မြန်မာ့သမိုင်းဆိုင်ရာ အချက်အလက်များ  မြန်မာ့သမိုင်းဖြစ်စဉ်အကျဉ်း…..


(၁) အေဒီ တစ်ရာစု  ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာဒေသများတွင် ပဒေသရာဇ်နိုင်ငံငယ်များကိုပျူလူမျိုးများက ထူထောင်ခြင်း၊ သုဝဏ္ဏဘူမိ (ခေါ်) သထုံပြည်ကို ထူထောင်ခဲ့သည်။

(၂) ခရစ်နှစ်(၁၀၄၄-၇၇) • (ပထမ မြန်မာနိုင်ငံတော်) ကို ပုဂံခေတ်တွင် အနော်ရထာမင်းမှ တည်ထောင်ခဲ့သည်။
(၁၅၅၁-၈၁) • (ဒုတိယမြန်မာနိုင်ငံတော်) ကို တောင်ငူခေတ်တွင် ဘုရင့်နောင် ကျော်ထင်နော်ရထာမင်းမှ တည်ထောင်ခဲ့သည်။
(၁၇၅၂-၆၁) (တတိယ မြန်မာနိုင်ငံတော်) ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားကြီးမှ တည်
ထောင်ခဲ့သည်။

(၃) ခရစ်နှစ် (၁၈၂၄-၈၅)
(က) ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲ ၅-၃-၁၈၂၄ မှ ၂၄-၂-၁၈၂၆ အထိ (ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့သည်) -  (ဘကြီးတော်မင်း / လော့ဒ်အမ်းဟတ်စ်)
ပြဿနာ ၊ ရှင်မဖြူကျွန်း အရေးအခင်း၊ ရခိုင်နယ်ခြားပြဿနာ ၊ ဂျွန်းတတိယနယ်
ပေးလိုက်ရသည့်နယ် ရခိုင်နှင့် တနင်္သာရီ
မြန်မာစစ်စရိတ်ကုန်ကျငွေ ရွှေဒင်္ဂါး ၅ သန်းကျော်
ပေးရသည့်လျော်ကြေး ကျပ်သုံးဒင်္ဂါးတစ်ကုဋေ
(ခ) ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ  ၅-၄-၁၈၅၂ မှ ၃၀-၆-၁၈၅၃ အထိ (ပုဂံမင်း / လော့ဒ်ဒါလဟိုဇီ)
ပြဿနာ - ရန်ကုန်မြို့ဝန်ဦးအုပ်မှ သင်္ဘောကပ္ပတိန် ရှက်ပက်နှင့် လူးဝစ်အားလူသတ်မှု၊
သင်္ဘောနှစ်စီးဖြင့် ကုန်ပို့တင်ဆောင်မှု တရားစွဲဒဏ်ရိုက်ရာမှစတင်သည်။
(ဒဏ်ရိုက်ငွေ - စတာလင်ပေါင် ၁၀၀)
ပေးလိုက်ရသည့်နယ် ၊ အောက်မြန်မာတစ်ပြည်လုံး (သရက်မြို့အထိ)
(ဂ) တတိ ယအင်္ဂလိပ်-မြန်မာစစ်ပွဲ    ၁၄-၁၁-၁၈၈၅ မှ ၂၉-၁၁-၁၈၈၅ အထိ (သီပေါမင်း/လော့ဒပ်ဖ်ရင်)
ပြဿနာ ဘုံဘေဘားမား သစ်ခိုးကုမ္ပဏီမှ သစ်လုံးရေတစ်သိန်း ခိုးထုတ်မှု
(ဒဏ်ရိုက်ငွေ ၂၃ သိန်း)
ပေးလိုက်ရသည့်နယ် -  မြန်မာတစ်ပြည်လုံး (၁-၁-၁၈၈၆ ရက်တွင် မြန်မာတစ်ပြည်လုံး သူ့ကျွန်ဘဝ
ကျရောက်ခဲ့ရသည်)

(၄) ခရစ်နှစ် (၁၉၀၆) ဗုဒ္ဓကလျာဏယုဝအသင်း (Young Men Buddhist Association - YMBA) အား ရန်ကုန်မြို့၌ တည်ထောင်ဖွဲ့စည်းခဲ့သည်။

