Apple ပဲ့ကိုင်ရှင် စတိဂျော့ဘ်ရဲ့ အောင်မြင်ရေးစည်းမျဉ်း ၁ဝခု

================



Steve Jobs ရဲ့
"TEN RULES FOR SUCCESS"
ကို အရမ်း ကြိုက် လို့
မြန်မာဘာသာပြန် နှင့် ဆိုလိုရင်း တွေကို ရေးလိုက်ပါတယ်။ မတောက်တစ်ခေါက် ENG SKILL နဲ့ RULES ၁ဝ ခုကို ဘာသာပြန် ထားပြီး အနက်အဓိပ္ပာယ် ကိုတော့ ကိုယ်တိုင် လေ့လာ မိသမျှ နဲ့ တက်သလောက် ၊ စဉ်းစား မိသလောက် ရေးထားပါတယ်။
.
.

1.Don't live a limited life.
ကန့်သတ် ထားတဲ့ ဘဝ တစ်ခု နဲ့ မနေထိုင်ပါနဲ့။
ဆိုလိုတာ က ခင်ဗျားကိုေဘာင် ထဲမှာ မနေ ဖို့ပြောတာပါ။ ဘောင် ဆိုတာ ဘာလဲ
ဥပမာ - အိပ်ယာထ ၊ အလုပ်သွား ၊ အလုပ်ပြန် ၊ အိပ်ယာဝင် ၊ လစာထုတ် ၊ ပေးစရာရှိတာပေး ၊ လိုအပ်တဲ့ အရာတွေ ဝယ် ၊ လိုချင်တဲ့ အရာတွေ ဝယ် စသဖြင့် လူ အများစု ပြုလုပ် နေကြတဲ့ အရာတွေ ပါ။

2.Learn from failure.
ရှုံးနိမ့်မူ့တွေ ကနေ သင်ယူပါ။
ဒါ ကတော့ ရှင်းပါတယ် အမှားတွေ ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံး အတွေ့အကြုံ ပါ ၊ အတွေ့အကြုံ ဟာ အကောင်းဆုံး ဆရာတစ်ယောက် ပါ ၊ ဆရာကောင်း တစ်ယောက် နဲ့ သင်ယူ နေတဲ့ သူဟာ တစ်နေ့ကျ အတော်ဆုံးပဲ ဖြစ်တာပါ ။

3.Do what you love to do.
သင် ချစ်တဲ့ စိတ်ဝင်စားတဲ့ အလုပ်ကိုပဲ လုပ်ပါ။
လူ အများစုဟာ စိတ်မချမ်းသာ ကြဘူး သူတို့ လုပ်နေတဲ့ အလုပ် မအောင်မြင် ကြဘူး။ ဘာလို့လဲ? သူတို့တွေ မချစ်တဲ့ စိတ်မဝင်စားတဲ့ အလုပ်တွေ လုပ်နေလို့ပါ။ မချစ်တဲ့ စိတ်ဝင်စားတဲ့ အလုပ် ကို အောင်မြင်အောင်လုပ် ဖို့ ဆိုတာ တော်တော် ကို မလွယ်တာပါ ။ အခု အောင်မြင် နေတဲ့ လူ အနည်းစု ဟာ သူတို့ ချစ်တဲ့ စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်နေကြတဲ့ သူတွေပါ။
ကျွန်တော် တို့ အောင်မြင် ခြင်ရင် ကျွန်တော် တို့ ချစ်တဲ့ စိတ်ဝင်စား တဲ့ အလုပ်ကို လုပ်ဖို့ လိုတယ်။ ကိုယ် ချစ်တဲ့ စိတ်ဝင်စားတဲ့ အလုပ်က ပိုက်ဆံ နည်းနည်း ပဲ ရချင်ရလိမ့်မယ် ဒါပေမယ့် ခင်ဗျားကို အတိုင်းမသိတဲ့ ပျော်ရွှင်မူ့ တွေ ပေး နိုင်တယ်။ (3 Ediots ကို ၃ ကြိမ် အထက် ကြည့်ဖူးတဲ့ သူတွေ ဒီ အချက် ကို ကောင်းကောင်း သဘောပေါက် ပါတယ်။ ကြည့်ဖူးပြီး သဘောမပေါက် ရင် တော့ ကိုယ့်ကိုကိုယ် စာဖတ် ပြီး အတွေးအခေါ် မြင့် ဖို့ လိုပြီသာမှတ်လိုက်ပါ)

