ခွင့်ပြုချက်မပေးရင်တောင်မှ သင့်ရဲ့တည်နေရာကို ခြေရာခံနေတဲ့ Google
Zawgyi
Version
Google က သင့်ရဲ့တည်နေရာကို ခွင့်ပြုချက်မရဘဲနဲ့လည်း ခြေရာခံနေတယ်လို့ စုံစမ်းသိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Princeton
University ရဲ့ သုတေသီတွေဟာ Google ဝန်ဆောင်မှုတွေက Android ရော iPhone မှာပါ တည်နေရာအချက်အလက်တွေကို သိုလှောင်ထားကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ privacy settings မှာပိတ်ထားရင်တောင်မှ သိမ်းနေဦးမှာပါ။
K. Shankari လို့ခေါ်တဲ့ University
of California ရဲ့ ဘွဲ့ရသုတေသီတစ်ယောက်ဟာ သူမရဲ့ Android
ဖုန်းလေးမှာ Location
History ကို ပိတ်ထားပေမယ့်လည်း စျေးဝယ်ထွက်ဖို့အတွက် noti လေးပြတာကို လက်ခံရရှိခဲ့ပါတယ်။
Google က တည်နေရာအချက်အလက်အတွက် ခွင့်ပြုချက်တွေတောင်းပါတယ်။ ဒါကတော့ Location History setting ထဲမှာ ဖြစ်ပါတယ်။ Google’s
support page မှာကတော့ အခုလိုပြောထားပါတယ်။ “Location History ကို ကြိုက်တဲ့အချိန်မှာ ပိတ်လို့ရပါတယ်။ Location History ပိတ်ထားမယ်ဆိုရင်တော့ သင်သွားတဲ့နေရာတွေကို သိမ်းဆည်းထားမှာမဟုတ်တော့ပါဘူး။” ဒါပေမယ့် လေ့လာချက်တွေအရ ဒါဟာမမှန်ကန်ဘူးဆိုတာကို တွေ့လိုက်ရပါတယ်။
အသေးစိတ်ရှင်းပြထားတဲ့ အစီရင်ခံစာမှာတော့ “Location History” ပိတ်ထားပေမယ့်လည်း Android ဖုန်းလေးမှာ ဘယ်နေရာကိုသွားသလဲဆိုတာကို သူ့ရဲ့ Google အကောင့်မှာ သိမ်းဆည်းထားတုန်းပါပဲလို့ ရေးထားပါတယ်။
တကယ်လို့ သုံးစွဲသူက Location History ကို ပိတ်ထားတယ်ဆိုရင်တောင်မှ သူတို့ဘယ်နေရာမှာရှိနေသလဲဆိုတာကို သိမ်းဆည်းထားဦးမှာပါ။ ပိတ်ထားတယ်ဆိုတာက ဘယ်နေရာမှာ Maps ဖွင့်တယ်ဆိုတာမျိုး၊ Android
က ရာသီဥတုကို Update လုပ်ပေးတဲ့အခါမျိုးမှာ မှတ်ထားတာမျိုးကို မတားဆီးနိုင်ပါဘူး။
Google search လုပ်လိုက်မျိုးကလည်း လုံခြုံတယ်လို့ မထင်လိုက်ပါနဲ့။ ရှာဖွေမှုက တည်နေရာနဲ့ မသက်ဆိုင်ဘူးဆိုပေမယ့်လည်း သင့်ရဲ့တည်နေရာကိုသိရှိပြီးတော့ Google အကောင့်မှာ သိမ်းဆည်းထားပေးဦးမှာပါ။
Google ကတော့ အခုလိုတုံ့ပြန်ထားပါတယ်။
“Google က သုံးစွဲသူတွေရဲ့ခံစားမှုကို တိုးတက်ကောင်းမွန်စေဖို့အတွက် တည်နေရာကိုအသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ Location History, Web နဲ့ App Activity တို့ကို အသုံးပြုလျက်ရှိနေပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြထားပါတယ်။ သုံးစွဲသူတွေ ပိတ်ဖွင့်လုပ်နိုင်တယ်လို့ ပြောထားပါတယ်။ ပြီးတော့ စိတ်ကြိုက်ဖျက်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။”
“Web and App Activity” ကို ပိတ်ထားနိုင်တယ်လို့ပြောထားပေမယ့်လည်း ဒါက အလိုအလျောက်ပွင့်နေနိုင်ပါတယ်။ သူဟာ Google app တွေနဲ့ website
တွေကို Google အကောင့်တွေကို ချိတ်ဆက်ထားပေးတဲ့ settings ဖြစ်ပါတယ်။
ပိတ်လိုက်မယ်ဆိုရင်တော့ Google က search နဲ့ activity ကို အခြေခံတဲ့သတင်းအချက်အလက်တွေကို သိမ်းဆည်းလို့မရတော့ပါဘူး။ ဒါပေမယ့်လည်း Google Assistant ကို အကျိုးသက်ရောက်မှုပဲ ရှိမယ်လို့ ပြောထားပါတယ်။ ဒါက သုံးတဲ့သူမှသာသိသာမှာပါ။
