ဘာ့ကြောင့်သံလိုက်ဖြစ်ပေါ်လာရတာလဲ
သံလိုက်ကိုတော့
လူတိုင်းနီးပါးမြင်ဖူးကြမှာပါ။ သူ့ရဲ့ထူးခြားတဲ့ဂုဏ်သတ္တိကိုလည်း
အားလုံးသိကြပါလိမ့်မယ်။ ကျွန်တော်တို့ကလေးတုန်းကဆိုရင် ပျက်စီးနေတဲ့
စပီကာထဲကသံလိုက်တုံးကိုယူပြီးတော့ ကြိုးကလေးတစ်ချောင်းနဲ့
ချည်ပြီးမြေကြီးပေါ်မှာဆွဲသွားလိုက်ရင် သံမှုန့်၊ သံစလေးတွေကကပ်ပါလာတယ်။
အဲဒါလေးကိုကြည့်ရင်း တအံ့တသြဖြစ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီသံလိုက်တွေက ဘာ့ကြောင့်
သံမှုန့်၊သံစလေးတွေကိုဆွဲငင်နေရတာလဲ..?
ပြီးတော့ သံလိုက်ပစ္စည်းတွေက အခြားပစ္စည်းတွေနဲ့မတူဘဲ
ဘာ့ကြောင့်ထူးခြားနေရတာလဲ…? စတဲ့မေးခွန်းတွေကိုတော့
မတွေးဖြစ်ခဲ့ဘူး။ ဒါဆို အခုကောတွေးလို့လား။ မေးရင်… ဟုတ်ကဲ့….ကျွန်တော်ပေါက်ကရတွေကောက်တွေးပါတယ်။ မသိဘူးဗျာ….အသက်ငယ်သေးလို့လားတော့မသိဘူး။
ပေါက်ပေါက်ချာချာ တော်တော်တွေးတယ်။ အဲလိုပေါက်ပေါက်ချာချာ
တွေးရင်းကနေရရှိလာတဲ့ Solutionတွေကိုမှ ပညာဒါနအနေနဲ့
ကျွန်တော် Share ပေးတာပါ။ ဖတ်ရှုသူတွေအသိနည်းနည်းတိုးသွားရင်ဖြင့်
ကျွန်တော်ပီတိဖြစ်ရပါတယ်။
ဟုတ်ကဲ့.
.. ကျွန်တော်တို့သံလိုက်အကြောင်းကို လေ့လာတော့မယ်ဆိုရင်
အက်တမ်ဖွဲ့စည်းပုံကိုပထမသိထားရပါလိမ့်မယ်။ ဒါဆို
အက်တမ်ဖွဲ့စည်းပုံဆိုတာဘယ်လိုဟာမျိုးလဲ ကျွန်တော်တို့ဆက်ပြီးကြည့်ကြမယ်။ တကယ်တော့
ကျနော်တို့ရဲ့ Universe
ထဲမှာရှိတဲ့ အရာရာတိုင်းကို အက်တမ် (atom) လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။
အက်တမ်ဆိုတာ မြန်မာလိုအနက်ကောက်ရင် အလွန်သေးငယ်တဲ့အမှုန်လို့ အဓိပ္ပါယ်ရပါတယ်။
ဥပမာ….သံတုံးတစ်ခုဆိုပါစို့။ အဲဒီသံတုံးကိုလည်း
အလွန်သေးငယ်တဲ့သံအက်တမ်လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် အက်တမ်ဆိုတာလည်း
အသေးငယ်ဆုံးသောအမှုန်မဟုတ်သေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကိုလည်း Subatomic
Particle လို့ခေါ်တဲ့ အက်တမ်အောက်ငယ်တဲ့အမှုန်လေးတွေနဲ့
ဖွဲ့စည်းထားပါတယ်။ အခြေခံအဆင့်အနေနဲ့
သိထားရမယ့် Subatomic particle တွေကတော့
ပရိုတွန် (proton) ၊နယူထရွန် (neutron) ၊အီလက်ထရွန် (electron)တို့ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အက်တမ်ဖွဲ့စည်းပုံကိုကြည့်လိုက်ရင် အက်တမ်ရဲ့အလယ်မှာ နယူးကလိယ (nucleus)
ရှိပါတယ်။ အဲဒီ နယူးကလိယထဲမှာမှ ပရိုတွန်နဲ့နယူထရွန်တို့ရှိပါတယ်။
ဒါ့ကြောင့် [Nucleus=proton+neutron] ဆိုပြီးမှတ်ထားရပါမယ်။
ဒါပေမယ့် နယူးကလိယ (nucleus) တစ်ခုလုံးကတော့ Positive
Charge (အဖိုလျှပ်စစ်ဓာတ်) ဆောင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
ပရိုတွန်ကြောင့်ပါ။ ပရိုတွန်ဟာ အဖိုလျှပ်စစ်ဓာတ်ရှိပါတယ်။ ဒါဆို နယူထရွန်ကကော?
