Marketing
နဲ့ Branding ကွာခြားခြင်း
Brand ဆိုတာ
သင်ဘယ်သူလဲဆိုတဲ့အချက်ပါ။ ဥပမာ Apple
ရဲ့ iPhone ဆိုပါတော့။
1. Symbol သူ့ကိုယ်ကိုယ်စားပြုတဲ့
သင်္ကေတ သို့ နာမည်လိုမယ်။
2. Story ကုန်အမှတ်တံဆိပ်နဲ့
ပတ်သက်တဲ့ပုံပြင်လိုတယ်။ ဥပမာ Apple
ကို တည်ထောင်ခဲ့တဲ့ founders
တွေရဲ့ပုံပြင်ဖြစ်မယ်။
3. Strategy မဟာဗျူဟာလိုတယ်။
အမှတ်တံဆိပ်တစ်ခုဟာ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုမရှိရင် ဘားမှအသုံးမဝင်ပါဘူး။
အချောအလှတွေ နည်းတဲ့အခါ ကိုယ်ကထင်ပေါ်ပေမယ့် အချောအလှတွေအများကြီးထဲမှာ
တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းမှာလည်း အလားတူပါပဲ။
ကိုယ့်အထာနဲ့ ကိုယ် ဖြစ်နေပြီးလူတွေ ဟတ်ထိမှတ်မိအောင် Branding တည်ဆောက်ဖို့လိုလာတယ်။
ဒီလိုနေဖို့ လူတစ်ယောက်မှာဆို ကိုယ်ပိုင်သွင်အပြင်နဲ့
တခြားသူတွေရဲ့အထင်အမြင်တွေလိုလာပြီ။ ဒါကို Brand
Identity နဲ့ Brand
Image လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့အလံနဲ့ နိုင်ငံသားတွေဟာ Brand Identity ဖြစ်တယ်။
တခြားသူတွေကမြင်တာကို Brand
image လို့ခေါ်ပါတယ်။
လူတွေရဲ့အထင်အမြင်ကိုပြောင်းချင်တဲ့အခါ မြန်မာ့တပ်မတော်နေနဲ့ စစ်စိမ်းရောင်ကနေ
Modern စိမ်းရောင်ကိုပြောင်းပါတယ်။
Brand Identity ကိုပြောင်းပါတယ်။
ဒါမှ Brand Image ကိုပြောင်းနိုင်မှာဖြစ်တယ်။
ဒီလို ကိုယ့်အထာနဲ့ကိုယ်ဖြစ်အောင် တည်ဆောက်ယူတာကို Positioning လို့ခေါ်ပါတယ်။
ဒါကို 7P or 9P နဲ့လုပ်ယူကြပါတယ်။
ဒါကို Marketing Mix လို့လည်းခေါ်ပါတယ်။
1. Product
2. Price
3. Place
4. Promotion
5. People
6. Process
7. Physical Evidence
8. Payment
9. Platform
ကုန်ပစ္စည်းရဲ့ Positioning
အကုန်ကို လူတွေကို ဟတ်ထိပြီးမှတ်မိအောင် Branding လုပ်ရပါတယ်။ Corporate Branding, Family or
Range Branding နဲ့ Individual
Branding အစရှိသည်တို့ဖြစ်ပါတယ်။
Branding ဆိုတာ
Marketing ရဲ့
အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးလျော့လို့ရောင်းရတဲ့ Air Asia နှင့်
ဝန်ဆောင်မှုအသားပေး Qatar
Airway နှစ်ခုလုံးသည် branding
လုပ်ကြပေမယ့် Brand
Positioning မတူပါ။
#Credit..
Phyo Paing
إرسال تعليق