(၅) ခရစ်နှစ် (၁၉၁၉) မြန်မာအမျိုးသမီး ကုမ္မာရီအသင်းကို ဖွဲ့စည်းခဲ့သည်။

(၆) ခရစ်နှစ် (၁၉၂၀) ဗုဒ္ဓကလျာဏယုဝအသင်း၏ အဌမအကြိမ်မြောက် အစည်းအဝေးက မြန်မာပြည်လုံးဆိုင်ရာအသင်းချုပ် (ဂျီစီဘီအေ) (GCBA-General Council of Burmese Association) ဟု  ပြောင်းလဲခဲ့ပြီး ဦးချစ်လှိုင် ဦးဆောင်ကာ ဖွဲ့စည်းခဲ့သည်။

(ရ )၅-၁၂-၁၉၂၀ ကိုလိုနီပညာရေးဆန့်ကျင်မှု ပထမကျောင်းသားသပိတ် မှောက်ခဲ့သည်။

(၈) ၃၀-၅-၁၉၃၀   တို့ဗမာအစည်းအရုံးကို စတင်ထူထောင်ခဲ့သည်။
(၉) ၂၂-၁၂-၁၉၃၀ တောင်သူလယ်သမားအရေးတော်ပုံ ဖြစ်ပွားခဲ့သည်။
(၁၀)ခရစ်နှစ် (၁၉၂၃-၃ရ) ဒိုင်အာခီအုပ်ချုပ်ရေးကာလ ၂၅-၃- ၁၉၃၆ ရက်တွင် ဒုတိယကိုလိုနီပညာရေးဆန့်ကျင်မှုဖြစ်ပွားခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၃ ခုနှစ် ဇန်နဝါရီတွင် စတင်ကျင့်သုံးခဲ့သည်။
(၁၁) ၁-၄-၁၉၃၇ / ၁၀-၁၂-၁၉၄၂ မှ ကိုးဆယ့်တစ်ဌာန (၉၁-ဌာန) အုပ်ချုပ်ရေးစနစ် ကျင့်သုံးချိန်ကာလဖြစ်သည်။
(၁၂) ၈-၁.၁၉၃၈ ချောက်ရေနံမြေသပိတ် (၁၃၀၀ ပြည့်အရေးတော်ပုံ) ပေါ်ပေါက်ခဲ့သည်။
(၁၃) ၂ရ - ၁၂ - ၁၉၄၁ ယိုးဒယား (ထိုင်းနိုင်ငံ) ဦးလွန်းဖေ နေအိမ်၌ (Burma Independence Army - BIA) ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အင်အား ၃,၃ရ၆ ဦးဖြင့်
စတင်ဖွဲ့စည်းခဲ့သည်။
(၁၄) ၂ရ - ၅ - ၁၉၄၂ ဗမာ့ကာကွယ်ရေးတပ်မတော် (Burmese Defence Army - BDA) ဟု ပြောင်းလဲပြီးနောက် အင်အား ၃,၀၀၀ ဖြင့် ပျဉ်းမနားမြို့၌ ဖွဲ့စည်းခဲ့သည်။
(၁၅) ၂ရ - ၃ - ၁၉၄၅ ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး စတင်ဆင်နွှဲခဲ့သည်။
(၁၆) ၂၃ - ရ - ၁၉၄၉  ဗမာ့မျိုးချစ်တပ်မတော် (Patriotic Burma Force :PBF) ကို ဖွဲ့စည်းခဲ့သည်။
(၁ရ) ခရစ်နှစ်(၁၉၄၅-၄ရ ) စက္ကူဖြူစီမံကိန်းအုပ်ချုပ်ရေးခေတ်ဖြစ်သည်။
(၁၈) ခရစ်နှစ် (၁၉၄ရ ) ဆိုရန်တိုဗီလာပြန်လည်ထူထောင်ရေးစီမံကိန်းများ ချမှတ်ခဲ့သည်။
(၁၉) ၁၂-၂-၁၉၄ရ  ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနှင့် သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခိုင်အမာရယူခဲ့သည်။
(၂၀) ၄-၁-၁၉၄၈) မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။
(၂၁) ခရစ်နှစ် (၁၉၄၈-၅ဝ) ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးကာ နိုင်ငံတော်ကိုအုပ်ချုပ်ခဲ့သည်။
(၂၂) ခရစ်နှစ်(၁၉၅၈-၅၉) ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရက အုပ်ချုပ်ခဲ့သည်။
(၂၃) ၂-၃-၁၉၆၂ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
(၂၄) ခရစ်နှစ်(၁၉၆၂-၅၄) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲခဲ့သည်။
(၂၅) ခရစ်နှစ်(၁၉ရ၄-၈၈) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ကိုဖွဲ့စည်းကာ ပြည်သူ့ကိုယ်စားလှယ်များ နိုင်ငံတော်၏စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။
(၂၆) ၁၈-၈-၁၉၈၈ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ အာဏာရယူခဲ့ရသည်။
(၂ရ ) ၁၅-၁၁-၁၉၉၅ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (အစား) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လမ်းပြမြေပုံ (ရ) ရပ်ရေးဆွဲကာ ဆက်လက် ဆောင်ရွက်ခဲ့သည်။
(၂၈) ရ-၅-၁၉၉၀ လွတ်လပ်၍တက်ကြွသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ကျင်းပခဲ့သည်။
(၂၉) ၉-၁-၁၉၉၃ အမျိုးသားညီလာခံ (National Convention) အား စတင်ကျင်းပခဲ့သည်။
(၃၀) ခရစ်နှစ် (၁၉၉၈) • (၅) နှစ်ကြာယာယီရပ်ဆိုင်းခဲ့သော အမျိုးသားညီလာခံအား ပြန်လည်ကျင်းပခဲ့သည်။
(၃၁) ခရစ်နှစ် (၂၀၀၃) ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့သည်။
(၃၂) ၁၀-၅-၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့ရာ ၉၂.၄၀ ရာခိုင်နှုန်းဖြင့် ထောက်ခံမှုရရှိခဲ့သည်။
(၃၃) ရ-၁၁-၂၀၁၀ လမ်းပြမြေပုံ (ရ) ရပ်၏ ပဉ္စမအဆင့်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ  ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁,၁၅၄
အနက် ၈၈၂ နေရာ (၈ဝ ရာခိုင်နှုန်း) ရွေးချယ်ခံရကာ အနိုင်ရရှိခဲ့သည်။

