အရောင်းပိုင်ဆိုင်ရာ စီမံခန့်ခွဲမှု့ပညာရပ်
Sales
Manager တစ်ယောက်ရဲ့ လုပ်ငန်းစဉ်ထဲက Salesforce ကို evaluation လုပ်တဲ့ အပိုင်းလေးပါ။Sales
Manager တစ်ယောက်အနေနဲ့ လိုချင်တဲ့ sales objective ရအောင် team member များရဲ့ performance များကို evaluate လုပ်ဖို့ လိုအပ်ပါတယ်။ Evaluation
ဆိုတာက Standard နဲ့ Performance ကိုနှိုုင်းယှဉ်တာပါ။
Performance
တွေကို အပတ်စဉ်၊ လစဉ် တိုင်းတာပေးဖို့လိုပါတယ်။ ပုံမှန် Measure
လုပ်နေမှသာ တစ်နှစ်တာအတွက် sales target ကို
ထိလာနိုင်မှာပါ။ Sales call တွေသွားရဲ့လား၊
တစ်ရက်တာရောင်းကြေးဘယ်လောက်ရှိလဲ၊ စရိတ်ဘယ်လောက်သုံးလိုက်လဲ၊ စသည်ဖြင့်
စစ်ဆေးရပါမယ်။ လွှတ်ထားလိုက်ရင်တော့ လုပ်ချင်တာ လုပ်နေတာတွေကို မသိနိုင်ပါဘူး။
အပြင်ကတော့ သွားနေတာပဲ၊ quotation တော့လုပ်နေတာပဲ၊ order
တွေလဲ လာနေတာပဲ၊ ဖုန်းတွေလဲ ပြောနေတာပဲ စသည်ဖြင့် ဆင်ခြေဆင်လက်တွေ
လာပါလိမ့်မယ်။ အကောင်းဆုံးက ကိန်းဂဏန်း (KPI) နဲ့ပြောတာအကောင်းဆုံးပါပဲ။
Evaluation
မှာ ဟ နေတဲ့သူတွေလဲ ရှိလာနိုင်ပါတယ်။ လိုချင်တဲ့ Performance
Level မရောက်ခဲ့ဘူးဆိုရင် Training ပေးရပါမယ်။
Manager အနေနဲ့ ကိုယ့် team member ကို
စိတ်တိုင်းမကျလို့ “မင်း ကြိုးစားကွာလို့ ဆိုရင်” ၊ sales rep အနေနဲ့ ဘာ
ကြိုးစားလို့ ကြိုးစားရမှန်း မသိနိုင်ပါဘူး။ Figure တွေနဲ့ အားနည်းချက်နေရာကို ထောက်ပြနိုင်ရင် လိုအပ်တာလေးတွေ သိသွားရင် motivate
ရသွားစေနိုင်ပါတယ်။
Evaluation
သေချာမလုပ်ဖြစ်ရင်၊ လစာပေးတဲ့နေရာမှာ အားလုံးကို ဖလက်ပေး ပေးခဲ့ရင်
အရည်အချင်းရှိတဲ့သူတွေ ထွက်သွားနိုင်ပါတယ်။ Compensation တွေ
တွက်ချက်တဲ့နေရာမှာလဲ အထောက်အကူ ရစေပါတယ်။ Performance ကို Measure
လုပ်တဲ့ အဓိကအနေနဲ့ နှစ်ပိုင်းရှိပါတယ်
(၁) Quantitative measures
(၂) Qualitative measures ပါ။
လွယ်လွယ်ပြောရရင်
Hard factor နဲ့ Soft factor ပါ။
#Hard Factor ဆိုတာကတော့ အလုပ်ဘယ်လောက်လုပ်လဲ၊ တရက် Sales
call ဘယ်လောက်သွားလဲ၊ Customer အသစ်ဘယ်လောက်ရှာထားလဲ၊
ရုံးတက်ရက် ပျက်ရက် နောက်ကျတဲ့ရက် ဘယ်လောက်ရှိလဲ စသည်ဖြင့်၊
#Soft
Factor ဆိုတာကတော့ Leadership, Teamwork ဘယ်လောက်ရှိလဲ၊
Communication ရုံးကလူတွေ၊ Customer တွေနဲ့ဆက်ဆံရေး၊
Attitude အလုပ်အပေါ်၊ Company အပေါ်ထားတဲ့
စိတ်ထား စသည်ဖြင့်။
(၁) Quantitative measures (Hard Factors)
Output factor တွေကတော့
1. Sales revenue
2. Profits
3. % gross profit margin
4. Number of orders
5. Old customer တွေကို ရောင်းတဲ့ Sales
6. New customer တွေကို ရောင်းတဲ့ Sales
7. Sales revenue as a % of target
တွေပဲ ဖြစ်ပါတယ်။
