Realme ဖုန်းတွေ စျေးသက်သာနေရခြင်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်
Unicode
Version
Realme ဆိုတာကတော့ စျေးကွက်ထဲမှာ အသစ်ရောက်လာတဲ့ Android manufacturer တစ်ယောက်လို့ဆိုရင် မမှားပါဘူး။ ဒါပေမယ့် ရောင်းအားနဲ့လူကြိုက်များမှုမှာတော့ နေရာအတော်လေးရထားပြီးသူတစ်ယောက်ဖြစ်ပါတယ်။ Oppo ရဲ့ အခွဲတစ်ခုအနေနဲ့ စတင်ပွဲဦးထွက်ခဲ့တဲ့အချိန်ကစပြီးတော့ သိသိသာသာကို နေရာချဲ့ထွင်လာခဲ့တာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း smartphone OEM ဆယ်ဦးအတွင်း ပါဝင်နေခဲ့ပါပြီ။
Realme ဟာ ပြီးခဲ့တဲ့အပတ်တုန်းက Madrid မှာကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ
Realme 5 Pro နဲ့ Realme X2/X2 Pro တို့ကို
တရားဝင်မိတ်ဆက်ခဲ့ပြီး ဥရောပစျေးကွက်ကိုဝင်ရောက်ဖို့ ကြိုးစားနေတာမြင်ရပါတယ်။
အဲဒီမှာ Realme ဥရောပရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Levi
Lee နဲ့ စကားပြောဆိုခွင့်ရခဲ့တာမို့
သူတို့ရဲ့အောင်မြင်ရေးလျှို့ဝှက်ချက်တွေနဲ့ အနာဂတ်အတွက်
ဘယ်လိုတွေမျှော်မှန်းထားသလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
X2 နဲ့ X2 Pro ကို မပြသရသေးပေမယ့်လည်း သွင်ပြင်နဲ့
အချက်အလက်တွေဟာ လက်ရှိ flagship စံနှုန်းတွေနဲ့
ရင်ဘောင်တန်းနိုင်တဲ့အပြင် အချို့နေရာတွေမှာ မျှော်မှန်းထားတာထက်ကို ပိုသာနေပါတယ်။
အံ့ဩစရာကောင်းတာကတော့ စျေးနှုန်းပါပဲ။ Realme X2 Pro မှာ
နောက်ဆုံးပေါ် Snapdragon 855 Plus ၊ 90Hz AMOLED
display ၊ 50W fast charging တို့ပါဝင်ပေမယ့်
စျေးနှုန်းကတော့ €399 ပဲ ဖြစ်ပါတယ်။ flagship
အများစုက €800
အောက်မဆင်းတဲ့အချိန်မှာ €399
နဲ့ရောင်းချမယ်ဆိုတော့ သူတို့ရဲ့လျှို့ဝှက်ချက်ကို မသိချင်ဘဲနေနိုင်ပါတော့မလား။
Levi Lee နဲ့ Android Authority တို့ရဲ့ မေးမြန်းမှုတွေအရ Realme ကို စျေးသက်သာအောင် ဘယ်လိုမျိုးဖန်တီးထားသလဲဆိုတာကို အချက်အလက်အချို့နဲ့ ဖြေကြားခဲ့တာမို့ စာဖတ်သူတွေ ဗဟုသုတရအောင် ဝေမျှပေးလိုက်ပါတယ်။
စျေးနှုန်းသက်သာရခြင်းရဲ့
လျှို့ဝှက်ချက်
Realme အတွက် ကုန်ကျစရိတ်သက်သာအောင် အကြီးမားဆုံးပြုလုပ်ပေးထားတာကတော့
မားကတ်တင်းပါ။ brand တိုင်းဟာ
သူတို့ဘာသာကြေညာလေ့ရှိပေမယ့်လည်း Realme ဟာ
လူငယ်တွေကိုဦးတည်ထားပြီး သူတို့အကြိုက် channel တွေကိုအသုံးပြုပြီး
ချိတ်ဆက်ပါတယ်။
ကျွန်တော်တို့ဟာ
