IP
address အကြောင်းသိကောင်းစရာ
=====================
ကျွန်တော်
တို့ နေ့စဉ် အသုံးပြုနေကြ ဖြစ်သော desktop,
laptop, tablet, smartphone တို့ ဖြင့် အင်တာနက် ကို ဆက်သွယ်ရာတွင်
မရှိမဖြစ် လိုအပ် သည် မှာ IP address ပဲ ဖြစ်ပါတယ်၊ IP
address သည် ကျွန်တော် တို့ အိမ်လိပ်စာ နှင့် အလားတူပါတယ်၊ စာတစောင်
ကို ပေးပို့ရာ တွင် နောက်ဆုံး ဆိုက်ရောက် မည့် နေရာ မှာ အိမ် လိပ်စာ ပင်ဖြစ်ပါတယ်၊
ထို့ အတူ device တခု မှ တခု သို့ အင်တာနက် ကို အသုံးပြုပြီး၊
packet များ ပေးပို့ရာ တွင် နောက်ဆုံး ဆိုက်ရောက် ရာ မှာ၊ desitination
IP address သို့ပင် ဖြစ်ပေသည်။
IP
address တွင် IPV4 နှင့် IPV6 ဟူ၍ နှစ်မျိုး ရှိပါတယ်၊ အဓိက ကွာခြားချက်က တော့ သူတို့ က ပေးနိုင်သော IP
address အရေအတွက် ပဲ ဖြစ်ပါတယ်၊ IPV4 ကတော့ 32
bit IP address ကို အသုံးပြုပါတယ်၊ ဒါကြောင့် သူက အများဆုံး ရရှိ
နိုင်သည့် IP address အရေ အတွက် သည် 232—or
4,294,967,296.ပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် လည်း အမှန်တကယ် ရရှိ နိုင်သော
IP address အရေအတွက် သည် သီအိုရီ အရ ရရှိနိုင်သော အရေ
အတွက်ထက် နည်းပါတယ်၊ IPV6 က တော့ 128 bits IP address
ကို အသုံးပြုပါတယ်၊ ဒါကြောင့် (2128) or
340,282,366,920,938,463,463,374,607,431,768,211,456 IP address ဖြစ်ပါတယ်၊
IPV6 ၏ အမှန်တကယ် ရရှိ နိုင်သော IP address အရေအတွက် သည် သီအိုရီ အရ ရရှိနိုင်သော အရေ အတွက်ထက် နည်းပါတယ်။
IP
address တွင် Public နဲ့ Private IP
address ဆိုပြီး နှစ်မျိုး နှစ်စား ရှိပါတယ်၊ Public IP
address ကတော့ အင်တာနက် (internet) ဆက်သွယ်
ရာတွင် အသုံးပြု နိုင်ပါတယ်၊ Private IP address ကတော့
အင်ထရာနက် (intranet) မှာ အသုံးပြုနိုင်ပါတယ်၊ အောက်တွင်
ဖေါ်ပြထားသော IP address range များကတော့၊ အသုံးပြုနိုင်တဲ့ Private
IP address range များ ပဲဖြစ်ပါတယ်။
192.168.0.0
- 192.168.255.255 (65,536 IP addresses)
172.16.0.0 - 172.31.255.255 (1,048,576 IP addresses)
10.0.0.0 - 10.255.255.255 (16,777,216 IP addresses)
သို့သော်လည်း၊ device တခု သည် အင်တာနက်
ဆက်သွယ်ရာ တွင်၊ IP address တခု တည်းဖြင့် အလုပ်မလုပ်
နိုင်ပေ၊ device တခု အင်တာနက် ဆက်သွယ် ဖို့ရာ အတွက် အောက်ပါ
တို့ လိုအပ်ပါတယ်။
(၁) IP address
(၂) Gateway address
(၃) Subnet Mask
(၄) DNS address
တို့ ပဲ ဖြစ်ကြပါတယ်။
Gateway
address
ဆိုတာ က တော့ သက်ဆိုင်ရာ အသုံးပြုနေ တဲ့ TCP/IP network တွင်၊ ရှိသော server, workstation နှင့် TCP/IP
device များ အတွက်၊ မည်သည့် IP address ကို Gateway
address အဖြစ် အသုံးပြုမယ်ဆိုတာ မျိုးဖြစ်ပါတယ်၊ အဆိုပါ IP
address မှ တဆင့် TCP/IP packets များ ထွက်ခွါ
