အဝလွန်တဲ့ ကလေးနှင့် သွေးတိုးရောဂါဖြစ်နိုင်ချေ
ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာဟာ
အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အခုတလော အဝလွန်တဲ့ကလေးတွေ
သိသိသာသာ များလာတာနဲ့အမျှ ကလေးတွေကြားမှာ သွေးတိုးရောဂါ ဖြစ်လာတာတွေလည်း
အများကြီးတွေ့လာရပါတယ်။ ရိုးရိုးကလေးတွေထက် အဝလွန်တဲ့ကလေးတွေမှာ သွေးတိုးနိုင်တဲ့
အန္တရာယ်ဟာ ၁၀.၆ဆ အထိ ပိုများလာနိုင်ပါတယ်။ ကလေးတွေမှာ သွေးပေါင်ချိန်တွေ
မြင့်နေတာတာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့်
မိဘတွေကြားမှာတော့ ခုမှသာ ဒီကိစ္စဟာ အန္တရာယ်ရှိတဲ့
ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတာကို သတိထားမိလာကြတာဖြစ်ပါတယ်။
အဝလွန်ကလေးများနှင့်ပတ်သက်တဲ့
စိတ်ဝင်စားဖွယ်ရာကိန်းဂဏန်းများ
ထိုင်းနိုင်ငံကျန်းမာရေးဦးစီးဌာနမှ
အောက်ပါအချက်အလက်များကို ၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။ –
- မူကြိုအရွယ်ကလေးငယ်များတွင်
၁၀.၂% သည် အဝလွန်နေကြသည်။
- ကျောင်းနေအရွယ်ကလေးမျာတွင် ၁၇%
သည် အဝလွန်နေကြသည်။
၂၀၁၄ ခုနှစ်
မဟီဒေါတက္ကသိုလ်ပါမောက္ခများမှပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုရဲ့ ရလဒ်
စာရင်းဇယားများကို နိုင်ငံတကာအသိအမှတ်ပြု BMC ပြည်သူ့ကျန်းမာရေးဂျာနယ်မှာ
အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ် –
- ထိုင်းလူမျိုးကလေးငယ်များတွင်
၂၀.၉% သည်အဝလွန်ကြရာမှာ ယောက်ျားလေး ၃၀.၆% ရှိပြီး မိန်းကလေး ၁၂.၈% ရှိပါသည်။
ထိုင်းကလေးငယ် ၄% မှာ သွေးတိုးရောဂါကိုခံစားနေကြရသည်။
ဤလေ့လာမှုအရထိုင်းကလေးများအဝလွန်မှုနှုန်းသည် မြင့်တက်လျက်ရှိပြီး
အာရှအိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ၁၀% ခန့် ရှိပါသည်။
- ရိုးရိုးကလေးတွေထက်
အဝလွန်တဲ့ကလေးတွေမှာ သွေးတိုးဖြစ်နေတာ ၁၀.၆ဆ ပိုများနေပါသည်။
၂၀၁၅ – ၁၆
တွင်အဝလွန်နှုန်းသည် ၈.၂% သို့ ကျဆင်းသွားပေမယ် အရေအတွက်ကတော့ အလွန်မြင့်မားနေဆဲ
ဖြစ်ပါတယ်။
ကလေးအဝလွန်ခြင်းနှင့်သွေးတိုးရောဂါဆက်နွယ်မှု
ကမ္ဘာတစ်လွှားရှိ အဝလွန်ကလေးများ
ကလေးအထူးကုဂျာနယ်မှာ အဲရစ်အယ်လ်ချောင်ရဲ့
၂၀၁၇ခုနှစ် လေ့လာမှု စာရင်းဇယားတွေအရ မြောက်အမေရိက၊ ဥရောပနှင့်တောင်အမေရိကတွင် ၃၉
မှ ၄၃ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် မြင့်တက်နေကြပြီး ၎င်းတို့အနက် ကလေး ၂၁ မှ
၂၃ ရာခိုင်နှုန်းနဲ့ အာရှကလေး ၁၀ ရာခိုင်နှုန်းခန့်သည်
အဝလွန်ခြင်းကိုခံစားခဲ့ရကြောင်း တွေ့ရှိရတယ် လို့ ဖော်ပြခဲ့ပါတယ်။
ကလေးသွေးပေါင်ချိန်နှင့် ဆက်စပ်လျက်ရှိသော
အချက်များ
