Video Conferencing and Data Consumption
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Video conferencing တွေလုပ်လာကြတော့ စိတ်ပူတာက အချိန်ဘယ်လောက်ကြာရင် data ဘယ်လောက်ကုန်မလဲဆိုတာကိုပါ။ အဲဒီအတွက် Video data size ဘယ်လိုတွက်သလဲ ဆိုတာလေး ဝေမျှပေးလိုက်ပါတယ်။

(၁) Resolution
Video တစ်ခုရဲ့ Data size ကို တွက်ချက်တဲ့အခါမှာ ပထမဆုံးသိသင့်တာက Video ရဲ့ Resolution ဖြစ်ပါတယ်။ Video ရဲ့ Resolution ကို 360p, 480p, 720p စသည်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ 360p လို့ပြောရင် ကျွန်တော်တို့မြင်နေရတဲ့ Video Screen ကြီးမှာ horizontal lines ပေါင်း 360 နဲ့ ဖွဲ့စည်းထားတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ 720p ဆိုရင် 720 horizontal lines လို့ဆိုလိုတာဖြစ်ပါတယ်။ Horizontal line တစ်ခုမှာ အသေးငယ်ဆုံးသော PICture ELement (pixel) ဘယ်လောက်ပါလဲဆိုတာကတော့ အလျားနဲ့အနံရဲ့ aspect ratio နဲ့ဆက်စပ်နေပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ Video ဟာ 360p လို့ဖော်ပြထားရင် သူ့ရဲ့ Resolution သည် 480 x 360 with 4:3 aspect ratio ဖြစ်ပါတယ်။ 480 ကတော့ 360 နဲ့ aspect ratio 4:3 ကနေ တွက်ချက်ရရှိလာတာ ဖြစ်ပါတယ်။ တစ်နည်အားဖြင့် horizontal line တစ်ခုမှာ 480 pixels ပါတာဖြစ်ပါတယ်။ အသုံးများတဲ့ Resolution များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
360p => 480 x 360 (aka SD)
480p => 858 x 480 (aka HQ)
720p => 1280 x 720 (aka HD)
1080p => 1920 x 1080 (aka fullHD)
2160p => 3860 x 2160 (Ultra-HD aka 4K) တို့ပဲဖြစ်ပါတယ်။ Google Meet မှာတော့ Video Resolution အတွက် 360p Standard Definition (SD) သို့မဟုတ် 720p High Definition (HD) ရွေးလို့ရပါတယ်။ YouTube မှာဆိုရင်တော့ Resolution (၅) မျိုးအထိ ရွေးလို့ရပါတယ်။ တစ်ခုသတိထားရမှာကတော့ Resolution များလေလေ၊ အရည်အသွေးပိုကောင်းပြီး Data consumption များလေလေပဲဖြစ်ပါတယ်။ တစ်ခါတရံမှာ မိမိရဲ့လက်ရှိသုံးနေတဲ့ Internet Bandwidth မကောင်းဘဲနဲ့ Resolution မြင့်တာရွေးခဲ့ရင် Video ထစ်နေတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဒါကတော့ ခွင့်ပြုနိုင်တဲ့ Bandwidth ပမာဏထက် တောင်းဆိုတဲ့ Bit rate ကပိုများနေလို့ပဲဖြစ်ပါတယ်။

