတောင်ကြားလမ်း

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားသောလမ်းများ

(က) ဟူးကောင်းတောင်ကြားလမ်း ( ခ ) တမူးလမ်း  (ဂ) လီဒိုလမ်း  (ဃ) ပဏိပူရလမ်း

၉။ ဧရာဝတီမြစ်၏ မြစ်ကျဉ်းလေးသွယ်

(က) ပထမမြစ်ကျဉ်း ဆင်ဘိုဒေသ (ဆင်ဘိုရွာအနီး) (ခ ) ဒုတိယမြစ်ကျဉ်း ဗန်းမော်မြို့အထက် ရွှေကူဒေသအကြား (ဂ) တတိယမြစ်ကျဉ်း   သပိတ်ကျဉ်းဒေသ (ဃ) စတုတ္ထမြစ်ကျဉ်း ပြည်မြို့အထက်

၁၀။ မြန်မာနိုင်ငံရှိ ထင်ရှားသောကောင်များ

(က) ခါကာဘိုရာဇီတောင် ၁၉,၂၉၆ ပေ (ကချင်ပြည်နယ် ပန်နန်းဒင်မြို့) (ခ ) ဂမ်လန်ရာဇီတောင် ၁၉၁၄၂ ပေ (ကချင်ပြည်နယ်)  (ဂ ) စာရာမေတိတောင် ၁၂,၅၅၃ ပေ (စစ်ကိုင်းတိုင်းဒေသကြီး) (စာရာမေတိ (ခေါ်) နွိုင်မောက်တောင်သည် နားထောင်တန်းတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်)  (ဃ) ဝိတိုရိယတောင် ၁၁,၂၀၀ ပေ (ချင်းပြည်နယ်)  (ဝိတိုရိယ (ခေါ်) ခေါနုသုမ်(န်) တောင်သည် ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်)

၁၁ ။ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ၌ အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၅,၈၈၁ မီတာ၊ အမြင့်ပေ ၁၉,၂၉၆ ပေပေါ်တွင်တည်ရှိကာ ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ် ပန်နန်းဒင်မြို့နယ်ခွဲ (အနောက်ရိုးမမြောက်ဘက်စွန်း) တွင် တည်ရှိသည်။ ယင်းတောင်တန်းကြီးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တံတိုင်းကြီးသဖွယ် ကာဆီးထားပေသည်။

၁၂။ မြန်မာနိုင်ငံ၏ရေပိုင်နက်မှာ ပိုင်နက်ပင်လယ် ၁၂ မိုင်၊ ဆက်စပ်ဇုန် ၂၄ မိုင် သီးသန့်စီးပွားရေးဇုန် ရေမိုင် ၂၀၀ မိုင် တို့ဖြစ်သည်။

၁၃။ မြန်မာနိုင်ငံ၏မြေမျက်နှာသွင်ပြင်ကို အောက်ပါအတိုင်း အပိုင်းလေးပိုင်း ပိုင်းခြားထားပါသည်

(က) အရှေ့ဘက်ကုန်းမြင့်ဒေသ (ဂ) အလယ်ပိုင်းချိုင့်ဝှမ်းဒေသ (ခ) အနောက်ဘက်တောင်တန်းဒေသ (ဃ) ရခိုင်ကမ်းမြောင်ဒေသ

၁၄။ မြန်မာနိုင်ငံရှိ ရိုးမတောင်တန်းကြီးများ

(က) ရခိုင်ရိုးမတောင်တန်း (ခ) တနင်္သာရီရိုးမတောင်တန်း (ဂ) ပဲခူးရိုးမတောင်တန်း

၁၅။ မြန်မာနိုင်ငံ၏အမြင့်ဆုံးမြို့မှာ ဖလမ်းမြို့ (ချင်းပြည်နယ်) ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅.၂၈၃ ပေ အမြင့်၌ တည်ရှိသည်။ ဗန်ကာအိုတောင်တန်းကြီးပေါ်ရှိ ၎င်းမြို့ကို ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှတို့ စတင်စခန်းအသုံးပြုခဲ့ပြီး နောက်  ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖလမ်းမြို့အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ ဖလမ်းမြို့တွင် ရပ်ကွက် ၄ ခုနှင့် ကျေးရွာ ၁၆ဝ ရွာတည်ရှိကာ တောင်ပေါ်ထင်းရှူးပင်နှင့် ချယ်ရီပင်တို့ ပေါက်ရောက်သည်။

                                                ဆက်ရန် - ကိုလင်း (အလင်းသစ်)


Post a Comment

Previous Post Next Post