အစားအသောက်နဲ့ဝိတ်ချချင်သူတွေအတွက်
နည်းလမ်းကောင်းလေးတစ်ခု
·
o
|
Intermittent Fasting
(IF) အစားအသောက်ကို ဝတဲ့အထိစားလိုက်ပြီးတဲ့နောက် ဗိုက်ထဲမှာ
ဘာမှမရှိတော့တဲ့အချိန် အထိ အစာစားခြင်းကို ရပ်ထားတဲ့နည်း နဲ့
အချိန်အတိအကျသတ်မှတ်ပြီးအစားစားခြင်း နည်းလမ်း နှစ်မျိုးဟာ အစားအသောက်နဲ့
ဝိတ်ချကြမယ့်အဖွဲ့တွေကြားမှာ နာမည်ကြီးပါတယ်။
တစ်ရက်ခြားတစ်ခါအစာရှောင်ခြင်း
ဒါကတော့
အစားစားခြင်းနဲ့ အစာရှောင်ခြင်းကို တစ်ရက်ခြားစီ တစ်လှည့်စီ လုပ်ခြင်းပဲ
ဖြစ်ပါတယ်။ ဘယ်လိုလုပ်တာလဲ ဆိုတော့ အစာရှောင်တဲ့နေ့မှာ ခန္ဓာကိုယ်ဟာ တစ်ရက်တာ
လိုအပ်တဲ့ ကယ်လိုရီရဲ့ ၂၅% ကို ထုတ်ယူသုံးစွဲပစ်လိုက် ပါတယ်။ အစာစားတဲ့နေ့ကျတော့
ကယ်လိုရီ ၁၂.၅% ကိုပဲ ထုတ်ယူသုံးစွဲပါတယ်။
ဒုတိယနည်း
ဒီနည်းကတော့ ခုတစ်လော
ထိုင်းမှာ ခေတ်စားနေတဲ့နည်းတစ်ခုပါပဲ။ Time-restricted feeding (TRF) လို့
ခေါ်ပါတယ်။ လူတစ်ယောက် တစ်နေ့တာ အစာစားတဲ့အချိန်ကို ကန့်သတ်ထားခြင်းဖြင့်
ကျန်တဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ အနားယူဖို့နဲ့
သန့်စင်ဖို့ အချိန်ထွက်လာပါတယ်။ အစာစားတဲ့ အချိန်အတိုင်းအတာကို တစ်ရက်မှာ ၁၂ နာရီ ကနေ ၃ နာရီအထိ ထားဖို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်
16/8 လို့ ခေါ်ပါတယ်။ ဆိုလိုတာက ၁၆ နာရီ အစာရှောင်ထားပြီး
ကျန်တဲ့ ၈ နာရီအကန့်အသတ်ထဲမှာပဲ အစာ စားရမှာ ဖြစ်ပါတယ်။
ဒီ IF နည်းလမ်းတွေကို
တိရစ္ဆာန်တွေမှာရော လူတွေမှာပါ စမ်းသပ်သုတေသနလုပ်ကြည့်ပြီးပါပြီ။ TRF
နည်းလမ်းက ပိုပြီးတော့ သာတာကို တွေ့ရပါတယ်။ လေ့လာမှုတွေအရ TRF
နည်းလမ်းဟာ ဝိတ်ချခြင်း၊ အဆီရာခိုင်နှုန်းချခြင်း၊
သွေးတွင်းသကြားဓာတ် လျှော့ချတဲ့ခြင်း နဲ့ ကိုလက်စထရောလယ်ဗယ်ချတဲ့နေရာတွေမှာ
ပိုပြီး ထိရောက်တာကို တွေ့ရပါတယ်။ TRF နည်းစနစ်အတိုင်းလိုက်နာတဲ့သူတွေဟာ
ကိုယ်ခံအားလေ့ကျင့်တဲ့စနစ်နဲ့ တွဲပြီးလုပ်ဆောင် လိုက်မယ်ဆိုရင် ဝိတ်ချရာမှာ
ရောပြီးကျသွားလေ့ရှိတဲ့ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရပါတယ်။
ဒါကြောင့် IF နည်းနဲ့ ဝိတ်ချတဲ့အဖွဲ့ထဲဝင်ပြီး
ဝိတ်လိုက်ချကြည့်မယ်ဆိုရင် လုပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ စားတာတစ်ရက်
မစားတာတစ်ရက် မလုပ်ခင် TRF နည်းလမ်းနဲ့ အရင် စ
ကြည့်ပါ။ ၁၂ နာရီကြာ အစာရှောင်တဲ့ နည်းပါ။ မနက်စာကို မနက် ၆ နာရီ ထိုးပြီးမှ စား။
ညနေစာကို ညနေ ၆ နာရီမထိုးခင်းအပြီးစား။ အဲဒီနောက် အိပ်ရာဝင်တဲ့အထိ ဘာမှ
ထပ်မစားနဲ့တော့။ တဖြည်းဖြည်းနဲ့ တစ်နေ့ကို မနက်စာနဲ့ နေ့လည်စာ ၂ ကြိမ်ပဲစားပြီး
ညစာကို လွှတ်ရပါမယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်မှာ အစာရှောင်တဲ့အချိန်ကို
တိုးလာစေရပါမယ်။
ဒီနေရာမှာ သတိပေးစရာ ၂
ခု ရှိပါတယ်။ စားတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကိုပဲ စားရပါမယ်။
TRF လုပ်နေပြီးတော့
အစာစားချိန်မှာ စားချင်တာတွေ လျှောက်စားနေလို့ကတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဥပမာ
ထမင်းနဲ့ ဝက်ခြေထာက်ပေါင်းတို့၊ ချီးစ်ဆင်းဒွစ်တို့ ဖရိုက်ဒ်ချစ်ကင်းကြက်ကြော်တို့
စတာတွေ စားနေလို့ကတော့ ဝိတ်မကျတဲ့အပြင် ကျန်းမာရေးတောင် ထိခိုက်သွားအုန်းမယ်
ဖြစ်ပါတယ်။
နောက်တစ်ခုက ဒီနည်းဟာ
အစာအိမ်ရောဂါအခံ ရှိတဲ့သူတွေအတွက်လည်း မသင့်လျော်ပါဘူး။ တကယ်လို့
အစာရှောင်နေစဉ်အတွင်း ဗိုက်ထဲမှာ လေပူထ တာမျိုး ခံစားရရင် ပုံမှန်စားတဲ့ဘက်ကိုပဲ
ပြန်သွားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်ပြီးတော့
စားပေါ့။ အစာအိမ်မကောင်းတဲ့သူအတွက် ရေရှည် အစာရှောင်ရင် အစာအိမ်မှာ
အနာဖြစ်တတ်တဲ့အတွက် ကျန်းမာရေးကို ပိုပြီး ဆိုးရွားစေပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင်..
တစ်လှည့်စီအစာရှောင်တဲ့နည်းလမ်းနဲ့ ဝိတ်ချချင်ရင် ချပါ။ ဒါပေမယ့်
လေ့ကျင့်ခန်းလုပ်ဖို့လည်း မမေ့ပါနဲ့လို့။ ဒါ့အပြင် ဝိတ်ကျချင်ဇောနဲ့
အတင်းကြီးလည်းမလုပ်ပါနဲ့။ နေမကောင်းဖြစ်တာပဲ အဖတ်တင်မယ် လို့ သတိပေးလိုက်ရပါတယ်။
Credit -- MD
إرسال تعليق