နယူထရွန်က no charge ပါ။
အဲဒီပရိုတွန်တွေကြောင့် positive charge ရှိတဲ့ nucleus
ကိုမှ negative charge (အမလျှပ်စစ်ဓာတ်)
ရှိတဲ့ အီလက်ထရွန်တွေက အီလစ်ပုံပတ်လမ်းအသီးသီးလှည့်ပတ်နေကြပါတယ်။ ဒါဟာ
အက်တမ်ဖွဲ့စည်းပုံပါပဲ။
ကဲ
… ဆိုတော့
သံလိုက်အကြောင်းစပြောပါတော့မယ်။ တကယ်တော့ charge (လျှပ်စစ်ဓာတ်)
ရှိတဲ့ အမှုန်တစ်ခုရွေ့လျားနေပြီဆိုရင် သံလိုက်စက်ကွင်းကိုဖြစ်ပေါ်စေပါတယ်။
သံလိုက်စက်ကွင်းဖြစ်ပေါ်ရင် အဲဒါ သံလိုက်ဓာတ်ရှိပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဆိုတော့
အရာဝတ္ထုတိုင်းမှာ အီလက်ထရွန်တွေရှိပါတယ်။ ပြီးတော့ အီလက်ထရွန်တွေက charge ရှိပြီး နယူကလိယကိုလှည့်ပတ်ရွေ့လျားနေတဲ့အတွက် အရာဝတ္ထုတိုင်းမှာ
သံလိုက်ဓာတ်ရှိရပါလိမ့်မယ်။ ဒါဆို လက်တွေ့မှာ အရာဝတ္ထုတိုင်းက
သံလိုက်ဓာတ်ရှိမနေဘူးလေ။ Why…? ကျွန်တော်တို့သိသင့်တာပေါ့ဗျာ။
Spin(အမွှတ်)ရှိတဲ့ အီလက်ထရွန်(electron)
စကားလုံအသစ်တစ်ခုတိုးလာပြန်ပြီ။
ဘာလဲဗျ…spin ဆိုတာ…ဒီလိုပါ…spin ဆိုတာလည်း
လည်ပတ်ခြင်းတစ်မျိုးပါပဲ။ ဒါပေမယ့် မိမိရဲ့ဝင်ရိုးပေါ်မှာသာ လည်ပတ်နေတဲ့ motion
မျိုးပါ။ မြင်သာအောင် ဥပမာ ပေးရရင် ကမ္ဘာကြီးရဲ့ motion လိုမျိုးပေါ့။ နေမင်းကြီးကို ကိုယ်ပိုင်ပတ်လမ်းနဲ့လှည့်ပတ်နေရုံမက
မိမိရဲ့ဝင်ရိုးပေါ်မှာလည်း 24 နာရီမှာတစ်ပတ်နှုန်းနဲ့လှည့်ပတ်နေတဲ့
လည်ပတ်မှုမျိုးပါ။ အဲဒါကို spin လို့ခေါ်တယ်။ ကမ္ဘာကြီးလိုပဲ
electron လေးတွေမှာလည်း spin ရှိပါတယ်။
သူက မိမိဝင်ရိုးပေါ်မှာ လည်ပတ်ရင်းနဲ့ တချိန်တည်းမှာပဲ nucleus ကိုလည်း အီလစ်ပုံလမ်းကြောင်းအတိုင်းလှည့်ပတ်နေပါတယ်။ အဲဒီ electron
လေးတွေရဲ့ spin တွေကြောင့်ပဲ
သံလိုက်ဂုဏ်သတ္တိတွေဖြစ်ပေါ်လာရပါတယ်။ electron လေးတွေရဲ့ spin
ဟာပြိုင်နေရင် သံလိုက်ဓာတ်ဟာ ထင်ထင်ရှားရှားကိုဖြစ်ပေါ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ spin ဆိုတာလည်း motion တစ်မျိုးဖြစ်တဲ့အတွက် ဗက်တာ (vector) လေးနဲ့ပုံဖော်ကြည့်လို့ရတယ်။
Vector သဘောအရ ရွေ့လျားမှုရဲ့ဦးတည်ဘက် (direction) ဟာ parallel ဖြစ်နေရင် ပမာဏဟာတိုးတိုးလာပါတယ်။ directionကသာ parallel မဖြစ်ရင်တော့ ပမာဏဟာလည်း
လျော့နည်းသွားပါတယ်။ ဒါဆိုအဖြေရှင်းပါပြီ…electron လေးတွေရဲ့
spin ဟာ parallel ဖြစ်နေရင် အဲဒီ electron
လေးတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သံလိုက်ဓာတ် (magnet property)
လည်း ပမာဏများလာတဲ့အတွက် အားပြင်းလာပါတယ်။ ဒါဆို spin ရဲ့ direction က parallel မဖြစ်ဘူးဆိုရင်
ပမာဏနည်းသွားတဲ့အတွက် သံလိုက်ဂုဏ်သတ္တိဟာလည်းအားပျော့သွားတာပေါ့ဗျာ။ ပြီးတော့
ဒီနေရာမှာ ပမာဏဆိုတာ electron လေးတွေရဲ့ charge ပြောတာပါ။ သဘောကတော့ charge နည်းရင်
သံလိုက်ဂုဏ်သတ္တိနည်းမယ်။ charge များရင်တော့သံလိုက်ဂုဏ်သတ္တိများမယ်ပေါ့။
ဒါဆို နီကယ် (nickel) လိုသတ္တုမျိုးက ဘာ့ကြောင့်
သံလိုက်ဓာတ်အားပြင်းနေရသလဲဆိုတဲ့ အကြောင်းအရင်းရဲ့ အဖြေကိုစဉ်းစားကြည့်လို့ရပြီ။
ပြီးတော့ ဝိုင်ယာကွိုင်ထဲမှာ သံချောင်းကိုထည့်ပြီး Power supply တစ်ခုနဲ့ဆက်လိုက်ရင် အဲဒီ သံချောင်းဟာ
ဘာ့ကြောင့်ယာယီသံလိုက်ချောင်းဖြစ်သွားတယ်ရတယ်ဆိုတဲ့ မေးခွန်းရဲ့အဖြေကိုလည်း
သိပြီပေါ့ (ကိုယ်တိုင်သာတွေးကြည့်ပါတော့😁😁)။
ဒါဟာ သံလိုက်ဖြစ်ခြင်း၊ မဖြစ်ရင်းရဲ့အရင်းခံအကြောင်းတရားလေးတွေပေါ့ဗျာ။
Cd - ဆရာသောင်း
Post a Comment