ကျောက်ကပ်ရောဂါရှိသူများသိထားသင့်တဲ့ စားသောက်မှုပုံစံ
ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။
ကျောက်ကပ်ရဲ့
တာဝန်
ကျောက်ကပ်က
အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့
လုပ်ငန်းဆောင်တာအများစုကို တာဝန်ယူထားတာပါနော်။ကျောက်ကပ်က
- စားသုံးလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ အဆိပ်အတောက်တွေနဲ့ အကျိုးမပြုတဲ့
ပစ္စည်းတွေကို စွန့်ထုတ်ပေးတယ်။
- သွေးပေါင်ချိန်ထိန်းညှိဖို့
လိုအပ်တဲ့ဟော်မုန်းကို ထုတ်ပေးတယ်။
- ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးတယ်။
- ဆီးသွားစေတယ်။
ဒါတွေအပြင် အခြားသောခန္ဓါကိုယ်အတွက်အရေးပါတဲ့
လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါသေးတယ်။
ကျောက်ကပ်ထိခိုက်စေနိုင်တဲ့
အချက်များ
ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အချက်တွေကမနည်းပါဘူး။ကျောက်ကပ်ကို
အများဆုံးထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ နဲ့သွေးတိုးဝေဒနာပါ။ အဝလွန်တာ၊ဆေးလိပ်နဲ့
အရက်သောက်သုံးမှုတွေကြောင့်လည်းကျောက်ကပ်ထိခိုက်နိုင်ပါသေးတယ်။ မျိုးရိုးရှိတာ၊
အမျိုးသား၊အမျိုးသမီးကွာခြားတာ နဲ့
အသက်အရွယ်တွေကြောင့်လည်းကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။
ကျောက်ကပ်ကျန်းမာနေစေဖို့
အဓိကလိုက်နာရမယ့်အချက် ၃ ချက်
နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။
ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။
ဆိုဒီယမ်
(အငန်)လျှော့ပါ –
အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။
အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ ဆိုဒီယမ်စားသုံးမှုမြားတာကကြောကျကပျကိုထိခိုကျစနေိုငျပါတယျ။ကေြာကျကပျထိခိုကျသှားတဲ့အခါ
ကဲ ဆိုဒီယမျလြှော့နောျ။
ပိုတက်ဆီယမ် – ပိုတက်ဆီယမ်က
ခန္ဓါကိုယ်အတွက်အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။
ဒါပေမယ့်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ကတော့ ပိုတက်ဆီယမ်ကို အကန့်အသတ်နဲ့ပဲ
လိုအပ်မှာပါ။ ဒါကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်ပဲ စားသုံးပါ။
Phosphorus
–ကျောက်ကပ်ထိခိုက်ထားတဲ့သူက
ကိုယ်တွင်းက ပိုလျှံနေတဲ့Phosphorusတွေကို မစစ်ထုတ်နိုင်တော့ပါဘူး။ ဒီဓါတ်ကလည်းနေ့စဉ်စားသုံးတဲ့
အစားအစာတွေထဲမှာတော်တော်လေးပါဝင်နေတဲ့ ဓါတ်တစ်ခုပေါ့။Phosphorus ပမာဏများပြားမှုက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်
ဒီဓါတ်ကိုလည်း တတ်နိုင်သမျှလျှော့ရပါမယ်။
ဒါတွေအပြင်ကျောက်ကပ်ရှိသူတွေအနေနဲ့နောက်ထပ်သတိထားရမှာက ပရိုတင်းအများကြီးမစားမိစေဖို့နဲ့ ကယ်လ်ဆီယမ်ကိုလျှော့စားဖို့ပါ။
ကျောက်ကပ်ရောဂါရှိသူတွေစားသုံးပေးသင့်တဲ့
အစားအစာများ
ပန်းဂေါ်ဖီ
ဗီတာမင်
C၊
ဗီတာမင် K နဲ့ ဗီတာမင် B တို့အပါအဝင်
အာဟာရဓါတ်များစွာပါဝင်နေပါတယ်။
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သလိုရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့indoles လိုမျိုးဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။ အာလူးနေရာမှာ
အစားထိုးစားသုံးပေးသင့်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုနည်းတဲ့ အရန်ဟင်းလျာတစ်မျိုးပေါ့။
စပျစ်သီး
အရသာရှိရုံတင်မဟုတ်ပါဘူး။
အာဟာရလည်း ကြွယ်ဝပါတယ်။ ဗီတာမင် C
နဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် လိုမျိုး
ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်သလို
ဆီးချိုကာကွယ်ပေးပြီး သိမြင်မှုစွမ်းရည်ကျဆင်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်အတွက်အကောင်းဆုံး
အချိုပွဲလေးတစ်ခုပေါ့။
ကြက်ဥအကာ
