iPhone ကိုင်ဆောင်သူတိုင်း သိထားသင့်သော

Apple ID ( iCloud ) အကြောင်း

 

Apple ID (iCloud) Password များကို

ကိုယ့် ဖုန်းထဲ က Notes ထဲမှာ မှတ်ထားရင်

အခု ချက်ခြင်း Notes ထဲက Password တွေကို

တစ်ခြားနေရာမှာလည်း မှတ်လိုက်ပါ ။

 

အဲ့လို မှတ်ထားတဲ့ သူငယ်ချင်းတွေ ရှိရင်လည်း

အခုပဲ ဒီပိုစ့်လေးကို ပြပြီး သတိပေးလိုက်ပါ ။

 

iPhone User တွေ တော်တော်များများ ဖြစ်နေကြတဲ့

ျပသနာပါ ။

အလွယ်တကူနဲ့ ကိုယ့်ရဲ့ iCloud Password ကို

ဖုန်းထဲက Notes ထဲမှာပဲ မှတ်ထားတတ်ကြတာပါ။

တစ်ခြား နေရာမှာ မှတ်ထားတာလည်း မရှိ။

ကိုယ် ကိုယ်တိုင်လည်း မမှတ်မိ။

 

iCloud Password လေးကိုတော့

အလွတ်ရအောင် မှတ်ထားစေချင်ပါတယ်။

စာအုပ် တွေ ပေါ်မှာ ရေးမှတ်ထားတာပဲ ဖြစ်ဖြစ်၊

တစ်ခြား ကိုယ် မမေ့နိုင်မဲ့ နေရာ တစ်နေရာမှာ

မှတ်ထားတာပဲ ဖြစ်ဖြစ် လုပ်စေချင်ပါတယ်။

 

ဖုန်းထဲက Notes မှာတော့ လုံးဝ မမှတ်စေချင်ပါဘူး။

 

ဘာကြောင့်လဲဆိုတော့

 

လွတ်ကျလို့ Touch မရတော့တဲ့ အခါ

Touch တွေ ကြောင်နေပြီး သူ့အလိုလို

Password တွေ ကိုလျှောက်ရိုက်သွားတဲ့ အတွက် iPhone Disabled ဖြစ်သွားတဲ့ အခါမျိုး

 

ကိုယ် မသိလိုက်ပဲ တစ်ယောက်ယောက်က

Password တွေ အများကြီး မှားရိုက်လိုက်မိတဲ့

အခါမျိုး

 

Error တစ်ခုခု တက်လို့ သုံးနေရင်း

ပါဝါ ပိတ်ပြီး Apple Logo ကေန

ပြန်တက်မလာတော့တဲ့ အခါမျိုး

 

Firmware ပြန်တင်မှ ကို ရတော့မဲ့ အခြေအနေမျိုးမှာ

 

ကိုယ်ရဲ့ iCloud Password တွေက

ကိုယ့် ခေါင်းထဲမှာ မရှိပဲ ဖုန်းရဲ့

Notes ထဲ ရောက်နေတော့

တန်ဖိုးကြီး စွာနဲ့ ဝယ်ထားတဲ့ ကိုယ်ရဲ့

iPhone လေးတွေက iCloud ဆိုတဲ့ Lock ကြီးကို

ကျော် မရ ပြုမရနဲ့ Lock ကျ ပါတော့တယ်။

ကိုယ်တိုင် Apple ID ဖွင့်တယ်ဆိုတဲ့ သူက

နည်းပါတယ်။

 

တကယ်လို့ ကိုယ်က ဆိုင် တစ်ဆိုင်ဆိုင်မှာ Service Charges ပေးပြီး အကောင့် ဖွင့်ခဲ့တယ်ဆိုပါစို့ ...

အဲ့ဒါဆို ...

 

Apple ID ဖွင့်တဲ့ အကောင့်ရဲ့

ID ( gmail (သို့) iCloud mail ) နဲ့

Password ကို မဖြစ်မနေ တောင်းယူရပါမယ်။

ပြီးတော့ Security Question တွေ မဖြစ်မနေ

တောင်းယူရပါမယ် ။

အဆင်ပြေမယ်ဆို အကောင့်ဖွင့်ခဲ့တဲ့

Birth Date (မွေးနေ့) ပါ တောင်းယူသင့်ပါတယ်။

 

ဆိုင်က ပေးလိုက်တဲ့ စာရွက် လေးကို

မပျောက်မပျက်အောင် ထိန်းသိမ်း ပြီး

လုံခြုံတဲ့ တစ်နေရာမှာ ရေးမှတ်ထားတာက

အသင့်တော်ဆုံး ဖြစ်မှာပါ။

 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

Credit : #M3_Mobile


Post a Comment

أحدث أقدم