အသက် – အသက်အရွယ်အလိုက် သွေးပေါင်ချိန်လည်းတိုးလာသည်။ ၁၃ နှစ်မှစပြီး
လူကြီးသွေးပေါင်ချိန် နှင့် တန်းတူ ဖြစ်သွားပါသည်။
ကျား / မ – ယောက်ျားလေးများသည်မိန်းကလေးများထက်ပိုပြီး
သွေးပေါင်ချိန် မြင့်သည်။
အရပ်အမြင့် – ပျမ်းမျှထက်မြန်တဲ့နှုန်းနဲ့
ကြီးထွားလာတဲ့ကလေးများတွင် သွေးပေါင်ချိန်ပိုများပါသည်။
ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနှင့်စိတ်ဖိစီးမှု – ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု နှင့်
စိတ်ဖိစီးမှုကြောင့် အသက်အရွယ်နှင့် ကျားမ မရွေး သွေးပေါင်ချိန်ကို ရုတ်ရက်
ခဏတာမြင့်တက်စေသည်။
အဝလွန်တာနဲ့တင် ဘာကြောင့် သွေးတိုးဖြစ်ရတာလဲ။
ခံနိုငျရညျအား၊ အဆီတစျသြှူးထဲမှာရှိတဲ့ leptin ဟိုမုန်းများအစရှိတဲ့ ဖရီးရာဒီကယ် လို့ခေါ်တဲ့ ဆလ်ဖျက်အက်တမ်များ စ
တာတွေနဲ့ ဆိုင်ပါတယ်။ ဒါတွေအပြင် ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ် နဲ့ သွေးပေါင်ချိန်ကို
ထိန်းညှိပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တဲ့ aldosterone ဟိုမုန်းနဲ့လည်းဆိုင်တယ်လို့ ပါမောက္ခ Wakoko
Kawarazaki က ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့
လေ့လာမှုတွေအရ အဝလွန်တဲ့ကလေးတွေမှာ ဒီဟိုမုန်းကို ပုံမှန် မထိန်းချုပ်နိုင်တာကို
တွေ့ရပါတယ်။ အဝလွန်ခြင်းဟာ ကျောက်ကပ်ရဲ့ ဆိုဒီယမ် စွန့်ထုတ်ခြင်း နဲ့
ထိန်းညှိခြင်းအပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း ပါမောက္ခကြီးက
ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သွေးတိုးကြောင့်
ကလေးများမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်များ
- လူကြီးတွေမှာဖြစ်တဲ့အတိုင်း
သွေးကြောတွေ အိုမင်းရင့်ထော်လာတာ၊ ပျက်စီးတာ စတဲ့ သွေးကြောဆိုင်ရာ မူမမှန်
ဖောက်ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်။
- နှလုံး၊ လေဖြတ်ခြင်းနှင့်
နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းတို့အပါအဝင်အရေးပေါ်အခြေအနေများ ပိုမို
ဖြစ်လာနိုင်ပါတယ်။
- လေဖြတ်သွားနိုင်တဲ့သွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေလည်း
မြင့်မားလာပါမယ်။ ခြေတွေ လက်တွေ ထုံနေမယ်။ သေသေသချာချာ
ကုသမှုမခံယူနိုင်ဘူးဆိုရင် ကလေးငယ်လေးမှာတောင်မှ လေဖြန်းတာ၊
ကိုယ်တစ်ပိုင်းသေတာမျိုး ဖြစ်သွားနိုင်ပါတယ်။
ကလေးသွေးတိုးရောဂါ
ဖြစ်စေနိုင်သောအခြေအနေများ
- ၃၄% သည်
ကျောက်ကပ်ရောဂါနှင့်ဆက်စပ်သောအကြောင်းများကြောင့်ဖြစ်သည်။
- ၂၀%
သည်အသက်ရှူလမ်းကြောင်းဆိုင်ရာအခြေအနေများကြောင့်ဖြစ်သည်။
- ၁၃%
ဗဟိုအာရုံကြောစနစ်နှင့်ဆက်စပ်သောအကြောင်းရင်းများကြောင့်ဖြစ်သည်။
