ဗီတာမင်(D) ဓာတ်ချို့တဲ့ခြင်းကြောင့် အရိုးပွခြင်းပိုဖြစ်နိုင်
|
ဗီတာမင်(D) ဓာတ်ချို့တဲ့ခြင်းကြောင့်
အရိုးပွခြင်းပိုဖြစ်နိုင်
ဗီတာမင်(D) ဓာတ်ချို့တဲ့ခြင်းကြောင့်
ကျား/မ မရွေး၊
မည်သည့်အသက်အရွယ်တွင်မဆိုအထူးသဖြင့်ဆိုးကျိုးသက်ရောက်မှုရှိစေကာကမ္ဘာတစ်ဝှမ်းရှိ
သက်ကြီးရွယ် အိုများ သို့မဟုတ်အရိုးပွရောဂါ ခံစားနေရသူများအတွက် အန္တရာယ်
ပိုများသည်။
ဗီတာမင်(D)ဓာတ် ချို့
တဲ့ခြင်းမှအရိုးသန်မာမှုကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိ သည်။ဗီတာမင်(D)ဓာတ်ချို့တဲ့သော မွေးကင်းစကလေးတွင် rickets ဟုခေါ်သော
အရိုးပျော့ရောဂါ ဖြစ်နိုင်သည်။ တခြားတစ်ဖက်တွင်သက်ကြီးရွယ်အိုများမှာဗီတာမင် (D)
ဓာတ် အလွန် ချို့တဲ့နေပါက အရိုးပျော့ osteomalacia ဖြစ်စေနိုင်သည်။ သို့သော်တစ်ခါတစ်ရံ တွင်ထိုမျှလောက်မပြင်းထန်သော်လည်းအရိုးပွရောဂါဖြစ်နိုင်ချေများပါသည်။
ဗီတာမင်(D) ဖြည့်စွက်သောက်ခြင်း၏အကျိုး
လေ့လာတွေ့ရှိချက်များအရဗီတာမင်(D)ဖြည့်စွက်သောက်ခြင်းဖြင့်ကြွက်သားသန်မာစေခြင်း၊လှုပ်ရှားမှု
ဟန်ချက်ညီရန် အထောက်အကူပြုခြင်း၊ ကြွက်သားလှုပ်ရှားမှုကိုတိုးတက်စေခြင်း၊ ပိုမိုလွယ်ကူစွာလှုပ်ရှားနိုင်ခြင်း
နှင့်သက်ကြီးရွယ်အိုများချော်လဲကျခြင်းကို ပင်လျှော့ချပေးနိုင်သည်။ ဗီတာမင်(D)ဓာတ်အလုံအလောက်ရပါကအထူးသဖြင့်သက်ကြီးရွယ်အိုများ အတွက်
အထူးသတိပြုရသည့်အရိုးကျိုးခြင်းနှင့်ထိုအရိုးကျိုးခြင်းကြောင့်အမျိုးမျိုးဝေဒနာခံစားရသော
လူနာများ အားထိုသို့သောဖြစ်နိုင်ခြေ ကိုလျှော့ချပေးနိုင်သည်။ အရိုးကျိုးပါက
ကျိုးသောနေရာနာကျင်ခြင်းအပြင်လှုပ်ရှားမှုအကန့်အသတ်ဖြစ်သွားနိုင်သည်။အချို့သောလူနာများသည်တင်ပါးဆုံရိုးကျိုးသောဒဏ်ကြောင့်အိပ်ယာထဲလဲနေရပြီးထိုမှတစ်ဆင့်ရောဂါပိုးဝင်ခြင်းနှင့်
အချို့သော အခြေအနေများတွင် အသက်ကိုပါ သေစေနိုင်သည်အထိ ဖြစ်နိုင်သည်။
ဗီတာမင်(D)ဓာတ်ချို့တဲ့နေကြောင်းသိနိုင်
ဗီတာမင်(D) ဓာတ်သွေးထဲတွင် မည်မျှ
