Facebook ကို
လုပ်ငန်းပိုင်းဆိုင်ရာအတွက် အသုံးချတဲ့အခါမှာ သိထားသင့်တဲ့ Do's and Don'ts
************************************
Facebook ကိုသုံးတာဟာ
သင့်ရဲ့ လုပ်ငန်းကို တိုးချဲ့လို့ရနိုင်ပြီး customer သစ်တွေကို
ဆွဲဆောင်လို့ရတာမှန်ပေမယ့် Followers
တွေရဲ့ news feed
မှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါကြောင့် Facebook ကို
သေချာအသုံးချတတ်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။
(1) Do : မှတ်မိလွယ်တဲ့
Profile Picture ကိုသုံးပါ။
Facebook မှာ
ကိုယ့်ရဲ့ page ကို
လွယ်လွယ်ကူကူနဲ့ ရှာတွေ့ပြီး like
များများရနိုင်ဖို့ သတိထားမိလွယ်ပြီး မှတ်မိလွယ်တာဟာ
အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သင့်ရဲ့ profile
picture ဟာ page
ရဲ့ ထိပ်ဆုံးမှာရှိနေမှာဖြစ်ပြီး သင်တင်သမျှ post တိုင်းမှာလည်း အမှတ်အသားတစ်ခုအဖြစ် မြင်ရမှာပါ။
များသောအားဖြင့်တော့ company
logo ကို profile
picture အဖြစ်ထားတာဟာ အကောင်းဆုံးပါ။
_________________________
(2) Don't : Company ရဲ့ about နေရာမှာ
ဘာမှမရေးဘဲထားတာ
Profile picture ရဲ့အောက်မှာ
About ကို preview ကြည့်နိုင်ပါတယ်။
ဒီနေရာဟာ သင့်ရဲ့ page
ကို လာလည်တဲ့သူတွေအနေနဲ့ ပထမဆုံးမြင်ရမယ့်နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်
သင့်ရဲ့ လုပ်ငန်းက အဓိက ဘာတွေရောင်းတယ် ဘာအချိန်မှာဖွင့်တယ် ပြီးတော့ website link စသဖြင့်
လူတွေမေးလာနိုင်တဲ့အကြောင်းအရာတွေကို ဖော်ပြထားသင့်ပါတယ်။
_________________________
(3) Do : Cover Photo,
Pinned Post နဲ့ Profile
CTA တို့ကို Marketing
Campaigns တွေ တိုးချဲ့ကြော်ငြာတဲအခါ အသုံးချနိုင်အောင် စီစဉ်ပါ။
ဒီအရာသုံးခုဟာ page
မှာ အသိအထားခံရဆုံး အရာတွေဖြစ်လို့ သင့်အနေနဲ့ marketing campaign တွေနဲ့ engagement များအောင်လုပ်ချင်ရင်
သင်ပေးချင်တဲ့ အကြောင်းအရာနဲ့ ဒီသုံးခုကို ဆီလျော်ကိုက်ညီအောင် စီစဉ်ထားသင့်ပါတယ်။
_________________________
(4) Don't : အကောင့်တုသုံးတာ
အကောင့်တုတွေက Facebook
ရဲ့ terms &
condition ကို ချိုးဖျက်ရာရောက်ပါတယ်။
_________________________
(5) Do : Organic Post တွေကို
စုစည်းပါ
Facebook မှာ
သင့်ရဲ့ organic post
တွေကို အပိုင်းပိုင်းခွဲခြားထားပြီး အသက်အရွယ် ကျား/မ ပညာရေး
စတဲ့အချက်တွေအပေါ်မူတည် target
ထားလို့ရတဲ့ tools
တွေရှိပါတယ်။ မှန်ကန်တဲ့ audience
တွေအတွက် သင့်တော်တဲ့ content
တွေသုံးပြီး engagement
များများလိုချင်ရင်တော့ ဒီအချက်ကို အသုံးချပါ။
_________________________
(6) Don't : Post တွေ
တင်လွန်းတာ
တစ်နေ့တည်းနဲ့ Post
တွေ အရမ်းတင်လွန်းရင်လည်း customer
