မြန်မာနိုင်ငံအကြောင်း သိမှတ်ဖွယ်ရာများ (အပိုင်း ၁)

မြန်မာနိုင်ငံသည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး။ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၀ ဒီဂရီ ၃၁ မိနစ်အထိ ကျယ်ဝန်းပါသည်။ (က) အိပ်နီးချင်းနိုင်ငံများ
(၁) မြောက်ဘက်နှင့် အရှေ့မြောက်ဘက် • တရုတ်နိုင်ငံ
(၂) အရှေ့ဘက်နှင့် အရှေ့တောင်ဘက် • လာအိုနှင့် ထိုင်းနိုင်ငံ
(၃)တောင်ဘက် • ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်
(၄) အနောက်ဘက် • ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ
(ခ) အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် မျဉ်းကို ““မြန်မာစံတော်ချိန်မျဉ်း”အဖြစ်သတ်မှတ်ထားပြီး မြန်မာ စံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ ၃၀ မိနစ်စောသည်။
(ဂ) ရန်ကုန်မြို့ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ်မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ် တို့တွင် ဖြတ်သန်းသွားသည်။
(ဃ) မြန်မာနိုင်ငံ၏အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် (၆ရရ,၀၀၀ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့နှင့် အနောက် ၅၀၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းကာ တောင်နှင့် မြောက် ၁,၂၈၅ မိုင် (၂,၀၅၁ ကီလိုမီတာ) ရှည်လျားပြီး မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှာ ၂,၈၃၂ ကီလိုမီတာခန့်ရှည်လျားသည်။
(င) မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅.၂၉၁ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် မိုင်ပေါင်း ၃၉၁၅ မိုင်ခန့် ဆက်စပ်လျက်ရှိရာ ကမ်းရိုးတန်းနယ်နိမိတ်ထိဆက်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်
(၁) မြန်မာ-တရုတ် ထိဆက်မိုင် • ၁၉ရဝ ပိုင် (၂,၂၀၄၃၃ ကီလိုမီတာ)
(၂) မြန်မာ-ထိုင်း ထိဆက်မိုင် • ၁,၃၁၁ မိုင် (၂.၁၂၀.၆၆ ကီလိုမီတာ)
(၃) မြန်မာ-အိန္ဒိယ ထိဆက်မိုင် • ၉၁၂ မိုင် (၁,၄၆၅၄ ကီလိုမီတာ)
(၄) မြန်မာ-ဘင်္ဂလားဒေ့ရှ် ထိဆက်မိုင် ၁၈၂.၆၈ မိုင် ( ၂၉၃.၉၃ ကီလိုမီတာ)
(၅) မြန်မာ-လာအို ထိဆက်မိုင် • ၁၄၅ မိုင် ( ၂၃၆.၅၂ ကီလိုမီတာ)
(၆) နတ်မြစ်ဝမှ ကော့သောင်းအထိ (ရေမိုင်) • ၁၃၈၅ မိုင် (၂.၂၂၈.၄၅ ကီလိုမီတာ)
(စ) မြန်မာနိုင်ငံသည် အီကွေတာရပ်ဝန်းနှင့် နွေးသမပိုင်းဆုံရာ ရာသီဥတုညီမျှသည့် အဝန်းအဝိုင်းတွင်တည်ရှိကာ မြန်မာနိုင်ငံ၏သုံးပုံနှစ်ပုံမှာ အပူပိုင်းဒေသဖြစ်ပြီး ကျန်တစ်ပုံမှာ သမပိုင်းဒေသအတွင်း ကျရောက်ပါသည်။ မြန်မာနိုင်ငံသည် အာရှမုတ်သုံဇုန်အတွင်း တည်ရှိနေသောကြောင့် မြစ်များသည် မုတ်သုံရာသီကို အမှီပြုနေ ပေသည်။ ကမ်းဦးရေတိမ်ပိုင်း၏ ရေပြင်အကျယ်အ၀န်းမှာ ၂၃၀,၀၀၀ စတုရန်းကီလိုမီတာခန့် ရှိပေသည်။
၂။ “လောင်ဂျီတွဒ်” ဆိုသည်မှာ ကမ္ဘာ၏တောင်နှင့် မြောက်ဆက်သွယ်ထားသောမျဉ်းဖြစ်ပြီး “လတ္တီတွဒ်”ဆိုသည်မှာ အရှေ့နှင့် အနောက် ဆက်သွယ်ထားသောမျဉ်းဖြစ်သည်။
                             ဆက်ရန် ကိုလင်း(အလင်းသစ်)

Post a Comment

Previous Post Next Post