ရှိနေသည်ကို အတိအကျစစ်ဆေးနိုင်ပါသည်။
ထိုစစ်ဆေးမှုများအားဆောင်ရွက်ရန်အထူးသဖြင့်အရိုးပွရောဂါခံစားနေရသောသက်ကြီးရွယ်အိုများနှင့်အရိုးကျိုးလွယ်သောသူများကိုအကြံပေးလေ့ရှိပါသည်။ဗီတာမင်(D)ဓာတ်ထုတ်လုပ်မှုကိုဆိုးရွားစွာ သက်ရောက်မှု ရှိသော အသည်း သို့မဟုတ်
ကျောက်ကပ် ရောဂါ ခံစားနေရသောသူများ၊ BMI ၃၀ ကျော်
သောသူများနှင့် အပြင်ထွက်အလုပ်လုပ်ခြင်းမရှိခြင်း ကြောင့်သော်လည်းကောင်း
အပြင်မထွက်မီခရမ်းလွန်ရောင်ခြည်ကာကွယ်သောလိုးရှင်းများပုံမှန်လိမ်းလေ့ရှိသောကြောင့်သော်လည်းကောင်းနေရောင်ခြည်အလုံအလောက်မရရှိသောသူများသည်လည်း
ဗီတာမင်(D)ဓာတ်စစ်ဆေးခြင်း ခံယူသင့်သည်။
ဆေးပညာတက္ကသိုလ် နှင့် The Endocrine Society of Thailand မှ သတ်မှတ်ချက်အရ ဗီတာမင်(D) ဓာတ် ၂၀ ng/ml ထက်လျော့နည်းနေသော သူများမှာ ဗီတာမင် (D) ဓာတ်ချို့တဲ့သောသူများဖြစ်ပါသည်။
အရိုးပွရောဂါ ခံစားနေရသောသူများ ကဲ့သို့သော ဗီတာမင်(D)ဓာတ် ချို့တဲ့နိုင်ချေ
များသည့် အုပ်စုတွင် အနည်းဆုံး ၃၀ ng/ml ရှိမှသာ
အန္တရာယ်ကင်းသော အဆင့်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ဗီတာမင်(D)သွေးရည်ကြည် ပမာဏ တိုးမြှင့်ခြင်း
ဗီတာမင်(D)ဓာတ်အား သဘာဝအတိုင်း
ရရှိနိုင်သော အရင်းအမြစ်မှာ ခရမ်းလွန်ရောင်ခြည် ဘီ (UVB) ပါဝင်သော
နေရောင်ခြည်ဖြစ်ပြီး ထိုကဲ့သို့သော နေရောင်ခြည်ကို မနက် ၉နာရီမှနေ့လည် ၃နာရီ
ကြားတွင် ကောင်းစွာရရှိနိုင်သည်။ ဗီတာမင်(D)ဓာတ်ပို
မိုရရှိရန်နေရောင်ခြည်အောက်တွင်စိုက်ထားသောမှိုများနှင့်
ဆော်လမွန်၊တူနာ၊မက်ကရယ်နှင့်ငါးသေတ္တာကဲ့သို့အဆီဓာတ်များသောငါးများ အပြင်ဗီတာမင် (D)
ဓာတ် ထည့်ထားသော ဥများနှင့် နို့ ကို စားသုံးပေးနိုင်သည်။
ဗီတာမင်(D)ဓာတ်
အလွန်လျော့နည်းနေလျှင်သော်လည်းကောင်း အထက်ပါဖော်ပြထားသောနည်းလမ်းများကိုမလုပ်ဆောင်နိုင်လျှင်သော်လည်းကောင်း
ဆရာဝန်များမှ ဗီတာမင်(D) ဖြည့်စွက် ဆေးဝါးများကို
တစ်ဦးချင်းစီ၏လိုအပ်မှုအပေါ်မူတည်ပြီး ပေးလေ့ ရှိပါသည်။
إرسال تعليق