Facebook ကို လုပ်ငန်းပိုင်းဆိုင်ရာအတွက် အသုံးချတဲ့အခါမှာ သိထားသင့်တဲ့ Do's and Don'ts
************************************


Facebook ကိုသုံးတာဟာ သင့်ရဲ့ လုပ်ငန်းကို တိုးချဲ့လို့ရနိုင်ပြီး customer သစ်တွေကို ဆွဲဆောင်လို့ရတာမှန်ပေမယ့် Followers တွေရဲ့ news feed မှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါကြောင့် Facebook ကို သေချာအသုံးချတတ်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

(1) Do : မှတ်မိလွယ်တဲ့ Profile Picture ကိုသုံးပါ။

Facebook မှာ ကိုယ့်ရဲ့ page ကို လွယ်လွယ်ကူကူနဲ့ ရှာတွေ့ပြီး like များများရနိုင်ဖို့ သတိထားမိလွယ်ပြီး မှတ်မိလွယ်တာဟာ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သင့်ရဲ့ profile picture ဟာ page ရဲ့ ထိပ်ဆုံးမှာရှိနေမှာဖြစ်ပြီး သင်တင်သမျှ post တိုင်းမှာလည်း အမှတ်အသားတစ်ခုအဖြစ် မြင်ရမှာပါ။ များသောအားဖြင့်တော့ company logo ကို profile picture အဖြစ်ထားတာဟာ အကောင်းဆုံးပါ။
_________________________

(2) Don't : Company ရဲ့ about နေရာမှာ ဘာမှမရေးဘဲထားတာ

Profile picture ရဲ့အောက်မှာ About ကို preview ကြည့်နိုင်ပါတယ်။ ဒီနေရာဟာ သင့်ရဲ့ page ကို လာလည်တဲ့သူတွေအနေနဲ့ ပထမဆုံးမြင်ရမယ့်နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လုပ်ငန်းက အဓိက ဘာတွေရောင်းတယ် ဘာအချိန်မှာဖွင့်တယ် ပြီးတော့ website link စသဖြင့် လူတွေမေးလာနိုင်တဲ့အကြောင်းအရာတွေကို ဖော်ပြထားသင့်ပါတယ်။
_________________________

(3) Do : Cover Photo, Pinned Post နဲ့ Profile CTA တို့ကို Marketing Campaigns တွေ တိုးချဲ့ကြော်ငြာတဲအခါ အသုံးချနိုင်အောင် စီစဉ်ပါ။

ဒီအရာသုံးခုဟာ page မှာ အသိအထားခံရဆုံး အရာတွေဖြစ်လို့ သင့်အနေနဲ့ marketing campaign တွေနဲ့ engagement များအောင်လုပ်ချင်ရင် သင်ပေးချင်တဲ့ အကြောင်းအရာနဲ့ ဒီသုံးခုကို ဆီလျော်ကိုက်ညီအောင် စီစဉ်ထားသင့်ပါတယ်။
_________________________

(4) Don't : အကောင့်တုသုံးတာ

အကောင့်တုတွေက Facebook ရဲ့ terms & condition ကို ချိုးဖျက်ရာရောက်ပါတယ်။
_________________________

(5) Do : Organic Post တွေကို စုစည်းပါ

Facebook မှာ သင့်ရဲ့ organic post တွေကို အပိုင်းပိုင်းခွဲခြားထားပြီး အသက်အရွယ် ကျား/မ ပညာရေး စတဲ့အချက်တွေအပေါ်မူတည် target ထားလို့ရတဲ့ tools တွေရှိပါတယ်။ မှန်ကန်တဲ့ audience တွေအတွက် သင့်တော်တဲ့ content တွေသုံးပြီး engagement များများလိုချင်ရင်တော့ ဒီအချက်ကို အသုံးချပါ။
_________________________