ကြက်ဥအနှစ်က
အာဟာရဓါတ်ကြွယ်ဝပေမယ့်phosphorus
ပါဝင်မှုများတာကြောင့်ကျောက်ကပ်ရှိသူတွေအတွက် အကောင်းဆုံးက
ကြက်ဥအကာပါ။ ပရိုတင်းဓါတ်ရနိုင်ပေမယ့်ကျောက်ကပ်ကိုမထိခိုက်စေနိုင်တဲ့
အဆာပြေစားစရာလေးတစ်ခုပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကဆေးဖက်ဝင်တယ်လို့သိထားပြီးဖြစ်မှာပါ။
ကြက်သွန်ဖြူက ဟင်းလျာတွေရဲ့ အရသာကို ပိုကောင်းသွားစေနိုင်ပါတယ်။ အာဟာရကြွယ်ဝသလို
မဂ္ဂနိ၊ ဗီတာမင် C နဲ့ ဗီတာမင် B6 တို့ပါဝင်နေပြီး
နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ Sulfurဒြပ်ပေါင်းပါဝင်နေပါတယ်။ကျောက်ကပ်ကောင်းဖို့
တစ်နေ့ကို အနည်းဆုံး ကြက်သွန်ဖြူ ၃ မွှာစားပေးပါ။
ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်မှာ
ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့
အများအပြားပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေသလို
ဝမ်းမှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်၊phosphorus နဲ့
ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့
ဟင်းသီးဟင်းရွက်တစ်မျိုးပေါ့။
အရေခွံမပါတဲ့
ကြက်သား
ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့
ပရိုတင်းလျှော့စားရမယ်ဆိုပေမယ့် ခန္ဓါကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုတော့ပြည့်ဝအောင်စားရပါမယ်။
ဒါကြောင့်ကျောက်ကပ်သမားတွေရှောင်ရမယ့်ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ အရေခွံမပါတဲ့ ကြက်ရင်အုံသားကို
စားသုံးပေးလို့ရပါတယ်။
ငရုတ်ပွ
ငရုတ်ပွက
အာဟာရကြွယ်ဝပေမယ့် အခြားဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းပါတယ်။
ငရ်ုပွအရောင်တောက်တောက်လေးတွေက ဗီတာမင် A၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပြီးကျောက်ကပ်ရောဂါရှိသူတွေ
စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။
ကြက်သွန်နီ
ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ကျောက်ကပ်အကျိုးပြုဆေးဖက်ဝင်စားစရာတစ်မျိုးပေါ့။
ဗီတာမင် C၊ မဂ္ဂနိ၊ ဗီတာမင် B နဲ့
အမျှင်ဓါတ်ပါဝင်တာကြောင့်ကျောက်ကပ် ကိုရော အစာခြေစနစ်ကိုပါကျန်းမာစေမှာပါ။
မုန်လာဥဖြူ
ကျောက်ကပ်အတွက်
သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်ခုပေါ့။ ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုနည်းပြီး
ခန္ဓါကိုယ်အတွက် အရေးပါတဲ့ အခြားအာဟာရဓါတ်တွေတော့ ကြွယ်ဝစွာပါဝင်နေပါတယ်။
ဒါကြောင့်ကျောက်ကပ်အတွက်ကောင်းဖို့ဆိုရင် မုန်လာဥဖြူစားပေးပါ။
နာနတ်သီး
လိမ္မော်သီး၊
ငှက်ပျောသီးနဲ့ ကီဝီသီးတွေထက်
ပိုတက်ဆီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက်
သင့်တော်ပါတယ်။နောက်တစ်ချက်က နာနတ်သီးမှာ အမျှင်ဓါတ်၊ ဗီတာမင် B၊
မဂ္ဂနိ၊ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့bromelain
တို့ပါဝင်နေပါတယ်။
ရှီတာကီမှို
ရှီတာကီမှိုမှာ
ဗီတာမင် B၊Copper၊ မဂ္ဂနိ နဲ့
ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အပ်ငကနေရတဲ့ ပရိုတင်းနဲ့ အမျှင်ဓါတ်တွေလည်း
ပါဝင်နေတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်မျိုးပေါ့။
ဒါတွေတော့ရှောင်ပါ
- အနီရောင်အသားတွေ
- ဘဲသား
- ငါးခြောက်
- နို့ထွက်ပစ္စည်း
- ငပိ
- ပဲအမျိုးမျိုး
- ဆီသွတ်ဗူးတွေ
- သစ်သီးခြောက်တွေ
- အာလူး
- ခရမ်းချဉ်သီး
- ကြက်ဥအနှစ်
- လိမ္မော်သီး
- ငှက်ပျောသီး
- အချိုရည်တွေ
- အရက်
- ဆေးလိပ်
- ဆော်ဒါ
- ပေါင်မုန့်
ကဲကျောက်ကပ်ရောရှိသူတွေ
အခုပြောခဲ့တဲ့အတိုင်းလေးစားသောက်နေထိုင်ရင်းကျောက်ကပ်လေးကို ဂရုစိုက်လိုက်ပါနော်။
Cd , ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Aye Thi Mon
Post a Comment