လည်ပင်းကျီးပေါင်းရောဲဂါအကြောင်း နှင့် ကာကွယ်ပုံ ကုသနည်းများ


အလုပ်လုပ်ကိုင်သော လူငယ်လူရွယ်များ၊ ဤလက္ခဏာနှင့်ပတ်သက်သော အရာများကို သတိထားမိပါသလား။
လည်ပင်းနာကျင်ကိုက်ခဲခြင်း၊ ပခုံး (သို ့) လက်ပြင်ရိုးနာကျင်ကိုက်ခဲခြင်း နှင့် လက်မောင်း အထိနာကျင်ခြင်း၊ ထုံကျင်ခြင်း (သို့) ကြွက်သားအားနည််းခြင်း ၊ ထို ့အတူလက်မောင်းကို မရန် မစွမ်းဆောင်နိုင်ခြင်း (သို ့) ညီညွှတ်စွာမလှုပ်ရှားနိုင်ခြင်းနှင့် လမ်းလျှောက်ရန် အခက်အခဲဖြစ်ခြင်း တို ့ကို ခံစားရပါသလား? အကယ်၍သင် သည်ဤလက္ခဏာထဲကတစ်ခုခုကို ခံစားရလျှင် သတိပြုထားစေချင်သည်။ ဤလက္ခဏာတွေဟာလည်ပင်းအ ရိုးနုပျက်စီးသည်ရောဂါ(သို ့)လည်ပင်း တစ်ရှူး၊ အရိုးနုပျက်စီးသည် ရောဂါတို ့ဖြစ်နိုင်သည်။

လည်ပင်းကျီးပေါင်း ရောဂါဖြစ်ပွားရသည့်အကြောင်းတရားများနှင့်လက္ခဏာများ

လည်ပင်းကျီးပေါင်း ရောဂါသည် မတော်တဆဖြစ်ခြင်း (သို ့)ထိခိုက် ဒဏ်ရာရခြင်းတို ့မှ ဖြစ်ပေါ်လာသလို အခြားလုပ်ရပ်မှလည်းဖြစ်ပေါ်လာနိုင်သည်။ အကယ်၍မတော်တဆမှ ထိခိုက်မှုဖြစ်ခဲ့လျှင် ထိုဒဏ်ရာ ခန္ဓာကိုယ် အနေအထား မမှန်ကန်မှုကြောင့် အန္တရာယ်ကို ကျရောက်ရသည်နှင့် လည်ပင်းနှင့် နောက်ကျောကြွက်သားကို မမှန်မကန် အသုံးပြုခြင်းကြောင့်ဖြစ််သည်။ ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ခန္ဓာကိုယ်အနေအထားကို ပုံသေထားကာ ထိုင်၍ Phone ကို အချိန်ကြာမြင့်စွာ အသုံးပြုသူ (သို့) အထူးအားဖြင့် နေ ့စဉ် ကွန်ပြူတာကို အချိန် ကြာမြင့်စွာအသုံးပြုသူဖြစ်သည်။ ထိုကဲ့သို ့သောလူအမျိူးအစားတွေဟာ လည်ပင်းနာကျင်ခြင်း (သို့) ပခုံးနှင့် လက်ပြင်ရိုးနာကျင်ခြင်းကို ခံစားနိုင်ချေအလားအလာရှိသည်။ မကြာခဏ စူးရှသောခံစားမှု၊ လျှပ်စစ် လိုက်သလို ပြင်းထန်တဲ့ နာကျင်မှုကို လက်မောင်းတစ်လျှောက်တွေ ခံစားရခြင်း၊ ထုံကျင်ခြင်း အချိုးသောအခြေ အနေမှာ ပုံမှန်လုပ်ဆောင်သောအလုပ် (သို့)နေ ့စဉ်အလုပ်တွေကို ပါမလုပ်ဆောင်နိုင်လောက်အောင်ကြွက် သားအားနည်းမှုဖြစ်လာသည်။

လည်ပင်းကျီးပေါင်း ရောဂါ ကုသမှုနှင့်လမ်းညွှန်

ခေတ်မီတိုးတက်တဲ့ကုသမှုဟာဆိုရင် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ကိုရရှိသည်။ ခေတ်မီတဲ့အသုံးအဆောင် စက်ပစ္စည်းဟာ ဆရာဝန်တွေကို ရောဂါရှာဖွေ လေ့လာဆန်းစစ်တဲ့နေရာမှာ ရှင်းလင်းလွယ်ကူစေပြီး ကျွမ်းကျင် သောနည်းဟန်ဖြင့်စွမ်းဆောင်နိုင်ရန် အထောက်အကူပြုသည်။ ကုသမှုအမျိုးအစား အုပ်စုသုံးမျိုးခွဲခြားထား သည်။