(၂) How to calculate the size?
Video ရဲ့ Data size ကို Resolution ကနေ တွက်ဖို့ဆိုရင် pixel တစ်ခုချင်းစီရဲ့ တည်ဆောက်ပုံကိုသိဖို့လိုပါတယ်။ pixel ဆိုတာကတော့ ပုံရိပ်တစ်ခုဖွဲ့စည်းရာမှာပါဝင်တဲ့ အသေးငယ်ဆုံးသော ဆေးစက်လေးတစ်စက်ပဲဖြစ်ပါတယ်။ Pixel ရဲ့အရောင်ကိုတော့ Red, Green, Blue ဆိုတဲ့ အရောင် (၃)ရောင်ကို ရောစပ်ရာကနေရပါတယ်။ Red, Green and Blue တစ်ခုချင်းစီမှာ အမျိုးကွဲပေါင်း (၂၅၆) ခုစီရှိပါတယ်။ Red အတွက် ‘0’ သည် ‘No Red’ ဖြစ်ပြီး ‘255’ သည် ‘Totally Red’ ဖြစ်ပါတယ်။ ဒါကို သင်္ချာသဘောအရ Binary number နဲ့ဖော်ပြလျင် Red တန်ဖိုးသည် ‘00000000’ မှ ‘11111111’ အထိ ရှိတယ်လို့ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် Red ရဲ့ပါဝင်မှုအနည်းအများကို ‘8 bits’ နဲ့ဖော်ပြနိုင်တာဖြစ်ပါတယ်။ ကျန်သော Green and Blue ကလဲ ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ အဲဒီအတွက် pixel တစ်ခုမှာ ’24 bits’ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီ ’24 bits’ ကို ‘bit depth’ လို့ခေါ်ဆိုတာဖြစ်ပါတယ်။ Red တန်ဖိုးသည် ‘11111111’, Green တန်ဖိုးသည် ‘00000000’ နှင့် Blue တန်ဖိုးသည် ‘00000000’ ပါဝင်လျင် Red လို့ပြောနိုင်ပါတယ်။ ထို့နည်းတူစွာ Red and Blue တန်ဖိုးသည် ‘00000000’ ဖြစ်ပြီး၊ Green တန်ဖိုးသည် ‘11111111’ ဖြစ်လျင် Green color ဖြစ်ပါတယ်။ Red, Green and Blue တန်ဖိုးများအားလုံး ‘00000000’ ဖြစ်နေလျင် ‘Black color’ ဖြစ်ပြီး, Red, Green and Blue တန်ဖိုးများအားလုံး ‘11111111’ ဖြစ်နေလျင် ‘White color’ ဖြစ်ပါတယ်။ ဒါဆိုရင် 360p resolution ရှိတဲ့ ပုံရိပ်တစ်ခုရဲ့ size (Frame Size) ကိုသိချင်လျင်
Frame size = Resolution x bit depth = 480 x 360 x 24 bits ပဲဖြစ်ပါတယ်။

(၃) Frame rate
သို့သော် Video သည် ပုံရိပ်အလှုပ်များဖြစ်တဲ့အတွက် သူ့အတွက်နောက်ထပ် စဉ်းစားရမယ့်အရာတစ်ခုကတော့ ‘frame rate’ ပဲဖြစ်ပါတယ်။ ‘frame rate’ ဆိုတာ ပုံရိပ်ကို လှုပ်နေသလိုပေါ်အောင် ၁ စက္ကန့်ကို ပုံရိပ်ပေါင်းဘယ်လောက် ပို့လွှတ်ရမလဲဆိုတာပဲဖြစ်ပါတယ်။ frame rate ကို frames per second နဲ့ဖော်ပြလေ့ရှိပြီး သာမန်အားဖြင့် 30 frames per second ရှိပါတယ်။ ဒါဆိုရင် 360p resolution with 24 bit depth ရှိတဲ့ Video တစ်ခုရဲ့ ၁ စက္ကန့်စာ Data size (aka Bit rate) ကိုတွက်မယ်ဆိုရင်
480 x 360 x 24 bits x 30 fps ပဲဖြစ်ပါတယ်။ ဒါကို Byte နဲ့ဖော်ပြချင်လျင်တော့ 1 byte = 8 bits ဖြစ်တဲ့အတွက် 8 နဲ့ စားပေးရပါမယ်။ တစ်နည်းအားဖြင့်
(480 x 360 x 3 x 30) Bytes in size for 1 second ပဲဖြစ်ပါတယ်။

(၄) Compression
ဒီလောက်အရွယ်အစားပမာဏကြီးတာကို တစ်နေရာကနေတစ်နေရာပို့လွှတ်ရာမှာရော သိမ်းဆည်းရာမှာပါ အခက်အခဲရှိနိုင်တဲ့အတွက် Video Compression Standards များသုံးပြီး Video ကို compress လုပ်ပါတယ်။ အသုံးများတဲ့ Video compression standards များကတော့ MJPEG, MPEG4 and H.264 တို့ပဲဖြစ်ပါတယ်။ အသုံးပြုတဲ့ Compression standard ပေါ်မူတည်ပြီး လျော့ကျသွားနိုင်တဲ့ compression rate သည် 20 to 200 အထိ ရှိနိုင်ပါတယ်။ Compression method များကိုစဉ်းစားရာမှာ လျော့ကျသွားမယ့် compression factor တစ်ခုတည်းသာမကပဲ
(a) CPU utilization,
(b) clear images at low frame rates,
(c) sensitivity to motion complexity,
(d) efficiency,
(e) good for video streaming and broadcasting,
(f) compatibility with a variety of digital and mobile devices စတာတွေလဲ ထည့်သွင်းစဉ်းစားရပါတယ်။ Video Resolution ပေါ်မူတည်ပြီး ကုန်ကျနိုင်တဲ့ ပျမ်းမျှ Data size ကို ပုံမှာဖော်ပြပေးထားပါတယ်။

Cd -- စိုးလင်းအောင်
ကွန်ပျူတာတက္ကသိုလ်(မကွေး)

 


Post a Comment

Previous Post Next Post