Windows 32 bit နဲ့ 64 bit ကွာခြားချက်

32-bit-vs-64-bit
Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။

ဒါဆိုရင် ရှိသမျှ computer တွေအားလုံး 64 bit တင်လိုက်ရတော့မလား?

အဲလိုလည်း မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ပိုမြင်တဲ့ 64 bit ကို တင်မယ်ဆိုရင် 64 bit ကို မောင်းနှင်ပေးနိုင်တဲ့ CPU နဲ့မှ ဖြစ်ပါမယ်။ မရှားပေမယ့် စက်တိုင်းမှာ 64 bit run လို့မရပါဘူး။ ဒါကြောင့် 64 bit မမောင်းနှင်နိုင်တဲ့ computer မှာ 64 bit မတင်သင့်ပါဘူး။

 

ဒါဆို 64 bit မောင်းနှင်နိုင်တဲ့စက် ဟုတ်/မဟုတ် ဘယ်လိုစစ်မလဲ?

၁။ ဘာနည်းပညာမှ မလိုဘဲ စစ်ဆေးနည်းကတော့ ဆိုင်တွေမှာ စဝယ်ဝယ်ချင်း တင်ထားတဲ့ OS version ကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဝယ်တုန်းက 32 bit တင်ထားတယ်ဆိုရင် ပြန်တင်တဲ့အခါမှာလည်း 32 bit တင်ပါ။ ဝယ်တုန်းက 64 bit တင်ထားရင် ပြန်တင်တဲ့အခါ 64 bit ပဲတင်ပါ။

၂။ “မဟုတ်သေးပါဘူး၊ နည်းပညာကျကျ သိချင်တာ” ဆိုရင်တော့ အလွယ်နည်း တစ်ခုကတော့ ကိုယ့်ရဲ့ Windows မှာ (Mac, Linux မရပါ) SecurAble ဆိုတဲ့ software လေးတစ်ခုတင်ပြီး စစ်ကြည့်လို့ရပါတယ်။ Download လုပ်ရတာလည်း file size မကြီးပါဘူး။ Download လုပ်ပြီး run လိုက်တဲ့အခါ

32 Maximum Bit Length
32 Maximum Bit Length

ဒီလိုပေါ်ရင် 32 bit အထိပဲ တင်လို့ရပါမယ်။

64 Maximum Bit Length
64 Maximum Bit Length

ဒီလိုပေါ်ရင်တော့ 64 bit windows တင်လို့ရပါတယ်။

၃။ ဒီ tool download လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ Control panel ကိုသွားပါ။ View by မှာ Small icons ကို ရွေးပြီး Performance Information and Tools ကို နှိပ်ပါ။ အောက်ကပုံမှာကြည့်ပါ။

Windows control panel
Windows control panel

ပေါ်လာတဲ့ထဲမှာမှ View and print detailed performance and system information ဆိုတာကို နှိပ်ပါ။

performance-and-system-information

64bit-capable

ပုံမှာပြထားတဲ့အတိုင်း 64-bit capable မှာ Yes လို့ ပေါ်ရင် 64 bit တင်လို့ရပါတယ်။ 64 bit တင်ထားပြီးသားဆိုရင် 64bit capable နေရာမှာ ဘာမှပေါ်မှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် 32 bit နဲ့ 64 bit ကွာခြားချက်လေးတွေ အကြမ်းဖျင်းတော့ သိသွားပါပြီ။

                                                                                                                    

               

                                                                                                              Credit -  Original Uploader

Post a Comment

أحدث أقدم