Unicode Version
Twitter ဟာ တစ်ရက်အတွင်းမှာ follow
လုပ်နိုင်တဲ့ အကောင့်အရေအတွက်ကို လျှော့ချလိုက်တယ်လို့
ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ဦး။ ဒါဟာ ပုံမှန်သုံးနေကြလူတစ်ယောက်အတွက်
ဘာမှထိခိုက်မှုမရှိနိုင်ပါဘူး။ အကောင့်အတော်များများကို follow လုပ်ချင်နေတဲ့ spammer တွေအတွက်သာ
ကန့်သတ်လိုက်တာဖြစ်လို့ပါ။ follow လိုက် unfollow လိုက်နဲ့ အကောင့်အများကြီးကို ခဏတာအတွင်းမှာ လုပ်လေ့ရှိတဲ့ spammer
တွေကို ခြေချုပ်မိအောင် လုပ်လိုက်တာဖြစ်ပါတယ်။
တကယ်လို့ သင်ကသာ ပုံမှန် Twitter အသုံးပြုသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့
ဘာမှထိခိုက်မှုမရှိမှာ မဟုတ်ပါဘူး။ တွစ်တာလေးဟာ တစ်ရက်ကို အကောင့်ပေါင်း ၄၀၀ follow
ပိုင်ခွင့်ပေးထားပါတယ်။ အရင်တုန်းကတော့ တစ်ရက်ကို ၁၀၀၀ လုပ်ခွင့်ပေးထားတာကနေ
လျှော့ချလိုက်တာဆိုတော့ ပမာဏတော့ နည်းသွားပါတယ်။ ဒါပေမယ့်လည်း
သာမန်သုံးမယ်ဆိုရင်တော့ အဲလောက်တောင် လိုမယ်မထင်ပါဘူး။ ဝန်ဆောင်မှုကို
အသုံးပြုနေတဲ့ brand တွေအတွက်တော့
ထိခိုက်မှုရှိနိုင်ပေမယ့်လည်း အရမ်းပြင်းထန်မှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်မို့ ၄၀၀
ကို ရွေးချယ်ဖြစ်သလဲဆိုတာကိုတော့ ရှင်းလင်းထားခြင်းမရှိသေးပါဘူး။ ဒါဟာ
သုံးစွဲသူအတော်များများအတွက် အဆင်ပြေမယ်ထင်လို့နေမှာပါ။
တွစ်တာပေါ်မှာ spammer ကိုရှာဖို့အတွက်မခက်ပါဘူး။
သူတို့ဟာ အဓိကသုံးစွဲသူတွေဖြစ်တဲ့ ဆယ်လီတွေနဲ့ streamer တွေရဲ့
တွိတွေမှာ ခြေချင်းလိမ်နေကြပါတယ်။ သုံးစွဲသူဆီကနေ
ဒီဂျစ်တယ်ငွေကြေးတွေရှာနေတဲ့သူတွေရောပေ့ါ။ အဲဒီအကောင့်တွေဟာ
အစစ်အမှန်လို့ထင်ရအောင် နာမည်နဲ့ သူများရဲ့ဓါတ်ပုံအစစ်တွေကို သုံးလေ့ရှိကြပါတယ်။
Spam အကောင့်တွေကို သုံးစွဲသူတွေက report လုပ်နိုင်တယ်ဆိုပေမယ့်လည်း
အမြစ်ဖြတ်ဖို့ကတော့ ခက်ခဲပါတယ်။ spammer တွေဟာ
ထောင်ပေါင်းမနည်းတဲ့အကောင့်တွေ လုပ်ထားပါတယ်။ လူအတော်များများကိုလည်း follow
လုပ်ထားပြီး အချို့ကိုတော့ unfollow လုပ်ထားပါတယ်။
တစ်နေ့တာ follow လုပ်နိုင်တဲ့အရေအတွက်ကို
ကန့်သတ်လိုက်ခြင်းအားဖြင့် spammer တွေရဲ့
တစ်နေ့တာပစ်မှတ်ကတော့ လျော့နည်းသွားနိုင်ပါတယ်။
إرسال تعليق