Unicode
Version
Google က သင့်ရဲ့တည်နေရာကို ခွင့်ပြုချက်မရဘဲနဲ့လည်း ခြေရာခံနေတယ်လို့ စုံစမ်းသိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Princeton
University ရဲ့ သုတေသီတွေဟာ Google ဝန်ဆောင်မှုတွေက Android ရော iPhone မှာပါ တည်နေရာအချက်အလက်တွေကို သိုလှောင်ထားကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ privacy settings မှာပိတ်ထားရင်တောင်မှ သိမ်းနေဦးမှာပါ။
K. Shankari လို့ခေါ်တဲ့ University
of California ရဲ့ ဘွဲ့ရသုတေသီတစ်ယောက်ဟာ သူမရဲ့ Android
ဖုန်းလေးမှာ Location
History ကို ပိတ်ထားပေမယ့်လည်း ဈေးဝယ်ထွက်ဖို့အတွက် noti လေးပြတာကို လက်ခံရရှိခဲ့ပါတယ်။
Google က တည်နေရာအချက်အလက်အတွက် ခွင့်ပြုချက်တွေတောင်းပါတယ်။ ဒါကတော့ Location History setting ထဲမှာ ဖြစ်ပါတယ်။ Google’s
support page မှာကတော့ အခုလိုပြောထားပါတယ်။ “Location History ကို ကြိုက်တဲ့အချိန်မှာ ပိတ်လို့ရပါတယ်။ Location History ပိတ်ထားမယ်ဆိုရင်တော့ သင်သွားတဲ့နေရာတွေကို သိမ်းဆည်းထားမှာမဟုတ်တော့ပါဘူး။” ဒါပေမယ့် လေ့လာချက်တွေအရ ဒါဟာမမှန်ကန်ဘူးဆိုတာကို တွေ့လိုက်ရပါတယ်။
အသေးစိတ်ရှင်းပြထားတဲ့ အစီရင်ခံစာမှာတော့ “Location History” ပိတ်ထားပေမယ့်လည်း Android ဖုန်းလေးမှာ ဘယ်နေရာကိုသွားသလဲဆိုတာကို သူ့ရဲ့ Google အကောင့်မှာ သိမ်းဆည်းထားတုန်းပါပဲလို့ ရေးထားပါတယ်။
တကယ်လို့ သုံးစွဲသူက Location History ကို ပိတ်ထားတယ်ဆိုရင်တောင်မှ သူတို့ဘယ်နေရာမှာရှိနေသလဲဆိုတာကို သိမ်းဆည်းထားဦးမှာပါ။ ပိတ်ထားတယ်ဆိုတာက ဘယ်နေရာမှာ Maps ဖွင့်တယ်ဆိုတာမျိုး၊ Android
က ရာသီဥတုကို Update လုပ်ပေးတဲ့အခါမျိုးမှာ မှတ်ထားတာမျိုးကို မတားဆီးနိုင်ပါဘူး။
Google search လုပ်လိုက်မျိုးကလည်း လုံခြုံတယ်လို့ မထင်လိုက်ပါနဲ့။ ရှာဖွေမှုက တည်နေရာနဲ့ မသက်ဆိုင်ဘူးဆိုပေမယ့်လည်း သင့်ရဲ့တည်နေရာကိုသိရှိပြီးတော့ Google အကောင့်မှာ သိမ်းဆည်းထားပေးဦးမှာပါ။
Google ကတော့ အခုလိုတုံ့ပြန်ထားပါတယ်။
“Google က သုံးစွဲသူတွေရဲ့ခံစားမှုကို တိုးတက်ကောင်းမွန်စေဖို့အတွက် တည်နေရာကိုအသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ Location History, Web နဲ့ App Activity တို့ကို အသုံးပြုလျက်ရှိနေပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြထားပါတယ်။ သုံးစွဲသူတွေ ပိတ်ဖွင့်လုပ်နိုင်တယ်လို့ ပြောထားပါတယ်။ ပြီးတော့ စိတ်ကြိုက်ဖျက်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။”
“Web and App Activity” ကို ပိတ်ထားနိုင်တယ်လို့ပြောထားပေမယ့်လည်း ဒါက အလိုအလျောက်ပွင့်နေနိုင်ပါတယ်။ သူဟာ Google app တွေနဲ့ website
တွေကို Google အကောင့်တွေကို ချိတ်ဆက်ထားပေးတဲ့ settings ဖြစ်ပါတယ်။
ပိတ်လိုက်မယ်ဆိုရင်တော့ Google က search နဲ့ activity ကို အခြေခံတဲ့သတင်းအချက်အလက်တွေကို သိမ်းဆည်းလို့မရတော့ပါဘူး။ ဒါပေမယ့်လည်း Google Assistant ကို အကျိုးသက်ရောက်မှုပဲ ရှိမယ်လို့ ပြောထားပါတယ်။ ဒါက သုံးတဲ့သူမှသာသိသာမှာပါ။
Credit ---- By Aung
Phyo Oo (Myanmar Mobile App)
إرسال تعليق