ကမ္ဘာကြီးကိုစိန်ခေါ်လိုက်တဲ့ Covid 19
|
ဇန်နဝါရီ ၂၉ ရက်ထုတ်
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကြီးမှာ ဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ရာမှာ 2019 nCoV လို့ခေါ်တဲ့ရောဂါတစ်ခု ဝူဟန်မှာ
ဖြစ်ပွားခဲ့ရာမှာ အသက်ကြီးတဲ့သူအများစုကို ကူးစက်ခဲ့ပါတယ်။ ကူးစက်ခ့ရသူတွေထဲမှာ
အမျိုးသားက ၅၆% နဲ့ အမျိုးသမီးက ၄၄% ရှိတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၊ ၂၀၂၀
မတိုင်မီ ကူးစက်ခံရမှုအများစု (၅၅%) ဟာ ဟွာနန်းပင်လယ်စာဈေးကနေ ကူးစက်လာတာဖြစ်တယ်
လို့ဆိုပါတယ်။ ၈.၆% ကတော့ ဆင့်ပွားကူးစက်ခံရတာဖြစ်ပါတယ်။ ဆိုလိုတာက ဇန်နဝါရီ ၁
နောက်ပိုင်းမှ တွေ့တာဖြစ်ပါတယ်။ ဒါကြောင့် လူ အချင်းချင်းလည်း ကူးစက်နိုင်တယ် လို့
ယူဆခဲ့တာဖြစ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၅.၂ ရက် ဖြစ်ပါတယ်တဲ့။
ပြောရမယ်ဆိုရင် ဒီ ၂၀၁၉
ကိုရိုနာဗိုင်းရပ်စ်ဟာ လူ လူချင်းကူးစက်တတ်တဲ့အမျိုးထဲမှာ ၇ ခုမြောက် ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပါတယ်။ ဘယ်လိုက ဘယ်လို စပြီးကူးစက်ခဲ့တာလဲဆိုတာကို မသိနိုင်ခဲ့ပေမယ့်
ရောဂါပိုးရှိသူရဲ့ တံတွေး၊ သလိပ်၊ နှပ် စတာတွေ ပေကျံနေတဲ့ အရာဝတ္ထုတွေကို ကိုင်မိတာ၊
ရောဂါပိုးရှိသူနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံရတာ စတာတွေကနေ ကူးခဲ့တယ် လို့
ဆိုနိုင်တဲ့ အချက်အလက်တွေတော့ အများကြီး တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင်
ဒီဗိုင်းရပ်စ်ပိုးဟာ နှာခေါင်းပေါက်၊ ပါးစပ်နဲ့
မျက်လုံးတွေထဲကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဗိုင်းရပ်စ်ဟာ ချောင်းဆိုး၊ နှာချေတဲ့အခါ ထွက်လာတဲ့
PM2.5 အရွယ်(ဆံပင်အချင်းရဲ့ ၃% လောက်ပဲရှိတဲ့)
အမှုန်ထဲမှာပါလာတဲ့အတွက် အဲဒီကတစ်ဆင့် ကူးတာ ဖြစ်ပါတယ်။
အကူးခံရတဲ့ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး
အောက်ပါ အအေးမိခြင်း နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ တွေ့ရမှာ ဖြစ်ပါတယ်။
- ရိုးရိုးအအေးမိတာဆိုရင်
နှာရည်ယိုမယ်၊ နှာပိတ်မယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ မပျောက်ခင် ၂ ရက်ကနေ ၄
ရက်လောက်အတွင်း အဖျားတက်နေမယ်။
- တုပ်ကွေးဆိုရင် အဖျားတက်မယ်၊
ကိုယ်တွေလက်တွေကိုက်မယ်၊ ခေါင်းကိုက်မယ်၊ တစ်ဆက်တည်း လည်ချောင်းနာမယ်၊
ချောင်းဆိုးမယ်။ နှာရည်ယိုမယ်။ ၂ရက် ၃ ရက်အတွင်းမှာဆိုရင်
ကိုရိုနာရဲ့ လက္ခဏာတွေနဲ့ ခွဲခြားရခက်ပါတယ်။ ၃ – ၄
ရက်အတွင်း မပျောက်ဘူးဆိုရင် ဆေးရုံ ဆေးခန်း သွားပြဖို့ လိုအပ်နေပြီ
ဖြစ်ပါတယ်။
- SARS ဆားစ် ဆိုရင်
ရောဂါပျိုးချိန်ဟာ ၂-၇ ရက်အတွင်း ဖြစ်ပါတယ်။ အဲဒါကျော်ရင်တော့ ကူးစက်ခံရသူဟာ
အဖျား ၃၈° ဆဲလ်စီရပ်စ်
အထက်မှာ ရှိနေမယ်။ ခေါင်းအပြင်းအထန်ကိုက်မယ်။ အဆုတ်ထိခိုက်မှုနဲ့အတူ ပင်ပန်းနွမ်းနယ်နေမယ်။
SARS ဟာ
နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။
အဲဒီတော့
ကိုယ့်မိသားစုထဲမှာ ဖျားတာတို့၊ ချောင်းဆိုးတာတို့၊ လည်ပင်းနာတာတို့၊
နှာရည်ယိုတာတို့၊ အသက်ရှူရခက်တာတို့ စတဲ့ လက္ခဏာတွေပြလာခဲ့ရင်တော့ ဆေးရုံကို
