Social Media Marketing မှာ လိုအပ်တဲ့ နည်းလမ်းဥပဒေသ (10) မျိုး
************************************


Social Media Marketing နဲ့ content တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးတာဟာ audience နဲ့ customer အခြေအမြစ်ခိုင်အောင် လုပ်တာနဲ့အတူတူပါပဲ။ ဒါပေမယ့် အတွေ့အကြုံမရှိသေးဘဲ ပထမဆုံး စတင်ကြိုးစားမယ့်သူတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပါ။ ဒါကြောင့် social media marketing အခြေခံတွေအပြင် အောက်ပါ နည်းလမ်းဥပဒေသ (10) မျိုးကို သိထားရင် သင့်ရဲ့ brand ကနေ customer တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာပါ။
.

(1) နားထောင်ပါ။

Social Media နဲ့ content marketing မှာ အောင်မြင်ချင်ရင်တော့ များများနားထောင်ပြီး နည်းနည်းပြောဖို့ လိုပါမယ်။ သင် target ထားတဲ့ audience တွေ online မှာတင်လေ့ရှိတာကို လေ့လာပြီး သူတို့ဘာတွေလိုအပ်နေလဲဆိုတာ သိနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ပေးပါ။ ပြီးရင်တော့ သူတို့ အတွက် အကျိုးရှိမယ့် content တွေများများ ဖန်တီးပေးပါ။
_________________________

(2) အာရုံစိုက်ပါ။

တစ်စုံတစ်ခုတည်းကို သေချာအာရုံစိုက် ဖန်တီးထားတဲ့ social media နဲ့ content marketing နည်းဗျူဟာက အားလုံးကိုခြုံငုံပြီး ချဉ်းကပ်ဖို့ ကြိုးစားနေတာထက်စာရင် ပိုပြီး ခိုင်ခံ့တဲ့ brand တစ်ခုကို တည်ဆောက်နိုင်မှာပါ။
_________________________

(3) အရည်အသွေးကို ဦးစားပေးပါ။

အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ။ သင်နဲ့ ပထမဆုံး connect လုပ်ပြီးတာနဲ့ ပျောက်ကွယ်သွားမယ့်သူ 10,000 ထက်စာရင် သင့်ရဲ့ content တွေကို read & share လုပ်မယ့်သူ 1000 ရှိတာက ပိုအကျိုးရှိပါတယ်။
_________________________

(4) စိတ်ရှည်ပါ။

Social media နဲ့ content marketing ဆိုတာ နေ့ချင်းညချင်း အောင်မြင်မယ့်အရာတော့ မဟုတ်ပါဘူး။ သင်လိုချင်တဲ့ ရလဒ်တစ်ခုရဖို့အတွက် စိတ်ရှည်ရှည်နဲ့တော့ သည်းခံစောင့်ဆိုင်းရဦးမှာပါ။
_________________________

(5) ပေါင်းစပ်အသုံးချပါ။

သင်ဟာ content ကောင်းကောင်းတစ်ခုဖန်တီးထားပြီး audience အနေနဲ့လည်း Follower ကောင်းတွေရရှိထားတယ် ဆိုပါစို့..အဲဒီ content ကို သင်တင်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့ audience တွေကလည်း Twitter, Facebook, LinkedIn စတဲ့နေရာတွေမှာ သင့်ရဲ့ content ကို ပြန် share လာကြပါလိမ့်မယ်။ ဒီလိုနဲ့ပဲ သင့်ရဲ့ content တွေအကြောင်း share တာတွေ discuss လုပ်တာတွေကြောင့် google လို search engine တွေမှာ keyword search လုပ်လို့ရပြီး အလားအလာရှိတဲ့သူတွေအနေနဲ့ သင့်ရဲ့ brand ကို online ကနေ အလွယ်တကူရှာဖွေလို့ရလာနိုင်မှာပါ။
_________________________

(6) လွှမ်းမိုးနိုင်ပါစေ။

သင့်ရဲ့ market ထဲမှာရှိပြီး သင့်ရဲ့ product တွေ service တွေကို စိတ်ဝင်စားတဲ့အပြင် audience ကောင်းကောင်းတွေရှိမယ့် social influencer တွေကို ရှာဖွေပါ။ ပြီးရင် သူတို့နဲ့ဆက်သွယ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးလာနိုင်ပါစေ။ နောက်ပိုင်းမှာ သူတို့ဟာ သင့်ရဲ့ content ကို သူတို့ရဲ့ audience တွေဆီ ပြန် share တာမျိုး လုပ်လာတဲ့အခါ သင့်ရဲ့ brand ကို audience အသစ်တွေကပါ သိလာနိုင်ပါလိမ့်မယ်။
_________________________

(7) တန်ဖိုးမြှင့်တင်ပါ။

သင့်ရဲ့ product တွေနဲ့ service တွေကိုပဲ တချိန်လုံး ကြော်ငြာရောင်းချနေတာ ကြာလာရင် audience က စိတ်ဝင်စားတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် တကယ်လန်းတဲ့ content တွေဖန်တီးတာမျိုး online မှာ အောင်မြင်ကျော်ကြားသူတွေနဲ့ မိတ်ဖွဲ့တာမျိုးတွေအပေါ် အချိန်ပိုပေးပါ။ အချိန်ကြာလာတာနဲ့အမျှ ဒီလူတွေဟာ သင့်ရဲ့ business marketing ကို တစ်ထောင့်တစ်နေရာက အထောက်အကူပြုလာမှာပါ။
_________________________

(8) အကြောင်းပြန်ဖို့ မမေ့ပါနဲ့။

သင့်ဆီကို တိုက်ရိုက်ဆက်သွယ်လာသူတွေကို online မှာလည်း လစ်လျူ ရှုတာမျိုး မဖြစ်ပါစေနဲ့။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်တာဟာ social media marketing အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်တစ်ချက်ပါ။ ဒါကြောင့် ဆက်သွယ်လာသူတိုင်းကို အကြောင်းပြန်ပါ။
_________________________

(9) ထိတွေ့ဆက်ဆံမှု မပြတ်ပါစေနဲ့။

Content တင်ပြီးတာနဲ့ ချက်ချင်းပျောက်သွားတာမျိုး မလုပ်လိုက်ပါနဲ့။ ပြောချင်တာက content ကို ပုံမှန်တင်ပြီး audience တွေနဲ့ conversation တွေမှာလည်း ပုံမှန်ပါဝင်ပါ။ online ပေါ်ကလူတွေဟာ အပြောင်းအလဲ မြန်တတ်လို့ သင်သာ တစ်ပတ်လောက်ပျောက်သွားရင် သင့်နေရာမှာ တခြားအရာကို အစားထိုးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။
_________________________

(10) အပေးအယူမျှတပါစေ။

သင့်ဘက်က တခြားသူတွေရဲ့ content အကြောင်းကို ဆွေးနွေးတာမျိုး share တာမျိုး မလုပ်ရင် သူတို့ဘက်ကလည်း သင့်ကို အလားတူဆက်ဆံပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အချိန်တစ်စိတ်တစ်ပိုင်းကို တခြားသူတွေရဲ့ content တွေအပေါ် အာရုံထားအလေးပေးဖို့ အချိန်ပေးပါ။
.

ဒီ Post ကနေ မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် အခြားသူတွေပါ ဗဟုသုတရရှိစေဖို့ Post ကို Share လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။

                       #Credit..For the future entrepreneurs of Myanmar

 


Post a Comment

أحدث أقدم