ပထမအုပ်စု – ဤအဖွဲ ့ဟာဆိုရင် ရောဂါလက္ခဏာပြင်းထန်မှုအနည်းငယ်သာရှိပြီး ၄င်း၏ကုသမှုသည်ခွဲစိတ် ကုသရန် မလိုအပ်ပါ။များသောအားဖြင့်ကုသမှုသည် ဆရာဝန်ညွှန်ကြားသည့်ဆေးဝါးများကို သောက်သုံးခြင်း နှင့် ကာယပိုင်းနှင့် သက်ဆိုင်သောရောဂါကုထုံးဖြင့်ကုသသည်။

ဒုတိယအုပ်စု – ဆေးဝါးများကိုသောက်သုံးပြီးသော်လည်း ကုသအပေါ်တုံ ့ပြန်မှု မရှိသောလူနာများဖြစ်သည်။
ဤလူနာများကို ဆန်းသစ်ပြောင်းလဲကုသမှုနှင့်ခွဲစိတ်စရာမလိုအောင်ပြန်လည်သက်သာစေဖို ့လုပ်ဆောင်ပေး သည်။ ဥပမာပြရလျှင် အပူပေးသည့်ကုထုံး (သို ့) ထိခိုက်နာကျင်တဲ့လည်ပင်းနားရှိ အကြောကိုဆေးထိုးပေးသ လို nucleoplasty ကုထုံးကိုလည်းအသုံးပြုသည်။
လည်ပင်းအရိုးကျီးပေါင်း (သို ့မဟုတ်)အရိုးနုပျက်စီးခြင်းကို nucleoplasty နည်းပညာ (သို့) မြင့်မားတဲ့ရေဒီယို လှိုင်းတုန်ခါမှု နှင့်ကုသတဲ ့နေရာမှာအခြေခံကျသော အချက်သုံးချက်ရှိသည်။

  1. ကျောရိုးကြားရှိ အရိုးနုအလွှာအထဲက ဖိအားကိုလျော့ချသည်။
  2. နာကျင်မှုကိုဖြစ်စေသည့် ကျောရိုးဗဟိုချက်မှာ ဖြစ်ပေါ်လာတဲ့ အကြောကို ပျော်ဝင်ပျောက်ကွယ်စေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုအကြောသည် ကျောရိုးအဆစ်ကြားရှိ အရိုးနုအလွှာ ဘေးပတ်လည်လွတ်သောနေ ရာမှာထိုးဖောက်ဝင်ရောက်သည်။ အတွင်းပိုင်းထဲသို ့မဝင်ရောက်သွားပါ။ ရေဒီယိုလှိုင်းဟာအလယ်ပိုင်းရှိအဆစ် ကြားအရိုးနုလွှာ ထဲဝင်ရောက်လာသည့်အကြောကို ပျောက်ကွယ်စေသည်။
  3. နာကျင်မှုကိုဖြစ်ပွားစေသော ဓါတုဗဒနှင့် ဆိုင်သောအားကိုလျော့နည်းသက်သာလာအောင် မော်လီကျုဖြစ် ပေါ်မှု နှင့်အရိုးနုအလွှာပြန်လည်ဖွဲ ့စည်းခြင်းကုသမှုနည်းပညာကိုအသုံးပြုသည်။

ဘယ်သူတွေအတွက် nucleoplasty ဟာ အကျိုးပြု၍သင့်လျော်သောကုသမှုဖြစ်ပါသနည်း?

(herniated nucleus pulposus) HNP လူနာ အလွန်အကျွံမခံစားရသော်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားရသူနှင့့်ဆေးဝါးသောက်သုံးခြင်း ကာယပိုင်းကုထုံးနည်းနှင့် နေ ့စဉ်လုပ်ဆောင်နေကျလုပ်ငန်းဆောင်တာ ပြောင်းလဲကုသသော်လည်းတုံပြန်မှုမရှိ။ မတိုးတက်လာသောသူအတွက်သင့်လျော်သည်။ အရိုးနုအလွှာရှည် ထွက်ခြင်း(သို့) ပုံမှန်မဟုတ်သောအရိုးကြီးထွားလာခြင်း (သို့) ကျောရိိုးပေါ်ထွက်လာခြင်းကို MRI Scan ဖြင့် စမ်းသပ်ထားသောလူနာများ သို ့သော်လည်း အရေးပါသေ အကြောကို ဖိနှိပ်ခြင်းမရှိ၍ နာကျင်မှုကိုခံစားနေရသောသူအ နေဖြင့်Nucleoplasty ကုသမှုသည်သာအကောင်းဆုံးအကျိုးရလး်ကိုရရှိမည်။