community ကို သုံးတယ်။ social media နဲ့ digital tool တွေကိုအသုံးပြုပြီးတော့ သုံးစွဲသူတွေကို ပြောဆိုတယ်။ သူတို့ကို brand
အကြောင်းသိလာအောင် ပြုလုပ်ပေးတယ်။ ဒီနည်းလမ်းနဲ့ မားကတ်တင်းအတွက်
ကုန်ကျစရိတ်သက်သာအောင် လုပ်လိုက်တာပါ။
ဖြန့်ချိရေးအပိုင်းမှာလည်း
ဖုန်းတွေကို အွန်လိုင်းကနေ ပထမဆုံးဖြန့်ချိသလို အများဆုံးဖြန့်ချိတာမို့
ကုန်ကျစရိတ်ကို ထပ်မံသက်သာစေပါတယ်။ ဥရောပကိုလည်း ဒီနည်းလမ်းနဲ့
အသုံးပြုဝင်ရောက်တာပါ။ Madrid
ပွဲမှာပြသထားတဲ့ ဖုန်းအမျိုးအစားသုံးခုကို Realme ရဲ့ official website မှာသော်လည်းကောင်း၊ Amazon
၊ Ebay တို့လို လူသိများတဲ့ online
retailer တွေကသော်လည်းကောင်း ဝယ်ယူနိုင်အောင် စီစဉ်ထားပေးပါတယ်။
စျေးသက်သက်သာသာနဲ့ရနိုင်အောင်
ခိုင်မာကောင်းမွန်တဲ့ supplier
chain တစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း
ဖွင့်ဟပြောဆိုထားပါသေးတယ်။ Realme ဟာ တကယ်တော့ Oppo အောက်မှာမရှိတော့ပါဘူး။ ဒါပေမယ့် parent company —
BBK Electronics ရဲ့အောက်မှာတော့ ရှိနေတုန်းပါပဲ။ အဲဒီကနေ
သိသာထင်ရှားတဲ့ထောက်ပံ့မှုတွေအများကြီးကို လက်ခံရရှိနေပါတယ်။
ဒါပေမယ့်
Realme ကို အောင်မြင်စေတဲ့အချက်က စျေးသက်သာခြင်းကြောင့် မဟုတ်ရပါဘူးလို့ Lee
က ထောက်ပြပါတယ်။
ကျွန်တော်စဉ်းစားတာက
ထုတ်ကုန်အရည်အသွေးကလည်း ကောင်းမွန်တယ်။ ဒုတိယတစ်ခုကတော့ ပါဝင်တဲ့အချက်အလက်တွေကလည်း
ကောင်းတယ်။ တတိယတစ်ခုကတော့ ဒီဇိုင်းလည်းမိုက်တယ်။ ဒါတွေက ကျွန်တော်တို့
ဂရုစိုက်ဖြစ်တဲ့အချက်တွေပါ။ တကယ်လို့များ သုံးစွဲသူတွေဆီကို
စျေးအရမ်းသက်သာတဲ့ကုန်ပစ္စည်းရောင်းပေးမယ့် အရည်အသွေးမကောင်းဘူး၊
အဆင်မပြေဘူးဆိုရင် အဲဒီပစ္စည်းက ရေရှည်ခံမှာမဟုတ်ဘူး။
Realme က လူငယ်လူရွယ်တွေကြားမှာ ခေတ်စားနိုင်ဖို့အတွက် မျက်စိစုံမှိတ်ပြီး ဝင်ရောက်လာတာများလား။
သူတို့ဟာ polycarbonate ကနေ glass အဖြစ်ကို
ခုန်ကူးလိုက်သလို Samsung ခြေရာကိုလည်း ကင်မရာလေးလုံးနဲ့အတူ
လိုက်လှမ်းနေပါတယ်။ Realme 5 Pro ကတော့ €200 အောက်နဲ့ အဲဒီ feature ကို
ပထမဆုံးထည့်သွင်းထားတဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဟန်ရေးပြသက်သက်သာ
ဖြစ်နေမလား။
Lee ရဲ့ ဖြေကြားချက်အရတော့ ဒီဆုံးဖြတ်ချက်တွေဟာ သုံးစွဲသူတွေရဲ့ရွေးချယ်မှုကို
ပေးစွမ်းနိုင်စေဖို့အတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အချို့က wide-angle lens ကြိုက်ပေမယ့်လည်း telephoto lens သုံးပြီးရိုက်ချင်တဲ့သူတွေလည်း