(၃၄) ၃၁-၁၂-၂၀၁၀ လမ်းပြမြေပုံ (ရ) ရပ်၏ ဆဋ္ဌမအဆင့်အရ လွှတ်တော်အစည်းအဝေးအား ကိုယ်စားလှယ်
၆၅၉ ဦးတို့နှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်တို့ဖြင့် ကျင်းပခဲ့
သည်။ ထိုနေ့မှာပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဟု တရားဝင်သတ်မှတ်
ခေါ်ဆိုခဲ့သည်။

(၃၅) ၃၀-၃-၂၀၁၁ နောက်ဆုံးအဆင့်အရ နိုင်ငံတော်သမ္မတသစ် ဦးသိန်းစိန်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို လက်ဆင့်ကမ်း
ဆက်လက်တည်ဆောက်ခဲ့သည်။

(၃၆) ၁-၄-၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲအဖြစ် လစ်လပ်နေသောပြည်သူ့လွှတ်တော် ၄၅ နေရာအတွက် ပါတီ
ပေါင်း ၁၅ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ် ၄၂ နေရာတွင် အနိုင်ရရှိခဲ့သည်။

(၃ရ) ၈-၁၁-၂၀၁၅ ဒီမိုကရေစီစနစ်ကျင့်သုံးသော ဒုတိယအကြိမ်မြောက် တရားမျှတသောရွေးကောက်ပွဲကျင်းပ
ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်သုံးရပ်ကိုယ်စားလှယ်ပေါင်း ၁,၁၅ဝ
နေရာအနက် ၈၈၆ ဦး (ရ၅,၀၄ ရာခိုင်နှုန်။) ရွေးချယ်ခံရကာ အနိုင်ရရှိခဲ့သည်။

(၃၈) ၃၀-၃-၂၀၁၆ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီမိုကရေစီစနစ်၏ ဒုတိယမြောက်သက်တမ်းအတွက် နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့သည်။

(၃၉) ၂၈-၃-၂၀၁၈ ၂၁-၃-၂၀၁၈ ရက်တွင် သမ္မတဦးထင်ကျော် နုတ်ထွက်သွားခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမြင့်ကို လစ်လပ်သမ္မတနရာအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည်။

(၄၀) ၃-၁၁-၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီက ရ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၃ နေရာ၊ ရှမ်းပါတီက ၁ နေရာ၊ ချင်းပါတီက ၁ နေရာနှင့် တစ်သီးပုဂ္ဂလက ၁ နေရာဖြင့် အသီးအသီးအနိုင်ရရှိခဲ့ကြသည်။

                                                                                  ဆက်ရန် - ကိုလင်း (အလင်းသစ်)
     

Post a Comment

Previous Post Next Post