- အခြား ၁၃% မှာ
ဆေးနှင့်ဆိုင်သောပြဿနာများကြောင့် ဖြစ်သည်။
- ၈% မှာ မူမမှန်ဟောက်ခြင်းနှင့်
အိပ်ပျော်စဉ် ရုတ်တရက်အသက်ရှူရပ်သောရောဂါကြောင့် ဖြစ်သည်။
- ၆% မှာ endocrine
(သိုင်းရွိုက်စသည့်)ရောဂါများကြောင့် ဖြစ်နိုင်သည်။
- ၃% မှာ
နှလုံးရောဂါကြောင့်ဖြစ်သည်။
တတိယအဆင့်စောင့်ရှောက်မှုစင်တာမှာပြုလုပ်တဲ့
လေ့လာမှုများအရ ကလေးသွေးတိုးရောဂါဟာ များသောအားဖြင့် ဖြစ်တဲ့အကြောင်းရင်းကို
ရှာဖွေ ဖော်ထုတ်နိုင်တာကြောင့် ဒီလိုဖြစ်နေတဲ့ကလေးတွေကို သေသေချာချာ ထပ်မံစစ်ဆေး
ကြည့်ဖို့ လိုအပ်ပါတယ်။
သွေးတိုးရှိမရှိ စစ်ဆေးသင့်တဲ့ ကလေးအုပ်စုများ
၁။ အောက်ပါအခြေအနေမျိုး မှတ်တမ်းရှိတဲ့ ၃
နှစ်အောက်ကလေးငယ်များမှာ ဖြစ်နိုင်ချေ များပါတယ်။
- ကိုယ်ဝန် ၃၂
ပတ်မတိုင်မီမွေးဖွားသောကလေးငယ်များ။
- အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့
ကိုယ် အလေးချိန်ကို မပြည့်မီတဲ့ ကလေးငယ်များ။
- မွေးကင်းစမှာ
ကျန်းမာရေးပြဿနာများကြောင့် ICU မှာ
တင်ခဲ့ရတယ်လို့ မှတ်တမ်းရှိတဲ့ ကလေးငယ်များ။
- ချက်ကြိုးသွေးလွှတ်ကြောထဲကို
ကသီတာ ပိုက်ထည့်ခဲ့ရတဲ့ မှတ်တမ်းရှိ ကလေးငယ်များ။
- နှလုံးရောဂါခံစားရတဲ့
မှတ်တမ်းတွေရှိတဲ့ ကလေးငယ်များ၊ နှလုံးအားနည်းခဲ့ဖူးတဲ့ ကလေးငယ်များ။
- ဦးနှောက်ဖိအားများတဲ့
ရောဂါခံစားနေရတဲ့ ကလေးလူနာများ။
- ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူခဲ့သောကလေးများ။
- ကလေးကင်ဆာရောဂါလူနာများ။
- ရိုးတွင်းခြင်ဆီအစားထိုးကုသမှုခံယူသောကလေးများ။
- ကျောက်ကပ်ရောဂါနှင့်ပတ်သက်သည့်
အောက်ပါမှတ်တမ်းရှိသော ကလေးများ။
- ဆီးလမ်းကြောင်းပိုးဝင်မှုထပ်ခါတလဲလဲဖြစ်ခဲ့ခြင်း။
- ဆီးသွားသည့်အခါသွေးသို့မဟုတ်ပရိုတိန်းများပါဝင်နေခြင်း။
- အခြားကျောက်ကပ်ရောဂါများ
သို့မဟုတ် ပုံမှန်မဟုတ်သောကျောက်ကပ်ဖွဲ့စည်းပုံနှင့် ဆက်စပ်သောပြဿနာများ။
- မိသားစုမှာ ကျောက်ကပ်ရောဂါ
မျိုးရိုးရှိသူများ။
- သွေးပေါင်ချိန်ကိုအကျိုးသက်ရောက်နိုင်သည့်ဆေးများ
သောက်နေရသည့်ကလေးငယ်များ။
- အခြား
သွေးပေါင်ချိန်နှင့်ဆက်စပ်သော အောက်ပါကျန်းမာရေးအခြေအနေများရှိကလေးများ –
- Neurofibromatosis နာဗ်ကြောအဖွဲ့အစည်းတွင် အဖုအကြိတ်များပေါက်ပွားလာသောရောဂါ။
- ဦး နှောက် (သို့)
အခြားအရေးကြီးသောအင်္ဂါများဖြစ်သော ကျောက်ကပ်၊ နှလုံး၊ အဆုတ်နှင့်အရေပြား
စသည်တို့တွင် ကင်ဆာဖြစ်နေခြင်း။
- Sickle cell disease သွေးရောဂါ (မျိုးရိုးလိုက်သည့်
သွေးရောဂါတစ်မျိုး)။
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်သော ၃
နှစ်အထက်ကလေးများ
- အဝလွန်သောကလေးများ။
- သွေးတိုးကဲ့သို့သော