4.Ask for feedback.
တုံပြန်ချက်တွေ ကို မေးပါ။
Customers တွေရဲ့ တုံပြန်ချက်တွေ အထူးသဖြင့် ခင်ဗျား ရဲ့ ဝန်ဆောင်မှု/Product အပေါ် မကျေမနပ် ဖြစ်နေတဲ့ Customers တွေ ဟာ ခင်ဗျား အတွက် သင်ယူလေ့လာ ဖို့ အကောင်းဆုံး အရင်းအမြစ် ပါပဲ။ (ရှေးတုန်းက ဘုရင် တွေ သာမန် အရပ်သား ပုံစံ လုပ်ပြီး တိုင်းပြည် ထဲ ဘာဖြစ်နေလဲ ကိုယ်တိုင် ကွင်းဆင်း လေ့လာ တဲ့ ပုံစံ ပေါ့

5.Build a great team.
ထူးချွန် တဲ့ အဖွဲ့အစည်း တစ်ခု တည်ဆောက်ပါ။
လှည်းကို မြင်း ၁ ကောင် နဲ့ စွဲရတာ ထက် ၂ ကောင် နဲ့ စွဲရတာ က ပိုပြီးတော့ မြန် ပါတယ် အဲလိုပါပဲ စုပေါင်း လုပ်ရင် ပိုပြီးတော့ ခရီးရောက် နိုင်ပါတယ် ။အဖွဲ့အစည်း တစ်ခု မှာလည်း ကောင်းမွန်တဲ့ ခေါင်းဆောင် တစ်ယောက် လိုပါတယ်။ မြင်းလှည်း တောင် မောင်းတဲ့ သူ မပါရင် မြင်းတွေ ပြေးချင်ရာပြေး ဖြစ်နေမှာ ပါ။

6.Don't do it for the money.
ပိုက်ဆံ အတွက် အလုပ်မလုပ် ပါနဲ့။
ကျွန်တော် ဒီလို စာတွေ ရေးတာ ပိုက်ဆံ ရလို့ လုပ်တာ မဟုတ် ပါဘူး ကျွန်တော် ချစ်လို့ စိတ်ဝင်စားလို့ ကျွန်တော် သိသမျှ ကို မျှဝေ ပေး ချင်လို့ပါ။ လူ အများစု ဟာ သူတို့ ဘဝ ရဲ့ အချိန် သုံးပုံ တစ်ပုံ ကို ပိုက်ဆံ နောက် ကို လိုက်ရင်း နဲ့ ကုန်ဆုံး သွားတာပါ။ "ကျွန်တော် တို့ ပိုက်ဆံ နောက် မလိုက် ပဲ ပိုက်ဆံ က ကိုယ့်နောက် လိုက်အောင် လုပ်ဖို့ လိုတယ်။"

7.Be proud of your product.
သင့် ရဲ့ ထုတ်ကုန်တွေ အပေါ်မှာ ဂုဏ်ယူပါ။
၂၁ ရာစု မှာ လက်ဆုပ်လက်ကိုင် ပြလို့ ရတဲ့ အရာတွေ ကို ပဲ ထုတ်ကုန် (Product) လို့ ပြေးမြင်လို့ မရတော့ ပါ ဝန်ဆောင်မှု (Service) ဟာလည်း အရမ်းအရေးကြီးတဲ့ ထုတ်ကုန် (Product) တစ်မျိုးပါပဲ ဒါကို သဘောပေါက် ထားဖို့လိုပါတယ်။ ဥပမာ -
ကျွန်တော် ရဲ့ ထုတ်ကုန် တွေဟာ ဒီစာ တွေပါပဲ ကျွန်တော် ဒီလို စာတွေ ရေးရတာ ကို အရမ်း ဂုဏ်ယူပါတယ် ။ မိဘ တွေ သားသမီး တွေ ဘွဲ့တွေ ဘာညာတွေ ရရင် ဂုဏ်ယူ သလို မျိုးပေါ့ ။