ရှိနေပြန်ပါတယ်။ ဖုန်းတစ်လုံးတည်းမှာ အကုန်ရနိုင်ခြင်းကတော့
သုံးစွဲသူအမြောက်အများကို သိမ်းပိုက်နိုင်စေပါတယ်။ ကင်မရာကို အခြေအနေ၊
အကြောင်းအရာအမျိုးမျိုးကို ရိုက်ကူးမှုအတွက် အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ထားလို့
ရိုက်ကူးတဲ့အချိန်မှာ စိတ်ဝင်စားဖွယ်ပုံရိပ်တွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့
သူကပြောပါတယ်။
Realme ဟာ ဗွီဒီယိုနဲ့ ဓါတ်ပုံအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်အောင်
လုပ်ဆောင်ထားပါတယ်။ X2 Pro ဟာ video stabilization ၊ အရှေ့နဲ့အနောက်ဗွီဒီယိုကင်မရာအတွက် real time bokeh ၊ AI beautification mode တို့ ပါဝင်ပါတယ်။ Realme
X2 Pro သုံးသပ်မှုပြုလုပ်စဉ်မှာလည်း low-light ဓါတ်ပုံအရည်အသွေးဟာ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။
X2 Pro ကို အများနဲ့မတူ ထူးခြားစေတာကတော့ 50W charging ဖြစ်ပါတယ်။
၃၅မိနစ်အတွင်း ၁၀၀%အပြည့်သွင်းနိုင်တယ်ဆိုတော့ အထင်ကြီးမိတာအမှန်ပါပဲ။
Realme
gaming phone တွေ ထုတ်ဖို့ရှိလား
Asus ROG
Phone 2 လိုမျိုး အောင်မြင်တဲ့ဖုန်းတွေထွက်ရှိအပြီး Realme က 90Hz display နဲ့ အအေးခံစနစ်ကို
အသားပေးလုပ်ဆောင်လာတော့ ကျွန်တော်တို့ဒီမေးခွန်းမေးလိုက်တာက အရမ်းအထင်ကြီးလွန်းရာ
မရောက်ပါဘူး။ Realme က ဂိမ်းမင်းဖုန်း စီစဉ်နေပြီလား။
စိတ်မကောင်းစွာနဲ့ အခုလိုပြန်ဖြေထားပါတယ်။ ဒါဟာ
ပုံမှန်သုံးစွဲသူတွေအတွက်မဟုတ်တဲ့အတွက်ကြောင့်
ကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်မယ့်အထဲမှာ မပါသေးပါဘူး။ ဒါပေမယ့် Realme X2
Pro ဟာ ဂိမ်းမင်းအတွက် သီးသန့်ထုတ်လုပ်ထားတာမဟုတ်ပေမယ့်လည်း ကောင်းမွန်တဲ့ဂိမ်းမင်းခံစားချက်ကို
ပေးစွမ်းနိုင်ပါသေးတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Madrid စင်ပေါ်မှာတေော့ X2 Pro ရဲ့ ဂိမ်းမင်းအသားပေး feature
တွေဖြစ်တဲ့ 4×4 MIMO antenna ၊ vapor
cooling တို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Black Shark 2 လိုဖုန်းမျိုးနဲ့ gamepad တွေလုပ်ဆောင်နေတာမျိုးတော့
မရှိသေးပေမယ့်လည်း PUBG Mobile ၊
အခြားဂိမ်းတွေဆော့ဖို့အတွက်ဆိုရင်တော့ X2 Pro ကိုင်ရင်ကို
အဆင်ပြေနေပါသေးတယ်။
စာဖတ်သူတွေရော
Realme ဖုန်းတွေအပေါ် သုံးသပ်ချက်လေး ပြောခဲ့ပါဦး။ သုံးရတာ အဆင်ပြေရဲ့လား။
တန်ဖိုးနည်းနည်းနဲ့ အချက်အလက်ကောင်းကောင်းတွေထည့်သွင်းထားတဲ့ Realme က သုံးစွဲသူတွေကို စိတ်ကျေနပ်မှုပေးနိုင်ရဲ့လား။