Profit ကိုတွက်တာ ကတော့ ပုံစံအမျိုးမျိုးရှိကြပါတယ်။
ရောင်းကြေး - (အရင်း + အသုံးစရိတ်) နဲ့ အကြမ်းဖြင်း
တွက်ကြတာများပါတယ်။
ဥပမာ
ကားတစ်စီးနဲ့ Sales
Call သွားတယ်ဆိုပါစို့ ရောင်းရတဲ့
ရောင်းကြေးထဲကနေ ပါတဲ့ လူအားလုံးရဲ့ ဝန်ထမ်းစရိတ်၊
ကုန်ပစ္စည်းအရင်းတန်ဖိုး၊ ကားရဲ့ တစ်ရက်စာတန်ဖိုး (ဆီ၊ပြင်ဆင်စရိတ် စသည်) တို့ကို
နှုတ်လိုက်ရင် အမြတ်ရလာနိုင်ပါတယ်။ တခြား related ဖြစ်နေတဲ့ Account
dept အသုံးစရိတ်၊ MD, GM လစာ အသုံးစရိတ်တွေ
ထည့်တွက်တာမျိုးတွေလဲ ရှိကြပါလိမ့်မယ်။
Input
factor တွေကတော့
1. တစ်နေ့ Call အရေအတွက်၊ တစ်လ Call အရေအတွက် (potential customers တွေကို
ဘယ်နှစ်ခါခေါ်ထားလဲ၊ လက်ရှိ customers တွေဆီကို
ဘယ်နှစ်ခါသွားထားလဲ၊ စသည်)
2. Quotation ဘယ်နှစ်စောင်ထွက်ထားလဲ
Input/output
ပေါင်းထားတဲ့ Performance Factor အချို့ကတော့
1. Strike Rate = No. of orders/no. of quotations
2. Sales Revenue/Call ratio
3. Profit/Call ratio
4. Order/Call ratio
5. Ave order value = Sales Revenue/No. of orders
အဲဒီ data တွေကနေ Sales Rep၊ Sales Supervisor များရဲ့ Performance ကို Check လို့ရပါတယ်။ ဥပမာ Average order
value ကျနေတယ် ဆိုပါစို့၊ ဘာ့ကြောင့်လဲ အဖြေရှာကြည့်ရင် လက်ရှိ customer
တွေကို ဂရုမစိုက်တဲ့ ပုံစံမျိုးတွေ့ရပါတယ်။ Sales Revenue ကလဲ ထိတော့ထိနေပါတယ် ဒါပေမယ့် orders အရေအတွက်ကတော့
များနေပါတယ်။
ဆိုလိုတာက
Regular customer ရဲ့ ပုံမှန်တက်နေကျ order သိန်း ၄၀၊ ၅၀ တန်
နည်းသွားပြီး Customer အသစ် သေးသေးလေးတွေဆီက order ၅ သိန်း ၆ သိန်းတန် တွေ များနေတဲ့ အတွက်ကြောင့်ပါ။ အဲလိုနည်းတွေနဲ့
အသေးစိတ် လိုက် Check လုပ်နိုင်ပါတယ်။ Expenses တွေ Salary တွေနဲ့ တွက်တဲ့ Factors တွေလည်းရှိပါတယ်။
(၂) Qualitative measures
Soft Factor တွေကတော့
1. Sales skills
2. Customer relationships
3. Self-organisation
4. Product knowledge
5. Co-operation and attitudes တွေပါ။
ဒီ
Factor တွေ ကတော့ Personal Selling Skills ကို
ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သလဲ အသုံးချတတ်သလဲ ဆိုတာတွေပါ။ Personal
Selling 7 steps process တွေဖြစ်တဲ့
1. The opening
2. Need and Problem Identification
3. Presentation and demonstration
4. Dealing with objections
5. Negotiation
6. Closing the sale
7. Follow up တွေကို ပိုင်နိုင်စွာ အသုံးချနိုင်ရင်တော့ အဲဒီ Salesman
ရဲ့ Soft factor performance ကတော့အကောင်းဆုံးမှာ
ရှိမှာပါ။
Credit : Selling and Sales Management by David Jobber •
Geoff Lancaster & U Aung Chit Khin
إرسال تعليق