ရမှာ ဖြစ်ပါတယ်၊ အသုံးပြုနေတဲ့ network (local network) အတွင်းတွင်၊
device အချင်းချင်း ဆက်သွယ် သည့် အခါ၊ Gateway IP
address မလိုအပ်ပဲ၊ တခြား Network တခုခု (remote
network) ကို ဆက်သွယ် လိုမှ သာ၊ ၎င်း Gateway IP address ကို အသုံးပြု ကာ routing ပြုလုပ်ရမည် ဖြစ်ပါတယ်။
Subnet
Mask
Subnet Mask ကို မရှင်းပြခင်၊ TCP/IP network နဲ့
IP address အကြောင်း ကို အနည်းငယ် ရှင်းဖို့ လိုအပ်ပါတယ်။
IP
address တွင် အပိုင်းနှစ်ပိုင်း ရှိပါတယ်၊ တပိုင်း က network
address ဖြစ်ပြီး၊ နောက် တပိုင်း က တော့ host address ပဲ ဖြစ်ပါတယ်၊ ဥပမာ။ ။192.168.123.132 တွင် 192.168.123.
သည် network အပိုင်း ဖြစ်ပြီး၊ .132 သည် host အပိုင်း ဖြစ်ပါတယ်၊
192.168.123. Network
.132 Host
(OR)
192.168.123.0 - network address.
0.0.0.132 - host address.
TCP/IP
protocol သည် packet ပေးပို့ ရမည့် host
အား local network တွင် ရှိသလား၊ remote
network တွင် ရှိ သလား ရှာဖွေသော အခါ subnet mask ကို အသုံးပြုပါတယ်၊ ဥပမာ။ ။ 192.168.123.132 IP address routing ပြုလုပ်ရာ တွင် local network လား၊ remote
network လား ခွဲ ဖို့ ရန် အတွက် လိုအပ်လာ ပြီး၊ ၎င်း ကို subnet
mask နှင့် တွက်ချက်ပါတယ်၊ 255.255.255.0 ဟူသော
subnet mask သည်၊ binary form အရ ဆို
လျှင်
11111111.11111111.11111111.0000000
ဖြစ်ပေသည်၊
၎င်းကို IP address
192.168.123.132 နှင့် binary form အသုံးပြုကာ
တွက်ချက်၍၊ network part နှင့် host part ကို အောက်ပါ အတိုင်း ခွဲ ထုတ် နိုင်ပေသည်။
11000000.10101000.01111011.10000100
-- IP address (192.168.123.132)
11111111.11111111.11111111.00000000 -- Subnet mask (255.255.255.0)
||
11000000.10101000.01111011.00000000 -- Network address (192.168.123.0)
00000000.00000000.00000000.10000100 -- Host address (000.000.000.132)
ထို့ကြောင့်
subnet mask
255.255.255.0 ကို အသုံးပြုသော အခါ network ID သည် 192.168.123.0 ဖြစ်ပြီး၊ host address သည် 0.0.0.132 ဖြစ်သည်၊ အကယ်၍ TCP/IP packet သည် (local subnet or remote network) တခု မှ 192.168.123.0
subnet သို့ ဆိုက်ရောက်လာပြီး၊ သူ၏ destination IP address သည် 192.168.123.132 ဖြစ်ပါက၊ သင်၏ ကွန်ပြူတာ သည်
၎င်း TCP/IP address ကို လက်ခံ ရရှိ မည်ဖြစ်သည်။
DNS
Server address
DNS သည် Domain Name System လို့ အဓိပ္ပါယ်
ရပြီး၊ TCP/IP network များတွင် သုံးပါသည်၊ အကယ်၍ သင်သည် www.facebook.com ကို “nslookup”
command ဖြင့် ရှာ ပါက၊ သူ၏ IP address ဖြစ်သော
“31.13.79.220”
ကို ရရှိ မည် ဖြစ်သည်၊ နေ့စဉ် အသုံးပြုနေသော အင်တာနက် ဆိုင်ရာ ကိစ္စ