တွေ စိတ်ပျက်သွားတယ်။ ခဏခဏတင်မယ့်အစား အရည်အသွေးကောင်းတဲ့ post တစ်ခုဖန်တီးဖို့
အချိန်ပိုဖန်တီးလိုက်ပါ။
_________________________
(7) Do : Tracking URL တွေ Page insight တွေကို
သုံးပြီး ကိုယ့်ရဲ့ page
performance ကို မကြာခဏ စစ်ဆေးပေးပါ။
သင့်ရဲ့ post တွေထဲမှာ
ဘာက ပိုအဆင်ပြေတယ် မပြေဘူးဆိုတာ သိထားရင် performance
မြှင့်တင်လို့ရနိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်လို့ရတာပေါ့။
_________________________
(8) Don't : Multimedia Post
တွေတင်ဖို့ မေ့နေတတ်တာ
အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ post
တွေကလည်း social
media marketing အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။
_________________________
(9) Do : မှန်ကန်တဲ့အချိန်မှာ
post တင်ပါ။
လေ့လာမှုတစ်ခုအရ နေ့လည် 1
နာရီနဲ့ 4 နာရီအတွင်းမှာ
တင်တဲ့ post တွေဟာ
click နဲ့ share နှုန်း
အများဆုံးပါတဲ့။ ဒါပေမယ့် audience
တွေကွဲပြားတတ်ကြသလို time
zone လည်း ကွဲပြားတတ်လို့ သင့်ရဲ့ post တွေအတွက်ဆိုရင်
ဘယ်အချိန်က အဆင်အပြေဆုံးလဲဆိုတာ လေ့လာပါ။
_________________________
(10) Don't : တုံ့ပြန်မှုနှေးကွေးတာ
Facebook မှာ complain တက်တတ်တဲ့ customer တွေရဲ့
တစ်ဝက်နီးပါးလောက်က တစ်နာရီအတွင်းမှာ တုံ့ပြန်ဖြေရှင်းမှုတစ်ခုခုရဖို့
မျှော်လင့်တတ်ကြပါတယ်။ အကောင်းမြင်တဲ့ comment
ပဲဖြစ်ဖြစ် ဆိုးဝါးတဲ့ comment
ပဲဖြစ်ဖြစ် လစ်လျူရှုထားမိတာဟာ customer
ကို စိတ်ဆိုးစိတ်ပျက်စေပါတယ်။
_________________________
(11) Do : အောင်မြင်တဲ့
Organic Post တွေတိုးမြှင့်ဖို့
Budget သုံးကြည့်ပါ။
သင့်အတွက် အလုပ်ဖြစ်တယ်လို့ သိထားတဲ့ content
ရှိတာနဲ့ သူ့ကို promote
လုပ်ဖို့ ပိုကောင်းတဲ့ ROI
သုံးပေးပါ။ ဒီလို နည်းဗျူဟာ သုံးထားတဲ့ marketing
ဟာ reach များများရအောင်
ကူညီပေးနိုင်သလို သင့်ရဲ့ page
ကို လူများများ စိတ်ဝင်စားလာအောင် ဆွဲဆောင်ပေးနိုင်ပါတယ်။
_________________________
(12) Don't : တရားသေသတ်မှတ်တာ
တခြားနယ်ပယ်တစ်ခုမှာ အဆင်ပြေတဲ့နည်းလမ်းဟာ သင့်အတွက်တော့
အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒါကြောင့် post
အမျိုးအစား တစ်ပုံစံတည်းကိုပဲ တရားသေသတ်မှတ်မထားပါနဲ့။ ဘယ်အရာက သင့်အတွက်
အလုပ်ဖြစ်လဲဆိုတာ အမြဲတမ်းလေ့လာစမ်းသပ်နေဖို့ လိုပါတယ်။
.
ဒီ Post ကနေ
မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် အခြားသူတွေပါ ဗဟုသုတရရှိစေဖို့ Post ကို Share လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။
Credit ---- For the future
entrepreneurs of Myanmar
Post a Comment