(6) Don't : Post တွေ တင်လွန်းတာ

တစ်နေ့တည်းနဲ့ Post တွေ အရမ်းတင်လွန်းရင်လည်း customer တွေ စိတ်ပျက်သွားတယ်။ ခဏခဏတင်မယ့်အစား အရည်အသွေးကောင်းတဲ့ post တစ်ခုဖန်တီးဖို့ အချိန်ပိုဖန်တီးလိုက်ပါ။
_________________________

(7) Do : Tracking URL တွေ Page insight တွေကို သုံးပြီး ကိုယ့်ရဲ့ page performance ကို မကြာခဏ စစ်ဆေးပေးပါ။

သင့်ရဲ့ post တွေထဲမှာ ဘာက ပိုအဆင်ပြေတယ် မပြေဘူးဆိုတာ သိထားရင် performance မြှင့်တင်လို့ရနိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်လို့ရတာပေါ့။
_________________________

(8) Don't : Multimedia Post တွေတင်ဖို့ မေ့နေတတ်တာ

အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ post တွေကလည်း social media marketing အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။
_________________________

(9) Do : မှန်ကန်တဲ့အချိန်မှာ post တင်ပါ။

လေ့လာမှုတစ်ခုအရ နေ့လည် 1 နာရီနဲ့ 4 နာရီအတွင်းမှာ တင်တဲ့ post တွေဟာ click နဲ့ share နှုန်း အများဆုံးပါတဲ့။ ဒါပေမယ့် audience တွေကွဲပြားတတ်ကြသလို time zone လည်း ကွဲပြားတတ်လို့ သင့်ရဲ့ post တွေအတွက်ဆိုရင် ဘယ်အချိန်က အဆင်အပြေဆုံးလဲဆိုတာ လေ့လာပါ။
_________________________

(10) Don't : တုံ့ပြန်မှုနှေးကွေးတာ

Facebook မှာ complain တက်တတ်တဲ့ customer တွေရဲ့ တစ်ဝက်နီးပါးလောက်က တစ်နာရီအတွင်းမှာ တုံ့ပြန်ဖြေရှင်းမှုတစ်ခုခုရဖို့ မျှော်လင့်တတ်ကြပါတယ်။ အကောင်းမြင်တဲ့ comment ပဲဖြစ်ဖြစ် ဆိုးဝါးတဲ့ comment ပဲဖြစ်ဖြစ် လစ်လျူရှုထားမိတာဟာ customer ကို စိတ်ဆိုးစိတ်ပျက်စေပါတယ်။
_________________________

(11) Do : အောင်မြင်တဲ့ Organic Post တွေတိုးမြှင့်ဖို့ Budget သုံးကြည့်ပါ။

သင့်အတွက် အလုပ်ဖြစ်တယ်လို့ သိထားတဲ့ content ရှိတာနဲ့ သူ့ကို promote လုပ်ဖို့ ပိုကောင်းတဲ့ ROI သုံးပေးပါ။ ဒီလို နည်းဗျူဟာ သုံးထားတဲ့ marketing ဟာ reach များများရအောင် ကူညီပေးနိုင်သလို သင့်ရဲ့ page ကို လူများများ စိတ်ဝင်စားလာအောင် ဆွဲဆောင်ပေးနိုင်ပါတယ်။
_________________________

(12) Don't : တရားသေသတ်မှတ်တာ

တခြားနယ်ပယ်တစ်ခုမှာ အဆင်ပြေတဲ့နည်းလမ်းဟာ သင့်အတွက်တော့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒါကြောင့် post အမျိုးအစား တစ်ပုံစံတည်းကိုပဲ တရားသေသတ်မှတ်မထားပါနဲ့။ ဘယ်အရာက သင့်အတွက် အလုပ်ဖြစ်လဲဆိုတာ အမြဲတမ်းလေ့လာစမ်းသပ်နေဖို့ လိုပါတယ်။
.

ဒီ Post ကနေ မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် အခြားသူတွေပါ ဗဟုသုတရရှိစေဖို့ Post ကို Share လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။

Credit ---- For the future entrepreneurs of Myanmar

 

 


Post a Comment

أحدث أقدم