1. Vision
2. Mission
3. Company
4. Customers
5. Channel
6. Competitors
7. Positioning map
8. External Business Environment Analysis
9. Internal Business Analysis
10. Strategy Formulation
11. Organizational Structure
12. Strategic implementation
13. Financial Projections
14. Action Plan
15. Contingency plan
=============
1. Vision အမြင်
=============
ကိုုယ်.စီးပွားရေး လုုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သိုု.
ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကိုု စစဉ်းစားရပါမယ်။ ဥပမာ Microsoft
ကိုု စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုုင်းအိမ်တုိုင်းမှာ ကွန်ပြူတာ တစ်လုုံးစီရှိရမယ်။
ကွန်ပြူတာတိုုင်းမှာ Microsoft Windows ရှိရမယ်။ အခုုဆိုုရင် Microsoft Vision အတုိုင်း ဖြစ်လာတာ ကျွန်တော်တိုု.တွေ မငြင်းနိုုင်ပါဘူး။
Vision တစ်ခုုရေးတဲ.အခါ

✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကိုု အာရုုံထားရမယ်။

✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကိုု အာရုုံစိုုက်ထားပါ။

✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သိုု.ရေးပါ။ လိမ်.မယ်ဆိုုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုုင်းအိမ်တုိုင်းမှာ ကွန်ပြူတာ
တစ်လုုံးစီရှိရမယ်။

✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။

✍️️စိတ်ခံစားမှုပါ ဖြစ်နုိုင်ရင်ထည်.ရေးပါ။

✍️️ဦးနှောက်တွင်ပုုံဖော်ကြည်.ပါ။

✍️️ကိုုယ်.ဝန်ထမ်းတွေကိုု ပြောပါ။

✍️️ကျွန်တော်တိုု. Vision ကိုု အကောင်ထည်ဖော်ဖိုု. လိုုအပ်တဲ. resources တွေစုုဆောင်းပါ။
===========
2. Mission
===========
စီးပွားရေးအများစုုဟာ
ကိုုယ်.အတွက်ကိုုယ်ကိုု အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုုဟာ တစ်ကိုုယ်ကောင်းဆန်တဲ.
စီးပွားရေးလုုပ်ငန်းတွေ၊ တစ်ကိုုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုုပ်ငန်းရဲ.
အဓိက ရည်ရွယ်ချက်က အမြတ်ဆိုုတာမှန်ပေမယ်.
ဖောက်သည်တွေကိုု အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖိုု.မလွယ်ပါဘူး။
Mission ဆိုုတာကတော.
သမိုုင်းပေးတာဝန်ပါ။ Mission ကတော. ကိုုယ်.အတွက်မဟုုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုုပေးရရင် Google
ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုုစည်းပြီး လူတွေကိုု အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုုက Alibaba
ကိုု တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုုပ်ငန်းငယ်လေးတွေကိုု ကူညီပေးချင်တာပါ။
စီးပွားရေးလုုပ်ငန်းတစ်ခုု လုုပ်ကိုုင်ရတာ မလွယ်ပါဘူး။
တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကိုု ခံရတဲ.အခါ ငါ.ဖိုု.ဘဲ ကြည်.တာထက် ကိုုယ်ဘာကြောင်.စီးပွားရေး လုုပ်နေတယ်ဆိုုတဲ. Mission လေးကိုု သိထားရင် အောင်မြင်ဖိုု.
ပိုုကျိန်သေပါတယ်။
Mission တစ်ခုုကိုု ဘာတွေထည်.ရေးရမလည်း?
1. Mission ဆိုုတာ Why
ပါ။ ကိုုယ်ဘာကြောင်.စီးပွားရေးလုုပ်လည်းဆိုုတဲ. ရည်ရွယ်ချက်။
2. ကိုုယ်.ဖိုု.မဟုုတ်။ ကိုုယ်. customer သိုု. ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ.
ရည်မှန်းချက်ပန်းတိုုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။
Vision Vs Mission
-Vision က ကိုုယ်သွားချင်တဲ.
လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနိုု်င်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုုံး
သင်တန်းကြောင်းတစ်ခုုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကိုု တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။
====================
3. Company (Core Values)
====================
Vision နဲ.
Mission ပြီးသွားရင် Core
Values လိုု.ခေါ်တဲ. Company အတွက် အရေးအကြီးဆုုံး တန်ဖိုုးထားမှုတွေကိုု
သတ်မှတ်ပေးရပါတယ်။ ဥပမာ Buddhism မှာ ငါးပါးသီလ ဟာ အရေးကြီးဆုုံးဖြစ်သလိုု Company
တစ်ခုု မှာ စောင်.ထိန်းရမည်. ကျင်.ဝတ်တွေ ကိုု သတ်မှတ်ရပါတယ်။ Japan တွေကတော. Core Value အစား Credo လိုု.ခေါ်ပါတယ်။ ဥပမာ Customer Service မှာ စံထားကြတဲ. Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင်.ဖြစ်တယ်လိုု.ပြောကြပါတယ်။ မြန်မာပြည်ဖွား အမေရိကားမှာ President
Obama ပေးခဲ.တဲ. စွန်.ဦးတီထွင်ဆုုရခဲ.တဲ. ကိုု Philip Maung ကလည်း သူ. Company ကိုု အောင်မြင်စေတဲ.ထဲမှာ Core Values ဟာ အရေးကြီးဆုုံးထဲပါဝင်တယ်လိုု.ဆိုုပါတယ်။ ကိုု Philip Maung ဟာ $13 မှ ဒေါ်လာ သန်း 50 ကျော် Business တစ်ခုုဖြစ်တဲ. Hisso Sushi ကိုုတည်ထောင်နိုုင်ခဲ.ပါတယ်။
အောက်ပါ အချက်များကတော.
Core Values နဲ.
ပတ်သက်လိုု. ဦး Philip Maung ရဲ. Talk မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်။
" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...
ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့...။ ကောင်းတာက ဝင်ငွေတိုးတက်မှုရှိနေပြီး
အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့"
" နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ
သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ဝန်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ် "
ဟုဆိုသည်။�•••
#ကုမ္ပဏီရဲ့_CoreValue
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core
Value သတ်မှတ်ရန် စတင်ခဲ့သည်။
ထိုသို့ သတ်မှတ်ရန်အတွက် သူ့ဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ
ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ဝန်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀ဝ
ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core
Value အဖြစ်သတ်မှတ်ခဲ့သည်။
" Value ကို ဘယ်လိုတည်ဆောက်မလဲ Core
Value တွေသတ်မှတ်တဲ့အခါမှာ All
Inclusive ပါဝင်ရမယ်
ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့
တော်တော်အသုံးဝင်တယ်"
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ
့ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ ့ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအဝင် အားလုံးက
လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ ့ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core
Value နံပတ် ၁ မှာ Service
High-Speed and High-Teach ဖြစ်သည်။
နံပါတ် ၁ Core
Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။
" စားသုံးသူတွေကို အဓိကထား
ဝန်ဆောင်မူ ့ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ဝမ်းသွားတယ်ပြောတယ်။
ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း
ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုုံး အိမ်သာသုံးစက္ကူတောင်
ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့
မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၂ Core
Value မှာ Inspire
and Be Inspire ဖြစ်သည်။ အထက်အောက်
ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
" အောက်ကို
လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။
ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက
ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၃ Core
Value မှာ Open
and Honest Communication ဖြစ်သည်။
"အစပိုင်း ၁ဝ နှစ်လောက်က
ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့
သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို
အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့်
နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။
ဒါလည်းကောင်းတဲ့အချက်ပဲ"
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊
ဝန်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက
လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team
work ကို အလေးထားစေခြင်း တို
့ဖြစ်သည်။
"ဝန်ထမ်းတွေကို
မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ ့Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို ့လုပ်တာ မဟုတ်ဘူး
ကိုယ်ကိုတိုင်က လုပ်ချင်လို ့လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ"
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ
မယမင်းခင်း က သုံးသပ်သည်။
Company (Identity)
Core Values အပြင်စဉ်းစားရမည်.အရာနောက်တစ်ခုုက ကိုုယ်. Company က ဘာလုုပ်ငန်းလုုပ်ကိုုင်မှာလည်း ဆိုုတာ ဖြစ်ပါတယ်။ Identity
အင်မတန်အရေးကြီးပါတယ်။ Apple လိုု.ပြောလိုုက်တာနဲ. Consumer Electronics တွေ ထုုတ်လုုပ်တယ်ဆိုုတာ သိပါတယ်။ Tony
Robbins လိုု.ပြောလိုုက်တာနဲ. Motivational Speaker ဆိုုတာ သိပါတယ်။ အောင်သမာဓိလိုု.ပြောလိုုက်တာနဲ. ရွှေနှင်. လက်ဝတ်ရတနာ ရောင်းဝယ်ရေးဆိုုတာသိပါတယ်။ ဒါကြောင်.
လုုပ်ငန်းတစ်ခုု စလုုပ်တဲ.အခါ ကိုုယ်. Company နဲ. လုုပ်ငန်းနဲ. တွဲမှတ်မိဖိုု.အဓိက ကျပါတယ်။ Company အောင်မြင်မှ နောက်လုုပ်ငန်းချဲ.ပါ။ ဥပမာ KBZ ဆိုုရင် လူအားလုုံးတွဲမြင်တာ Bank
ပါ။ နောက်မှ အာမခံလုုပ်ငန်း၊ ဘိလပ်မြေ၊ လေကြောင်းလိုုင်းချဲ.တာပါ။ ကိုုယ်.ရဲ. Company ရဲ. Identity ကိုု သေချာသတ်မှတ်ဖိုု.အရေးကြီးပါတယ်။
===========
4. Customers
===========
မေးခွန်းသုုံးခုု နဲ.
မေးနိုုင်ပါတယ်။
တခါတလေ မေးခွန်းတွေက အဖြေဖြစ်တတ်ပါတယ်။ မေးခွန်းကောင်းတွေကနေ
အဖြေကောင်းတွေရတတ်ပါတယ်။ ဒါတွေကတော. ကျွန်တော်မေးလေ.ရှိသော မေးခွန်းသုုံးခုုဖြစ်ပါတယ်။
-Who are your customers?
သင်. Customer တွေကဘယ်သူတွေလည်း?
လွယ်ပါတယ်။ ဒါပေမယ်.
ပြောသလောက်မလွယ်ပါဘူး။ Coca Cola လိုုမျိုး နှစ်ပေါင်းတစ်ရာကျော်ပြီး Company
အတွက် Who are your customers? ဆိုုရာမှာ လူကြီးကလေး လူတိုုင်းဖြစ်နုိုင်ပေမယ်.
ဈေးကွက်စဝင်မည်. Company တွေအတွက် Target ကိုု အများကြီးဖြန်.လိုု.မရပါဘူး။ ဈေးကွက်စရာမှာ စစ်မျက်နှာပြင်တွေ အများကြီးဖွင်.ရင် ဟစ်တလာလိုုဖြစ်တတ်ပါတယ်။ဥပမာ Y.E.C
Learning Center ရဲ.
Customers (Students) တွေရဲ.
90% ဟာ Working
Professionals တွေဖြစ်ပါတယ်။ဒီတစ်ဆင်.
(Target Market) အာင်မြင်မှ နောက်တစ်ဆင်.
ဖြစ်တဲ. SAM (Served Available Market) နဲ. TAM (Total Market) ကိုုသွားသင်.ပါတယ်။
-ဘာကြောင်. ဒီ Product ကိုု ဝယ်ဖိုု.လိုုတာလည်း ?
စီးပွားရေးလုုပ်ငန်းမှာ Do
or Die မဟုုတ်ပါဘူး။ Differentiate
or Die ပါ။ စီးပွားရေးလုုပ်ငန်းတွေ
ကျရှုံးရတဲ. နံပတ်တစ်တရားခံဟာ Me
Too Products တွေကြောင်.ပါ။ ဒါကြောင်. နောက်တစ်ဆင်.ကတော. ဘာကြောင်. တခြား Business တွေဆီမှာ မဝယ်ဘဲ ကိုုယ်.ဆီမှာ ဝယ်ရတာလည်းဆိုုတဲ. မေးခွန်းကိုု မေးဖိုု.လိုုပါတယ်။
Credit –Original Uploader
Dr. Phyo Paing (Chief Master Trainer & Serial
Entrepreneur)
إرسال تعليق