ဆိုးကျိုးများ ဖြစ်လာနိုင်သည့် decongestants၊
ကဖိန်းပါဝင်သောဆေးဝါးများ၊ အရောင်ကျဆေးများ၊ ADHD မူမမှန်တက်ကြွလွန်ရောဂါကို
ကုသသည့် (Ritalin နှင့် Concerta ကဲ့သို့သောဆေးများ)
စသည်တို့အပြင် ဖြည့်စွက် တိုင်းရင်းဆေးများ၊ ဟော်မုန်းသန္ဓေတားဆေး၊ စိတ်ဖိစီးမှုလျှော့ချသောဆေးများ
နှင့် စွဲတတ်သော TCA မူးယစ်ဆေးဝါးများကို သောက်နေရသော
ကလေးများ။
- ကျောက်ကပ်ရောဂါရှိသည့်ကလေးများ။
- အဓိကသွေးလွှတ်ကြောရောဂါဖြစ်ပွားမှုမှတ်တမ်းရှိသောကလေးများ။
- ဆီးချိုဝေဒနာရှင်ကလေးငယ်များ။
ကလေးအဝလွန်မှုကြောင့်ဖြစ်ရသော
သွေးတိုးရောဂါကိုကုသမှုပေးခြင်း
သွေးတိုးတာကို ကုသတဲ့နေရာမှာ
ဖြစ်တဲ့ရောဂါအပေါ်မှာ မူတည်ပြီး တစ်ယောက်ချင်းစီအတွက် ဆေးနဲ့ရော အခြား ဆေးမပါတဲ့
ကုထုံးတွေပါ အမျိုးမျိုးရှိပါတယ်။ ကျောက်ကပ်၊ ဟိုမုန်းဆိုင်ရာရောဂါများ၊
နှလုံးရောဂါ စသည်တို့ ရှိမရှိ အရင်စစ်ဆေးရပါမယ်။ အဲဒီရောဂါတွေမှ မရှိဘူးဆိုရင်
မိသားစုထဲမှာ အလားတူရောဂါမျိုး မှတ်တမ်းရှိ မရှိ နဲ့ အခြား ဖြစ်နိုင်ချေတွေကို
ဆွေးနွေးပေးရပါမယ်။ သွေးတိုးရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်အတွက်
အောက်ပါလူနေမှုပုံစံ များနှင့် နေထိုင်ဖို့ အကြံပြုပါတယ်။
- လေ့ကျင့်ခန်း –
ပြေးလွှားခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်းကဲ့သို့သော
သင့်လျော်တဲ့လေ့ကျင့်ခန်းများကို နှစ်သက်သလို တစ်ပတ်လျှင်အနည်းဆုံး ၃ကြိမ်မှ
၅ ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၃၀ မှ ၆၀အထိ လုပ်ရပါမယ်။ ဒါပေမယ့်
လေ့ကျင့်ခန်းတွေကို အလွန်အကျွံ မလုပ်မိစေဖို့ မလုပ်ခိုင်းဖို့တော့ လိုပါတယ်။
- အစားအသောက်ပုံစံကို ထိန်းညှိပေးခြင်း။
– ကလေးတွေဟာ သရေစာစားခြင်းကို
နှစ်သက်ကြပြီး အဲဒါဟာ အဝလွန်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့်
သူတို့အတွက် အစားအသောက်ပုံစံကို ဂရုတစိုက်ထိန်းချုပ်ထားပေးသင့်ပါတယ်။
ဆိုလိုတာကတော့ သူတို့ဟာ တစ်နေ့မှာ ၃ ကြိမ်သာ အစား စားသင့်ပါတယ်။
ဘိုဟိုက်ဒရိတ်၊ အဆီ၊ သကြားနှင့် ဆားပါဝင်သော အစားအစာများကို
ရှောင်ရှားသင့်ပါတယ်။ အမျှင်ဓာတ်မြင့်မားတဲ့ အနှံများ၊ ပဲများ၊ အစေ့အဆန်များ၊
အခွံမာသီးများနှင့် သစ်သီးများ စတာတွေကို ပိုပြီး
စားသုံးပေးဖို့အကြံပြုလိုပါတယ်။
ဆီးချိုရောဂါ
ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရတဲ့ ကလေးတွေအတွက်ကတော့
သွေးပေါင်ချိန်မည်မျှပင်ရှိပါစေ ဆေးတွေကို မှန်မှန်ကန်ကန် တိုက်ကြဖို့လည်း
ထပ်လောင်း တိုက်တွန်းလိုက်ရပါတယ်။
ဆေးဝါးကုသမှုပညာ
M.D., Faculty of Medicine, Siriraj Hospital, Mahidol University, 2002

Post a Comment