Zawgyi
Version
Realme ဆိုတာကတော့ စျေးကွက်ထဲမှာ အသစ်ရောက်လာတဲ့ Android manufacturer တစ်ယောက်လို့ဆိုရင် မမှားပါဘူး။ ဒါပေမယ့်
ရောင်းအားနဲ့လူကြိုက်များမှုမှာတော့ နေရာအတော်လေးရထားပြီးသူတစ်ယောက်ဖြစ်ပါတယ်။ Oppo
ရဲ့ အခွဲတစ်ခုအနေနဲ့ စတင်ပွဲဦးထွက်ခဲ့တဲ့အချိန်ကစပြီးတော့
သိသိသာသာကို နေရာချဲ့ထွင်လာခဲ့တာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း smartphone OEM ဆယ်ဦးအတွင်း ပါဝင်နေခဲ့ပါပြီ။
Realme ဟာ ပြီးခဲ့တဲ့အပတ်တုန်းက Madrid မှာကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ
Realme 5 Pro နဲ့ Realme X2/X2 Pro တို့ကို
တရားဝင်မိတ်ဆက်ခဲ့ပြီး ဥရောပစျေးကွက်ကိုဝင်ရောက်ဖို့ ကြိုးစားနေတာမြင်ရပါတယ်။
အဲဒီမှာ Realme ဥရောပရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Levi
Lee နဲ့ စကားပြောဆိုခွင့်ရခဲ့တာမို့
သူတို့ရဲ့အောင်မြင်ရေးလျှို့ဝှက်ချက်တွေနဲ့ အနာဂတ်အတွက် ဘယ်လိုတွေမျှော်မှန်းထားသလဲဆိုတာကို
မေးမြန်းဖြစ်ခဲ့ပါတယ်။
X2 နဲ့ X2 Pro ကို မပြသရသေးပေမယ့်လည်း သွင်ပြင်နဲ့
အချက်အလက်တွေဟာ လက်ရှိ flagship စံနှုန်းတွေနဲ့
ရင်ဘောင်တန်းနိုင်တဲ့အပြင် အချို့နေရာတွေမှာ မျှော်မှန်းထားတာထက်ကို ပိုသာနေပါတယ်။
အံ့ဩစရာကောင်းတာကတော့ စျေးနှုန်းပါပဲ။ Realme X2 Pro မှာ
နောက်ဆုံးပေါ် Snapdragon 855 Plus ၊ 90Hz AMOLED
display ၊ 50W fast charging တို့ပါဝင်ပေမယ့်
စျေးနှုန်းကတော့ €399 ပဲ ဖြစ်ပါတယ်။ flagship
အများစုက €800
အောက်မဆင်းတဲ့အချိန်မှာ €399
နဲ့ရောင်းချမယ်ဆိုတော့ သူတို့ရဲ့လျှို့ဝှက်ချက်ကို မသိချင်ဘဲနေနိုင်ပါတော့မလား။
Levi Lee
နဲ့ Android Authority တို့ရဲ့
မေးမြန်းမှုတွေအရ Realme ကို စျေးသက်သာအောင်
ဘယ်လိုမျိုးဖန်တီးထားသလဲဆိုတာကို အချက်အလက်အချို့နဲ့ ဖြေကြားခဲ့တာမို့ စာဖတ်သူတွေ
ဗဟုသုတရအောင် ဝေမျှပေးလိုက်ပါတယ်။
စျေးနှုန်းသက်သာရခြင်းရဲ့
လျှို့ဝှက်ချက်
Realme အတွက် ကုန်ကျစရိတ်သက်သာအောင် အကြီးမားဆုံးပြုလုပ်ပေးထားတာကတော့
မားကတ်တင်းပါ။ brand တိုင်းဟာ
သူတို့ဘာသာကြေညာလေ့ရှိပေမယ့်လည်း Realme ဟာ
လူငယ်တွေကိုဦးတည်ထားပြီး သူတို့အကြိုက် channel တွေကိုအသုံးပြုပြီး
ချိတ်ဆက်ပါတယ်။
ကျွန်တော်တို့ဟာ
community ကို သုံးတယ်။ social media နဲ့ digital tool တွေကိုအသုံးပြုပြီးတော့ သုံးစွဲသူတွေကို ပြောဆိုတယ်။ သူတို့ကို brand
