S-U-C-C-E-S-S ရဲ့
ဆိုလိုရင်းကို သိပြီလား..
=======================
Success (အောင်မြင်မှု) တစ်ခု
ဖြစ်အောင် ဘယ်လိုလုပ်မလဲ?
Success ဆိုတာရော ဘာလဲ?
.
Success
======
S = S-ee your goal
U = U-nderstand the obstacles
C= C-reate a positive attitude
C= C-lear the doubts in your mind
E= E-mbrace the challenge
S= S-tay on track
S= S-how the world you can do it
.
S (See your goal)
သေချာပါတယ်။ အောင်မြင်ဖို့အတွက် အရင်ဆုံးလိုအပ်တာ သင့်ရဲ့ ရည်မှန်းချက်ပါပဲ။
သင်ဘာဖြစ်ချင်လဲ သင့်ကိုယ်သင်မေးပါ။
ရင်ထဲက ဖြစ်လာတဲ့ ဆန္ဒတစ်ခုဟာ သင့်ဘဝမှာ အောင်မြင်ဖို့အတွက်
ပန်းတိုင်တစ်ခုပါပဲ။
.
U (Understand the obstacles)
အဲဒီ့ပန်းတိုင်တစ်လျှောက် ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေ ကြုံလာနိုင်မလဲဆိုတာ
သိထားရပါမယ်။
ဒါမှလည်းပဲ ကိုယ့်အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရမှာပါ။ ဒီလို
ကြိုတင်ပြင်ဆင်မှုတွေဟာ တကယ်တမ်း အခက်အခဲတွေကို
နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရချိန်မှာ အရမ်းအသုံးဝင်တဲ့ ပြင်ဆင်မှုတွေ
ဖြစ်မှာပါ။
.
C (Create a positive attitude)
အပြုသဘောဆောင်တဲ့စိတ်တစ်ခု လိုအပ်ပါတယ်။ ဒီပန်းတိုင်ကိုသွားတဲ့လမ်းမှာ
စိတ်ဓါတ်တွေကျမယ်၊ အားငယ်စရာတွေကြုံမယ်၊
အရှုံးပေးချင်လောက်အောင် ဖြစ်နိုင်တဲ့အတွက် ခိုင်မာတဲ့ စိတ်ဓါတ်တစ်ခုကို
တစ်ခါတည်း ပြင်ဆင်သွားရပါမယ်။
.
C (Clear the doubts in your mind)
လူတွေက မလုပ်နိုင်ပါဘူး လို့ ထပ်တလဲလဲ ပြောမယ်။ လူတွေက ဝေဖန်မယ်။
တိုက်ခိုက်မယ်။ ဒီစကားသံတွေကတစ်ဆင့်
သင့်ကိုယ်သင် သံသယဝင်လာမယ်ဆိုရင် သင်လိုချင်တဲ့နေရာကို ရောက်ဖို့
ခဲယဉ်းသွားပါပြီ။ သင့်ရဲ့လုပ်နိုင်စွမ်းရည်အပေါ်
ဘယ်တော့မှ သံသယမဝင်ပါနဲ့။
.
E (Embrace the challenge)
အောင်မြင်ချင်ရင် အားထုတ်ရမယ်။ အခက်အခဲတွေကို ကျော်လွှားရမယ်။
စိန်ခေါ်မှုတွေကို လက်ခံရင်ဆိုင်နိုင်စွမ်း ရှိရမယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဒါတွေကို လုပ်နိုင်ဖို့ လုံလောက်တဲ့
စွမ်းအားတွေရှိတယ်လို့။ စွမ်းအားတွေ မရှိသေးဖူးလား?
ရှိအောင် အားထုတ်လိုက်ပါ။ လိုအပ်တဲ့စွမ်းရည်မှန်သမျှဟာ
သင်ကြိုးစားယူလို့ရပါတယ်။ အဲဒါကို ယုံပါ။
.
S (Stay on track)
အရေးကြီးပါတယ်။ အရှုံးတွေနဲ့ ကြုံမှာဖြစ်လို့ စိတ်ဓါတ်ကျပြီး လက်မလျော့ဖို့
လိုပါတယ်။
ပြန်ထပါ။ ဦးတည်ရာလမ်းကြောင်းပေါ် ပြန်လျှောက်ပါ။ တစ်နေ့တော့
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးကိုမွေးပါ။
.
S (Show the world you can do it)
သင် လုပ်နိုင်ခဲ့ပြီ..
အောင်မြင်မှုနဲ့ ထိုက်တန်ခဲ့ပြီဆိုတဲ့အကြောင်း သက်သေပြလိုက်ပါ။
__________
လေးစားမှုများဖြင့်
Cd - ရွှေညာမောင် (Junior
Boss)
Post a Comment