Nucleoplasty ၏အကျိုးကျေးဇူး

  • မေ့ဆေးထိုးစရာမလိုခြင်း
  • ခွဲစိတ်စရာလိုအပ်သည်အခြေအနေကိုဖယ်ရှားပေးခြင်း
  • ဆေးရုံတက်စရာမလိုအပ်ခြင်း
  • လျင်မြန်စွာသက်သာစေခြင်း လူနာသည်ကုသသည့်ရက်မှာပင်အိမ်ပြန်နိုင်သည် (သို့) ဆေးရုံမှတစ်ညအနားယူ၍ပြန်နိုင်ခြင်း
  • လူနာအများစုအတွက် နာကျင်မှုကိုလျင်မြန်စွာသက်သာစေပြီးနှစ်ပတ်အတွင်းသိသာလာစေသည်။

တတိယအုပ်စု  ဤ အုပ်စုသည်ခွဲစိတ်ကုသရန်လိုအပ်သောလူနာများဖြစ်သည်။ ၄င်းတို့မှာ

  • ခြောက်ပတ်နှင့်အထက်အချိန်ကြာမြင့်စွာရောဂါလက္ခဏာကိုခံစားရခြင်းနှင့်မကြာခဏဖြစ်ပေါ်ခြင်းနှင့်နာကျင်ကိုက်ခဲခြင်းခံရသူ
  • အခြားကုသမှုအပေါ်တုံ့ပြန်မှုမရှိသူ(သို့)နာတာရှည်ခံစားနေရသူ
  • အရိုးအဆစ်အားနည်းလာခြင်း၊ ဥပမာအားဖြင့်လက်ကောက်ဝတ်၊ တံတောင်ဆစ် (သို့) ပခုံး
  • ကျောရိုးနာကျင်ခြင်းရောဂါလက္ခဏာရှိသူ၊ လက်ကိုကောင်းမွန်စွာအသုံးမပြုနိုင်သူ (သို့)ဟန်ချက်မထိန်းနိုင်သူ
  • ရောဂါအခြေအနေကြီးပွားလာခြင်းကိုခံစားရသူ

လည်ပင်းကျီးပေါင်းရောဂါကိုလျော့နည်းအောင်ရိုးရှင်းသည့်မိမိကိုယ်ကိုဂရုစိုက်နည်း

နာကျင်ကိုက်ခဲခြင်းကိုဖြစ်စေသောအရာကိုရှောင်သူနှင့်ကျောရိုးအကြောကိုဖိနှိပ်ခြင်းကိုဖြစ်ပေါ်မှု (Cervical degenerative dis disease) (သို့) ကိုက်ခဲနာကျင်ခြင်း၊ လည်ပင်းကြွက်သား၊ ပခုံး (သို့) လက်ပြင်ရိုးတင်းကြပ် ခြင်းခံစားသူအနေဖြင့် ကိုယ့်ကိုယ်ကိုအမြဲသတိပေးပြီးအချိန်တစ်မိနစ်လောက် အကြောဆန် ့ခြင်း၊ ကြွက်သားကို အကြောလျော့ပေးခြင်းကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းလုပ်ပေးရမည်။ အကယ်၍ကွန်ပြူတာအရှေ ့မှာအချိိန် ကြာကြာအလုပ်လုပ်ရမည်ဆိုလျှင် ကွန်ပြူတာကို အရှေ ့တည့်တည့်မှာထားပေးရမည်။ ကွန်ပြူတာသည် မျက်စိနှင့် တစ်တန်းထဲဖြစ်ရမည်။ ကိုယ်ထိုင်နေတဲ့ထိုင်ခုံသည်တင်ပါးအတွက်သက်တောင့်သက်သာရှိရမည်။ နောက်ကျောအမှီရှိရမည်။ အကယ်၍သင်သည်ဤလမ်းညွှန်ချက်ကို လိုက်နာလျှင် ရုံးလုပ်သားတွင်အများဆုံးဖြစ် သောရောဂါလက္ခဏာ (သို့)လည်ပင်းအရိုးဆစ်ပျက်စီးခြင်း၊ အရိုးလွှာနေရာလွှဲခြင်းနှင့် အကြောဖိနှိပ်ခြင်းရောဂါကို ဖြစ်လာစေနိုင်သောလည်ပင်း၊ပခုံးနှင့်လက်ပြင်ရိုး နာကျင်ကိုက်ခဲခြင်းမှ ကာကွယ်ပေးသည်။

 

                Cd-Sqn Ldr Chaiyapruk Pundee, M.D.

 

 


Post a Comment

أحدث أقدم