အကြောင်းသိလာအောင် ပြုလုပ်ပေးတယ်။ ဒီနည်းလမ်းနဲ့ မားကတ်တင်းအတွက်
ကုန်ကျစရိတ်သက်သာအောင် လုပ်လိုက်တာပါ။
ဖြန့်ချိရေးအပိုင်းမှာလည်း
ဖုန်းတွေကို အွန်လိုင်းကနေ ပထမဆုံးဖြန့်ချိသလို အများဆုံးဖြန့်ချိတာမို့
ကုန်ကျစရိတ်ကို ထပ်မံသက်သာစေပါတယ်။ ဥရောပကိုလည်း ဒီနည်းလမ်းနဲ့
အသုံးပြုဝင်ရောက်တာပါ။ Madrid
ပွဲမှာပြသထားတဲ့ ဖုန်းအမျိုးအစားသုံးခုကို Realme ရဲ့ official website မှာသော်လည်းကောင်း၊ Amazon
၊ Ebay တို့လို လူသိများတဲ့ online
retailer တွေကသော်လည်းကောင်း ဝယ်ယူနိုင်အောင် စီစဉ်ထားပေးပါတယ်။
စျေးသက်သက်သာသာနဲ့ရနိုင်အောင်
ခိုင်မာကောင်းမွန်တဲ့ supplier
chain တစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း
ဖွင့်ဟပြောဆိုထားပါသေးတယ်။ Realme ဟာ တကယ်တော့ Oppo အောက်မှာမရှိတော့ပါဘူး။ ဒါပေမယ့် parent company —
BBK Electronics ရဲ့အောက်မှာတော့ ရှိနေတုန်းပါပဲ။ အဲဒီကနေ
သိသာထင်ရှားတဲ့ထောက်ပံ့မှုတွေအများကြီးကို လက်ခံရရှိနေပါတယ်။
ဒါပေမယ့်
Realme ကို အောင်မြင်စေတဲ့အချက်က စျေးသက်သာခြင်းကြောင့် မဟုတ်ရပါဘူးလို့ Lee
က ထောက်ပြပါတယ်။
ကျွန်တော်စဉ်းစားတာက
ထုတ်ကုန်အရည်အသွေးကလည်း ကောင်းမွန်တယ်။ ဒုတိယတစ်ခုကတော့ ပါဝင်တဲ့အချက်အလက်တွေကလည်း
ကောင်းတယ်။ တတိယတစ်ခုကတော့ ဒီဇိုင်းလည်းမိုက်တယ်။ ဒါတွေက ကျွန်တော်တို့
ဂရုစိုက်ဖြစ်တဲ့အချက်တွေပါ။ တကယ်လို့များ သုံးစွဲသူတွေဆီကို
စျေးအရမ်းသက်သာတဲ့ကုန်ပစ္စည်းရောင်းပေးမယ့် အရည်အသွေးမကောင်းဘူး၊
အဆင်မပြေဘူးဆိုရင် အဲဒီပစ္စည်းက ရေရှည်ခံမှာမဟုတ်ဘူး။
Realme က လူငယ်လူရွယ်တွေကြားမှာ ခေတ်စားနိုင်ဖို့အတွက် မျက်စိစုံမှိတ်ပြီး ဝင်ရောက်လာတာများလား။
သူတို့ဟာ polycarbonate ကနေ glass အဖြစ်ကို
ခုန်ကူးလိုက်သလို Samsung ခြေရာကိုလည်း ကင်မရာလေးလုံးနဲ့အတူ
လိုက်လှမ်းနေပါတယ်။ Realme 5 Pro ကတော့ €200 အောက်နဲ့ အဲဒီ feature ကို
ပထမဆုံးထည့်သွင်းထားတဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဟန်ရေးပြသက်သက်သာ
ဖြစ်နေမလား။
Lee ရဲ့ ဖြေကြားချက်အရတော့ ဒီဆုံးဖြတ်ချက်တွေဟာ သုံးစွဲသူတွေရဲ့ရွေးချယ်မှုကို
ပေးစွမ်းနိုင်စေဖို့အတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အချို့က wide-angle lens ကြိုက်ပေမယ့်လည်း telephoto lens သုံးပြီးရိုက်ချင်တဲ့သူတွေလည်း
ရှိနေပြန်ပါတယ်။ ဖုန်းတစ်လုံးတည်းမှာ အကုန်ရနိုင်ခြင်းကတော့