များ တွင်၊ ဘာကြောင့် IP address ကို တိုက်ရိုက် မသုံးပဲ၊ domain
name ကို အသုံးပြု သလဲဟု မေးစရာ အကြောင်းရှိပါသည်၊ အင်တာနက် တွင်
ရှိသော server ပေါင်း များစွာ က ပေးသော service ပေါင်း များ စွာ ကို IP address ဖြင့် သာ access
လုပ်ပါက၊ မှတ်မိ ရန် လွယ်ကူမည် မဟုတ်ပေ၊ ထို့ကြောင့် မှတ်မိရန်
လွယ်ကူသော domain name ကို အသုံးပြုရခြင်းဖြစ်ပေသည်။
အောက်ဖေါ်ပြပါတို့
သည် top-level domain
name တချို့ နှင့် သူတို့ နှင့် သက်ဆိုင်သော အဓိပ္ပါယ်
အရှည်ကောက်ဖြစ်ပါသည်။
.com -
Commercial businesses
.org - Organizations (generally charitable)
.net - Network organizations
.gov - U.S. government agencies
.mil - Military
.edu - Educational facilities like universities
.th - Thailand
.ca - Canada
.au - Australia
မြန်မာ
နိုင်ငံ ၏ top-level
domain name သည် .mm - Myanmar ဖြစ်သည်။
အကယ်၍
သင်သည် www.facebook.com ကို web browser ဖြင့် access
လုပ်ပါက၊ TCP/IP configuration တွင် ထည့်သွင်း
ထားသော name server (သို့) ၎င်း name server ကတဆင့် ဆက်သွယ် သော name server သည် www.facebook.com ၏ IP address ဖြစ်သော “31.13.79.220”
ကို ပြန်ဆို ပြီး၊ အဆိုပါ web server နှင့်
ဆက်သွယ် ခြင်းကို စတင်မည်ဖြစ်သည်၊ တခု ရှင်းလင်းစွာ နားလည်သင့် သည်မှာ network
တွင် ရှိသော device တိုင်း တွင် IP
address သာ မက media access control address (MAC address) ဟုခေါ်သော physical address တခု ရှိနေပေသေးသည်၊ network
device တိုင်း အတွက် MAC address တခုသာ
ရှိမည်ဖြစ်ပေသည်၊ ထို့ကြောင့် client computer တလုံးမှ web
access အတွက် web server တလုံး နှင့်
ဆက်သွယ်ရာ၌ TCP/IP package များ ကို နောက်ဆုံး ပေးဝေ ရမည့်
နေရာ မှာ IP address နှင့် associate ဖြစ်နေသော
MAC address ရှိသည့်၊ network device ပင်ဖြစ်ပေသည်။
Free DNS
server ဆိုသည်မှာ ၎င်း၏DNS service ကို
အဖိုးအခပေးရန် မလိုဘဲ၊ free ရရှိနိုင်ခြင်း ဖြစ်ပေသည်၊
ပုံမှန်အားဖြင့် DNS server ၏ IP address ကို သင်၏internet service provider မှ
ပေးခြင်းဖြစ်ပေသည်၊ သို့သော် သင့်၏ ISP က ပေးထားသော DNS
server သည် အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုရန် ခက်ခဲ ပါက Free
DNS server ၏ IP address ကို
အသုံးပြုနိုင်ပါသည်။
Google က ပေးထားသော Free DNS ၏ IP address နှစ်ခု မှာ “8.8.8.8”
နှင့် “4.4.4.4”
တို့ ဖြစ်ပါသည်၊ Free DNS server ကို
အသုံးပြုခြင်းကြောင့် သင်၏ internet speed ပိုမြန်ဆန်ခြင်း၊ ISP
၏ DNS server ဒေါင်း နေပါကလည်း internet
ကို ဆက်လက် အသုံးပြုနိုင်ခြင်း စသော အကျိုးကျေးဇူး များရရှိ
နိုင်ပါသည်။
Post a Comment