8.Don't sell rubbish.
မကောင်းတဲ့ အရာတွေကို မရောင်းပါနဲ့။
ကျွန်တော် တို့ ကိုယ်တိုင် လည်း ကောင်းတာ တွေကိုပဲ ကြိုက်တာ ပါ ကျွန်တော် တို့ ကို မကောင်းတာ တွေ ရောင်းရင် မကြိုက်သလို ကျွန်တော် တို့လည်း မကောင်းတာတွေ မရောင်း ဖို့ လိုတယ်။ ရောင်းတာ ဆိုလို့ ထုတ်ကုန် (Product) တွေပဲ မထင်နဲ့ ဝန်ဆောင်မှု (Service) ကိုလည်း ကောင်းကောင်း ပေးဖို့ လိုတယ် (ဝါ) ဝန်ဆောင်မှု (Service) ကို ရောင်းတာပေါ့။

9.Learn continually.
အမြဲမပျက် သင်ယူပါ။
လူ တော်တော် များများ ဟာ ဘွဲ့ တစ်ခု ရပြီ ဆိုတာနဲ့ သူတို့ရဲ့ သင်ယူမှု ကို ရပ်လိုက်ကြတယ် တကယ်တော့ အဲတာ လုံးဝ မှားပါတယ်။ ဘယ်အရာမဆို အသစ် အသစ်တွေ ထွက်နေတာပါ ဘာကိုမှ မသင်ယူ ဘူးဆိုရင် ခင်ဗျား ခေတ်နောက်ကျ နေမှာပဲ ။ အသက်ကြီးပြီ ဆိုတော့ ဘယ်လို သင်ယူ ရမလဲ?
Reverse Learning ခေါ် ပြောင်းပြန် သင်ကြားမှု ဆိုလိုတာက လူကြီးတွေဟာ လူငယ် တွေမှ တဆင့် ပြန်လည် သင်ယူရတာပါ။ ကိုယ်တိုင် Self-Study လုပ်လို့လည်းရပါတယ် စာအုပ်တွေ က တဆင့်ပေါ့။
ပညာလို အိုသည်မရှိ။(အဝေးသင် ဆောင်ပုုဒ် ငိငိ)

10.Stay hungry ;
Stay foolish.
ဆာလောင်နေပါ ၊ ရူးသွပ်နေပါ။
ကျွန်တော် တို့ ဟာ အသစ်အဆန်း တွေကို လိုချင်ကြတယ် (ဝါ) ဆာလောင် တယ် ပေါ့ ဒါဟာ ဘယ်သူမှ လွန်ဆန် လို့ မရ နိုင်တဲ့ လောကနိယာမ တစ်ခုပါ။
ကျွန်တော် တို့ ဟာ တစ်ခု မဟုတ် တစ်ခု မှာ တော့ စိတ်ဝင်စား ရူးသွပ် ကြတာပါပဲ။
ဥပမာ - ကျွန်တော် ဆိုရင် ဖုန်း တွေကို စိတ်ဝင်စား တယ် လေ့လာတယ် ရူးသွပ် တယ် အခု ကျွန်တော် ဖုန်း တွေကို Pro ကျကျ သိတယ် သဘောပေါက် တယ် ။ နောက်တစ်ခုက စာအုပ်တွေ ပေါ့ ကျွန်တော့် ကို အတွေးအခေါ် တွေ ပေးတယ် အမြင်ကျယ် စေတယ် ဗဟုသုတ တွေ အများကြီး ပေးတယ် ဒါဟာ ကျွန်တော် ရူးသွပ် လို့ပေါ့ ။ ခင်ဗျား လည်း တစ်ခုခု မှာ ရူးသွပ် နေမှာပါ အဲတာ ကို သိအောင် လုပ်ပြီး ကောင်းသထက်ကောင်းအောင် လုပ်ဖို့လိုတယ်။

ဒါတွေကတော့ အက်ပဲဖခင်ကြီး စတိဂျော့ဘ်ရဲ့ အောင်မြင်မှုစည်းမျဉ်း ၁ဝ ခုဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေကို လိုက်နာလုပ်ဆောင်နိုင်ရင် မိတ်ဆွေတို့အတွက် အလွန်အကျိုးရှိလိမ့်မယ် ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ အားလုံးအောင်မြင်ပျော်ရွှင်တဲ့ဘဝ တစ်ခုကို တည်ဆောက်နိုင်ကြပါစေ။


Credit – Original Uploader

Post a Comment

Previous Post Next Post