အမြန်သွားပါလို့ တိုက်တွန်းလိုပါတယ်။ ရောဂါရှာဖွေမှုနဲ့ လိုအပ်တဲ့ကုသမှုတွေ
အရေးပေါ်လုပ်ရမှာမို့ ဖြစ်ပါတယ်။
တုပ်ကွေးနဲ့ နမိုးနီယားမှ ကိုယ့်ကိုယ်ကို ဘယ်လို
ကာကွယ်မလဲ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့
အစားအသောက်တွေကို စားသုံးပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကောင်းကောင်းနားပါ။
- လူအများရှိတဲ့နေရာ၊ ရောဂါကူးစက်သူတွေနဲ့ ထိတွေ့တဲ့အခါ မျက်နှာဖုံး နှာခေါင်းစည်းတပ်ပါ။
- လက်ကို ဆပ်ပြာ ဒါမှမဟုတ်
အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည် စတာတွေနဲ့ သေသေချာချာဆေးပါ။ အစားအစာမစားခင်
ညစ်ပေနေတဲ့ အရာဝတ္ထုတွေကို ကိုင်တာ ထိတာမျိုး မလုပ်မိအောင် သတိပြုပါ။
- အရက် ဆေးလိပ် ရှောင်ကြဉ်ပါ။
- လေထုညစ်ညမ်းတဲ့နေရာ (အထူးသဖြင့် PM2.5 ပျံ့နှံ့နေတဲ့နေရာ)တွေကို ရှောင်ပါ။
- မျက်နှာသုတ်ပဝါ၊
ပန်းကန်ခွက်ယောက် စတာတွေကို မျှဝေသုံးစွဲခြင်းကိုလည်း ရှောင်ပါ။ အထူးသဖြင့်
ရောဂါကူးစက်ခံထားရတဲ့ လူနာတွေနဲ့ အတူ မစားသောက်ပါနဲ့။
- ရောဂါပိုး ကူးစက်ပြန့်ပွားနေတဲ့
အရပ်ဒေသတွေကို ခရီးမထွက်ပါနဲ့။ မဖြစ်မနေ သွားရတော့မယ်ဆိုရင် မျက်နှာဖုံး
နှာခေါင်းစည်း စတဲ့ အကာအကွယ်တွေ ဝတ်ဆင်ပါ။
- နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး
မှန်မှန်ထိုးဖို့လည်းမမေ့ပါနဲ့။ တုပ်ကွေးဟာ အကူးအများဆုံး
ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အခြား ကျန်းမာရေး ထိခိုက်မှုတွေနဲ့လည်း
ဆက်စပ်နေပါတယ်။
- ကလေးငယ်လေးတွေနဲ့
သက်ကြီးပိုင်းတွေဟာ နမိုးနီးယားကာကွယ်ဆေးကိုလည်း ထိုးထားသင့်ပါတယ်။
ဒီကာကွယ်ဆေးဟာ နမိုးနီးယားဖြစ်ပွားမှုကို ၇၅% အထိ ကာကွယ်ပေးနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေလုပ်ရမလဲ။
- ကိုရိုနာဗိုင်းရပ်စ် (CoV) ဟာ လူတွေရော တိရစ္ဆာန်တွေကိုပါ
ကူးစက်နိုင်တဲ့ ဗိုင်းရပ်မိသားစုကြီးထဲမှာ ပါဝင်ပါတယ်။ MERS တို့ SERS တို့လောက် မပြင်းထန်ဘဲ
သေနှုန်းလည်းနည်းမယ်လို့ ထင်ရပေမယ့် MERS နဲ့ SARS တို့နဲ့
တစ်ဖွဲ့တည်းလို့ပဲ သတ်မှတ်ထားပါတယ်။ MERS မှာ သေဆုံးမှု ၃၀% နဲ့ SARS က ၁၀% လောက်ပဲ ရှိနေတဲ့ အချိန်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ က
(အစပိုင်းတုန်းက) ၃% အောက်ပဲ ရှိခဲ့ပါတယ်။
ကုသမှု
- လောလောဆယ်ဆယ် သူ့ကို ကုသဖို့ ဆေး
မရှိသေးပါဘူး။ ဆရာဝန်တွေကတော့ သက်သာစေမယ့်ဆေးတွေ ဖြစ်တဲ့ အဖျားကျဆေးတို့
အသက်ရှူလို့ကောင်းအောင် အဆုတ်ထဲကချွဲပျော်ဆေးတို့ စတာတွေနဲ့ပဲ
ထိန်းထားနိုင်ပါသေးတယ်။ အဲဒီတော့ ဒီရောဂါအတွက် ကုသဖို့ဆေး နဲ့
ကာကွယ်ဖို့ဆေးတွေ မပေါ်သေးတဲ့ အတောအတွင်းမှာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေကို တတ်နိုင်သမျှ သတိထား ထိန်းထိန်းသိမ်းသိမ်းနဲ့
နေထိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်အမင်းကြောက်ရွံ့ထိတ်လန့်မှုတွေလည်း
မဖြစ်ကြဖို့ သတိပေးနှိုးဆော်လိုက်ရပါတယ်။
ဆေးဝါးကုသမှုပညာ
M.D., Faculty of Medicine, Mahidol University,
1997. Faculty of Medicine Ramathibodi Hospital, Mahidol University ,1997
إرسال تعليق