သုံးစွဲသူအမြောက်အများကို သိမ်းပိုက်နိုင်စေပါတယ်။ ကင်မရာကို အခြေအနေ၊
အကြောင်းအရာအမျိုးမျိုးကို ရိုက်ကူးမှုအတွက် အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ထားလို့
ရိုက်ကူးတဲ့အချိန်မှာ စိတ်ဝင်စားဖွယ်ပုံရိပ်တွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့
သူကပြောပါတယ်။
Realme ဟာ ဗွီဒီယိုနဲ့ ဓါတ်ပုံအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်အောင်
လုပ်ဆောင်ထားပါတယ်။ X2 Pro ဟာ video stabilization ၊ အရှေ့နဲ့အနောက်ဗွီဒီယိုကင်မရာအတွက် real time bokeh ၊ AI beautification mode တို့ ပါဝင်ပါတယ်။ Realme
X2 Pro သုံးသပ်မှုပြုလုပ်စဉ်မှာလည်း low-light ဓါတ်ပုံအရည်အသွေးဟာ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။
X2 Pro ကို အများနဲ့မတူ ထူးခြားစေတာကတော့ 50W charging ဖြစ်ပါတယ်။
၃၅မိနစ်အတွင်း ၁၀၀%အပြည့်သွင်းနိုင်တယ်ဆိုတော့ အထင်ကြီးမိတာအမှန်ပါပဲ။
Realme
gaming phone တွေ ထုတ်ဖို့ရှိလား
Asus ROG
Phone 2 လိုမျိုး အောင်မြင်တဲ့ဖုန်းတွေထွက်ရှိအပြီး Realme က 90Hz display နဲ့ အအေးခံစနစ်ကို
အသားပေးလုပ်ဆောင်လာတော့ ကျွန်တော်တို့ဒီမေးခွန်းမေးလိုက်တာက အရမ်းအထင်ကြီးလွန်းရာ
မရောက်ပါဘူး။ Realme က ဂိမ်းမင်းဖုန်း စီစဉ်နေပြီလား။
စိတ်မကောင်းစွာနဲ့ အခုလိုပြန်ဖြေထားပါတယ်။ ဒါဟာ
ပုံမှန်သုံးစွဲသူတွေအတွက်မဟုတ်တဲ့အတွက်ကြောင့်
ကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်မယ့်အထဲမှာ မပါသေးပါဘူး။ ဒါပေမယ့် Realme X2
Pro ဟာ ဂိမ်းမင်းအတွက် သီးသန့်ထုတ်လုပ်ထားတာမဟုတ်ပေမယ့်လည်း
ကောင်းမွန်တဲ့ဂိမ်းမင်းခံစားချက်ကို ပေးစွမ်းနိုင်ပါသေးတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Madrid စင်ပေါ်မှာတေော့ X2 Pro ရဲ့ ဂိမ်းမင်းအသားပေး feature
တွေဖြစ်တဲ့ 4×4 MIMO antenna ၊ vapor
cooling တို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Black Shark 2 လိုဖုန်းမျိုးနဲ့ gamepad တွေလုပ်ဆောင်နေတာမျိုးတော့
မရှိသေးပေမယ့်လည်း PUBG Mobile ၊ အခြားဂိမ်းတွေဆော့ဖို့အတွက်ဆိုရင်တော့
X2 Pro ကိုင်ရင်ကို အဆင်ပြေနေပါသေးတယ်။
စာဖတ်သူတွေရော
Realme ဖုန်းတွေအပေါ် သုံးသပ်ချက်လေး ပြောခဲ့ပါဦး။ သုံးရတာ အဆင်ပြေရဲ့လား။
တန်ဖိုးနည်းနည်းနဲ့ အချက်အလက်ကောင်းကောင်းတွေထည့်သွင်းထားတဲ့ Realme က သုံးစွဲသူတွေကို စိတ်ကျေနပ်မှုပေးနိုင်ရဲ့လား။
Ref :
Android Authority
إرسال تعليق